စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

96 Soldiers – PDF အညာဒေသတပ်ဖွဲ့က ရဲဘော်ငယ်ထွေး(ခ)ယောက်လုံးဟာ ဇွန်လ ၁၉ ရက်က ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲရဲ့ ဖြတ်တောက်ရေးမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော် ငယ်ထွေး (ခ) ယောက်လုံးဟာ နွေဦးတော်လှန်ရေးကာလအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ခွဲမှာ ပါဝင်ပြီး စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ရင်း စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းခုလပ်မှာ ကျဆုံးခဲ့တယ်လို့ မိခင်တပ်ရင်းက ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် ငယ်ထွေး(ခ) ယောက်လုံးအတွက် 96 Soldiers – PDF တပ်ဖွဲ့က ကြေကွဲဝမ်းနည်းစွာ ယူကျုံးမရဖြစ်ရသလို သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုအတွက်လည်း ဂုဏ်ယူမိကြောင်း ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

သီပေါရောက် စစ်ရှောင်များကို တအာင်းအမျိုးသမီးအဖွဲ့အစည်း စားနပ်ရိက္ခာ ကူညီထောက်ပံ့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်က လိုအပ်တဲ့ စားနပ်ရိက္ခာတွေ သွားရောက် ကူညီထောက်ပံ့ပေးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

မကွေးတိုင်းတွင် ၂၀၂၅ ခုနှစ် ၄ လတာအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ဦး သေဆုံးခဲ့

မကွေးတိုင်းအတွင်း ဇန်နဝါရီလ အစကနေ ဒီနေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၁၀၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်အောင် ဆောင်ရွက်ပေးရန် ကုလ၊ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရများကို TNLA မေတ္တာရပ်ခံ

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းအသုံးပြုပြီး ပြည်သူတွေရှိရာကို ဗုံးကြဲတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့်အောင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ တရုတ်အပါအဝင် နိုင်ငံတကာအစိုးရတွေကို မေတ္တာရပ်ခံကြောင်း TNLA က ပြောဆိုထားပါတယ်။
Read More

တော်လှန်ရေးခံယူချက် မခိုင်မာ၊ စည်းကမ်းမလိုက်နာရင် တောထဲ မလာပါနဲ့ ဆိုတဲ့  Giant Dragon Column

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ (၂)၊ ပဲခူးခရိုင် အမှတ် (၁) တပ်ရင်း Giant Dragon Column က တပ်သားသစ်တွေ ခေါ်ယူနေပါတယ်။
Read More

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူစုလူ​ဝေးမလုပ်ဖို့ မင်းတပ် ပအဖ သတိ​ပေး

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ ချင်းပြည််နယ်၊ မင်းတပ်မြို့မှာ​ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ ထုတ်ပြန်ထားတယ်လို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က မောင်းကို ပြောပါတယ်။