ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကာကုန်း၊ ဘိုးကုန်း စတဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာနေပြည်သူတွေဆီက စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအတွက်ဆိုပြီး ငွေကြေးကောက်ခံမှုတွေလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

အိမ်ထောင်စုအလိုက် လူအရေအတွက်နဲ့ ကောက်ခံနေကြတာဖြစ်ပြီး အိမ်ထောင်စုတစ်စုမှာ လူတစ်ယောက်ကို ၃၉၀၀၀ ကျပ် အတင်းအဓမ္မကောက်ခံနေကြောင်း သိရပါတယ်။

“အခုကောက်ခံနေတာက မြင်းကာကုန်း အုပ်ချုပ်ရေးမှူး မျိုးဦးရယ်၊ လင်းတိုင်းကျေးရွာက ဦးသောင်းရင်ရယ်၊ နောက် ဘိုးကုန်းကျေးရွာက ကျော်နိုင်၊ ကန်စုအနောက်ကျေးရွာက ဘိုဇော်တို့က အိမ်ထောင်စုအလိုက် လူတစ်ယောက်ကို ၃၉၀၀၀ ကျပ်နှုန်း ကောက်ခံနေတယ်”လို့ မြင်းကာကုန်း ကျေးရွာနေထိုင်သူတစ်ယောက်က မောင်းကိုပြောပါတယ်။

“အိမ်ထောင်စုတစ်စုမှာ ယောက်ျားလေး ၃ယောက်ရှိတဲ့အိမ်ဆိုရင် ၃ယောက်စာ ၁၁၇၀၀၀ ကျပ်နှုန်း ကောက်ခံနေပြီး မထည့်လို့မရဘူး” လို့ သူက ဆက်ပြောပါတယ်။

ဘိုးကုန်းကျေးရွာ ဒေသခံတစ်ယောက်ကလည်း “အုပ်ချုပ်ရေးမှူးတွေက အခုဆိုအလုပ်မလုပ်တော့ဘူး။ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ရပ်ရွာတွေမှာ ငွေကြေးခွဲတမ်းတောင်းယူလိုက်၊ အခုရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ပြီး စစ်သင်တန်းမတက်ရောက်ချင်သူတွေကို တက်ရောက်ရမယ့်သူတွေအတွက်ဆိုပြီး ငွေကြေးခွဲတမ်းတောင်းယူလိုက်နဲ့ လုပ်စားနေကြတာ” လို့ ပြောပါတယ်။

အင်အားချိနဲ့နေတဲ့ စစ်ကောင်စီကနေ အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ စစ်မှုထမ်းဥပဒေနဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ဖွဲ့စည်းပြီး စစ်သင်တန်းတက်ရောက်ခိုင်းမှုတွေဟာ အုပ်ချုပ်ရေးမှူးတွေအတွက် စားပေါက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

0 Shares:
You May Also Like
Read More

စဥ့်ကူးတွင် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကသာမြို့နယ် ညောင်ခြေထောက်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး ၁၀ နှစ် ကလေးငယ်အပါ ၅ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့နယ်က အကြမ်းဖက်စစ်တပ် တပ်ရင်းအားလုံးနီးပါးကို AAသိမ်းပိုက်ထားပြီး နပခ ကိုထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန် တပ်တွေအပြင် လက်ရုံးတပ်တွေကိုပါ ရခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနောက်ပိုင်းတိုင်စစ်ဌာနချုပ် (နပခ) ကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကလလတ တပ်ရင်းအမှတ် ၉၄၂၅ မှ တပ်ခွဲမှူး တော်လှန်ရေးရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ရင်းအမှတ် ၉၄၂၅ (KPLA B/9425) တပ်ခွဲ (၃) တပ်ခွဲမှူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

နောင်ချိုမှ ကျောက်မဲသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် SSPP/SSA မှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကင်မ်အဲရစ် တီးခတ်ခဲ့သည့် ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဖြင့် လေလံအောင်၊ ရန်ပုံငွေပွဲမှ အမေရိကန်ဒေါ်လာ ၄ သောင်းကျော်အထိ ရရှိခဲ့

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်မှာ မတ် ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း နဲ့  မြန်မာလူထုတွေ့ဆုံပွဲမှာ ကင်မ်အဲရစ် တီးခတ်ခဲ့တဲ့ ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ ဒေါ်လာနဲ့ အမြင့်ဆုံး ဈေးပေးပြီး လေလံ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။