မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကော့ကရိတ် အစပ်မှာရှိတဲ့ ပန်ရပ်ကျေးရွာမှာ ကလေးတွေစာသင်နေတဲ့ နေအိမ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၇နှစ်အရွယ် ကလေး ၂ ယောက် အပါအဝင် ၅ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ထံက သိရပါတယ်။ 

ဒီနေ့ ဇွန်လ ၉ ရက် နေ့လယ် ၂နာရီဝန်းကျင်အချိန်မှာ အဆိုပါ နေအိမ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးတစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

“ကလက်စတာ ဗုံးနဲ့ အဲ့နေရာလေးကိုကြဲတာ။ အစက ၄ ယောက်သေတယ်။ စာသင်ပေးတဲ့ ဆရာမလေးက ဆေးရုံသွားတဲ့လမ်းမှာ ဆုံးသွားတာ။ ပြီးတော့ စာသင်ကျောင်းဆိုတာထက်ကို စုပြီးစာသင်နေကြတဲ့ အိမ်ပါ။ အနီးနားက အိမ်တွေလည်း တော်တော်ပျက်စီးသွားပါတယ်” လို့ MLA တာဝန်ရှိသူတစ်ယောက်က ပြောပြပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကြောင့် စုပုံ (၇နှစ်)၊ ဝေယံအောင် (၇နှစ်)၊ လရိပ်ချို (၈နှစ်)၊ ဦးကုလား (၆၆နှစ်) နဲ့ ဆရာမ မိုးသူဇာ (၂၄နှစ်) တို့ သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ ‌မိဇင် အသက် (၄၀)နှစ် (ဗိုက်ထိ အရေးပေါ်)၊ လော်ချမ်း အသက် (၇)နှစ် (လက်ဖျံထိ)၊ မိုးစန္ဒာထွန်း အသက် (၆) နှစ် (ပေါင်ထိ)၊ ထွန်းရတနာ အသက် (၇)နှစ် (ခြေထောက်ထိ)၊ အောင်ကျော်သူ အသက်(၄)နှစ် (ခေါင်းထိ)၊  သွန်းသွန်းအိမ်စည်လင်း အသက်(၉)နှစ် (ဗိုက်ထိ)၊ စောစံမြင့်‌အောင် အသက်(၇)နှစ် (မျက်ခွံထိ) တို့ဖြစ်တယ်လို့ သိရပါတယ်။ 

“ဒါက လောလောဆယ် ကောက်ယူထားတဲ့ စာရင်းတွေပါ။ ထိခိုက်စာရင်းက အတိအကျ မရှိသေးပါဘူး။ တိုးနေဆဲပါပဲ” လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန် PDF တပ်ရင်း ၅၁၀၂ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၂၇ နှစ်အရွယ် ရဲဘော် ပူတင်း ကျဆုံး 

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တပ်ရင်း ၅၁၀၂ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဘော်ပူတင်းဟာ စက်တင်ဘာ ၃ ရက်မှာ ကျဆုံးခဲ့တယ်လို့ ရန်ကုန်တပ်ရင်း ၅၁၀၂ က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ကုတ်မှာ AA ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မိုင်းအန္တရာယ်ကင်းစင်ရေး လုပ်ငန်းများ လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှာ မိုင်းအန္တရာယ် ကင်းစင်ရေးလုပ်ငန်းတွေကို ရက္ခိုင့်တပ်တော် AA ဦးဆောင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းဌာန Arakan Princess Media က သတင်းဖော်ပြထားပါတယ်။
Read More

သန်လျင်တံတားအဆင်း ဆက်ကြေးကောက် ငွေညှစ်နေသည့် စစ်အုပ်စုများ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားအဆင်း ဆက်ကြေးကောက်ငွေညစ်နေတဲ့ စစ်အုပ်စုတွေရှိရာကို မေလ ၂၁ရက် ဒီနေ့မနက်ပိုင်းမှာ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။ သန်လျင်တံတားအဆင်း၊ မြို့ဟောင်းအနောက်ရပ်ကွက်၊ လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာရှိတဲ့ မောတော်ပီကယ်တွေနဲ့ လုံခြုံရေးယူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ "သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ စစ်ခွေးလော်ဘီတွေဘက်က အသံမိုင်းဖောက်ခွဲတာ ထိခိုက်မှုမရှိဘူးဆိုပြီး သတင်းတုထုတ်နေတာရော ဖောက်ခွဲပြီးချိန်ကနေ အခုချိန်ထိ အဲ့နေရာမှာ ပိုက်စိပ်တိုက် စစ်ဆေးနေပုံထောက်ရင် သေချာသလောက် ထိခိုက်နိုင်ချေများပါတယ်ဗျ မြေပြင် အခြေအနေကိုတော့ ကျနော်တို့ စုံစမ်းဆဲပါပဲ။" လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။ လက်ရှိမှာတော့ ဖောက်ခွဲရေး လုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေအားလုံး လုံခြုံ​ဘေးကင်းရာကို ရောက်ရှိနေပြီလို့ Operation Flame (OF) က ထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးတော့လည်း ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေအားလုံးနဲ့ လက်တွဲရင်း အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ Operation Flame (OF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
Read More

အရပ်သား ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီ တာဝန်ယူရမည်ဟု PDF TRI ဗျူဟာမှူး သတိပေး…

တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး တာဝန်ယူစေရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားလိုက်ပါတယ်။
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။