မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ပျူစောထီးခေါင်းဆောင်နဲ့ စစ်အုပ်စုတွေဆီပို့ဆောင်မယ့် ဘိလပ်မြေအိတ်နဲ့ စားဆီပုံးတွေ တင်ဆောင်လာတဲ့ ကား၂ စီးကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။

ဇွန်လ ၂၃ ရက် ညနေပိုင်းက ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ဘိလပ်မြေအိတ်တွေ တင်ဆောင်လာတဲ့  ကား၁စီးကို Southern YSO PDF တပ်ဖွဲ့ဝင်တွေက လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘိလပ်မြေ​အိတ်တွေကို ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာနေ ပျူစောထီးခေါင်းဆောင် လင်းထင် ဆိုသူက ပိုင်ဆိုင်တာဖြစ်ပြီး ဘုရားစေတီပြုပြင်ဖို့အကြောင်းပြကာ တပည့်ဖြစ်သူ နေအိမ်ဆောက်ဖို့အတွက် သယ်ယူတာဖြစ်တယ်လို့ ကိုအောင်မောင်းက​ ပြောပါတယ်။

“ဘိလပ်မြေတွေကို မျှောစာထဲ ဘုရားစေတီပြင်ဖို့အတွက်လို့ ရေးထားပေမယ့် အမှန်က လင်းထင် သူ့ တပည့် တင်မိုးအတွက် သယ်ပေးတာပါ။ တင်မိုးက လင်းထင်ရဲ့ အိမ်နားမှာ အိမ်ဝိုင်းဝယ်ပြီး တိုက်ဆောက်နေတာ အဲ့ဒါ စရိတ်ခံပြီး သယ်ပေးတာပေါ့။ လင်းထင်ရဲ့ ပိုင်ဆိုင်မှုက သိန်းသောင်းမကရှိပါတယ်။ တင်မိုးဆိုတာ အရင်ဂွေးချို ပျူစောထီးရွာကပါ။ ညီရော ဖအေရော တိုက်ပွဲမှာသေပြီးတည်းက ဆင်ချောင်းကိုပြောင်းလာပြီး လင်းထင်ရဲ့ လက်ရုံးတပည့်လာလုပ်နေတာ” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။

အခုလိုမျိုး ဘိလပ်မြေကား သိမ်းဆည်းခံရမှုအပေါ် ပျူစောထီးခေါင်းဆောင်လင်းထင်က သူ့ဆီ သတင်းမရောက်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာသစ်ရွာနေ  ကားသမား ၁ ယောက်ကို ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့တစ်ဆက်တည်းမှာပဲ ရေစကြိုမြို့ ရုံးပေါင်းစုံအုပ်ချုပ်ရေးရုံးက စစ်အုပ်စုတွေအတွက် ပို့ဆောင်ပေးတဲ့ (၁၀ပိဿာဝင်ဆန့်) စားဆီပုံး ၁၀၀ပါ ကား ၁ စီးကို Southern YSO PDF က  ထပ်မံဖမ်းဆီးရမိခဲ့ပါသေးတယ်။

ကိုအောင်မောင်းက “ကျနော်တို့က ဆီပုံးတင် ကားသမားကို ပြန်လွှတ်လိုက်တော့ ရေစကြို ၂၅၈ တပ်ကနေ အဲ့ကားသမားကို PDF ထောက်ပို့လို့ စွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းပါတယ်။ အဲ့ဒါကို ဆင်ချောင်း ပျူခေါင်းဆောင် ငလင်း က ကားသမားကိုအာမခံပေးတယ်ပေါ့” လို့ မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ကလည်း အလားတူ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ရေစကြိုရုံးပေါင်းစုံဆီ  ပို့ဆောင်တဲ့ ဆီပုံးတင် ကား၁စီးကို Southern YSO PDF တပ်ဖွဲ့က လက်ရဖမ်းဆီးနိုင်ခဲ့ပါသေးတယ်။

Southern YSO PDF သိမ်းဆည်းရမိသည့် စားဆီပုံးများနှင့် ဘိလပ်မြေအိတ်များ (ဓာတ်ပုံ Southern YSO PDF)

0 Shares:
You May Also Like
Read More

“သက်ရှိစည်းရိုး” ဟု ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့သည့် စစ်ကောင်စီ၏ ဥကရစ်ထစခန်း တိုက်ခိုက်သိမ်းပိုက်မှု KNU တရားဝင်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ “သက်ရှိစည်းရိုး” ဝါဒဖြန့်ရုပ်ရှင်ရိုက်ခဲ့ရာ မြဝတီမြို့အနီးရှိ ဥကရစ်ထစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကြောင်း NUG တရားဝင်ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီလ (၇) ရက် မနေ့က ညပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထောဝ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNU ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

KNU ထိန်းချုပ်ထားတဲ့ မူးမြို့နယ်ထဲကို စစ်ကောင်စီတပ်သားတစ်ယောက် လက်နက်ယူဆောင်ကာ KNU ထံ အလင်းဝင်လာတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုလက်ထက် ထိန်းမနိုင်အောင် တက်လာသည့် ကုန်ဈေးနှုန်းများ ထိုက်သင့်သည့် ဈေးနှုန်းအတိုင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေဟု မင်းအောင်လှိုင် ပြော

အကြမ်းဖက်မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်း အဆမတန် ကြီးမြှင့်လာမှုနဲ့အတူ ပြည်သူလူထုက အထွေထွေအကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကုန်ဈေးနှုန်းတွေ ထိုက်သင့်တဲ့ ဈေးနှုန်းအတိုင်း ဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ အကြမ်းဖက်မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
Read More

အမှတ် ၁၀၀၉ တပ်ရင်းဖွဲ့စည်းတည်ထောင်ခြင်း ( ၂ ) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

စက်တင်ဘာလ (၁၁) ရက်နေ့တွင် အမှတ် ၁၀၀၉ တပ်ရင်း ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့တဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - IPDF (အမှတ် ၁၀၀၉ တပ်ရင်း) ဟာ ရာသီဥတုဆိုးရွားမှုကြောင့် (၂) နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တပ်ရင်းတပ်ဖွဲ့ တွေနဲ့အတူ စက်တင်ဘာလ (၂၅)ရက်မှာ အကျဉ်းချုံး ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။