ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

ရံပုံငွေ စျေးရောင်းပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းနဲ့အတူ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ၊ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးမောင်မောင်အောင်နဲ့ ဒေါက်တာသက်ကိုကိုတို့အပြင် ဗြိတိန် ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးဟောင်း Mr Paul Scully လည်းတက်ရောက်ပြီး မွေးနေ့ဆုတောင်းစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ ဗြိတိန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံး စုပေါင်းပါဝင်ခဲ့ပြီး ရိုးရာ အဆို အကတွေနဲ့ အမေ့မေတ္တာဖွဲ့ သီချင်းတွေ တင်ဆက်ဂုဏ်ပြုခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူနဲ့ထပ်တူ စွန့်လွှတ်အနစ်နာခံ ရပ်တည်ခဲ့မှုတွေကို ဖော်ကျူးတင်ပြတဲ့ “အမေနဲ့အတူ” ပြဇာတ်ကိုလည်း တင်ဆက် ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရ​တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

ရံပုံငွေစျေးရောင်းပွဲမှ ရရှိတဲ့ ရံပုံငွေတွေကိုလည်း မြန်မာပြည်ရှိ လိုအပ်တဲ့နေရာတွေကို ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးတို့အတွက် နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးဖို့ ပေးစာတစ်စောင်ကိုလည်း ဗြိတိန် ဘုရင်မင်းမြတ်နဲ့ ဝန်ကြီးချုပ်တို့ဆီကို ဗြိတိန်ရောက် မြန်မာအဖွဲ့အစည်း ၈ ခုတို့ စုပေါင်းလက်မှတ်ရေးထိုးပေးပို့ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် အိန္ဒိယကုမ္ပဏီထံမှ ရင်းနှီးမြှုပ်နှံငွေများအား ဆွီဒင်ပင်စင် ရန်ပုံငွေအဖွဲ့ ပြန်လည်ထုတ်ယူမှုအပေါ် JFM ကြိုဆို

စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

တရားရုံး ရက်ချိန်းမတိုင်မီ သက်ဆင် ထိုင်းပြန်ရောက်လာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာဟာ ၎င်းရဲ့ အငြင်းပွားဖွယ် ဆေးရုံတက်မှုအတွက် တရားရုံးဆုံးဖြတ်ချက်ချမယ့် ရက်ချိန်းမတိုင်မတိုင်မီ စက်တင်ဘာလ ၈ ရက် မွန်းလွဲပိုင်းမှာ စင်္ကာပူကနေ ဘန်ကောက်ကို ပြန်ရောက်လာပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို ကုလ စိုးရိမ်ပြန်

ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ မြန်မာနိုင်ငံမှာ အကြောင်းမဲ့ သေဆုံးနေရခြင်းအပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ပါတယ်။
Read More

ဒေါ်နယ်ထရမ့် ဂျပန်ရောက်ချိန် မြန်မာ့အရေး ကူညီပေးရန် ဂျပန်ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဂျပန်နိုင်ငံကို ရောက်ရှိလာချိန်ကာလမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ထိရောက်စွာ ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒတဲ့ လှုပ်ရှားမှုကို ဂျပန်ရောက်မြန်မာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှတ်တမ်းတွေကို ကုလထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့

အာဏာသိမ်းစစ်တပ်က နိုင်ငံတစ်ဝန်း ကျူးလွန်ခဲ့တဲ့  အကြမ်းဖက်မှုမှတ်တမ်းတွေကို  ကုလအတွင်းရေးမှူးချုပ်နဲ့ ကုလကိုယ်စားလှယ်တွေထံ  ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပေးပို့လိုက်ပြီဖြစ်ပါတယ်။
Read More

ဘန်ကောက်မှာ သုံးပြီးသား Vape များ ပြန်ရောင်းသည့်လုပ်ငန်းမှ မြန်မာ ၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။