ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘောဘိုးစခန်းမကျစေရေး စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေပေးနေပြီး အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ သေ့ဘောဘိုးစခန်းမကျစေရေး ဝေါလေဗျူဟာကနေ ၁၂၀ မမ လက်နက်ကြီးတွေ ပစ်ကူပေးနေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ကာ အပြင်းအထန်ခုခံနေတယ်လို့ သိရပါတယ်။

ဇွန်လ ၂ ရက် မနေ့ကစတင်ပြီး KNLA ပူးပေါင်းတပ်တွေဟာ သေ့ဘောဘိုးစခန်းကို ပိတ်ဆို့တိုက် ခိုက်နေပြီး လက်ရှိတိုက်ပွဲ ပြင်းထန်နေပါတယ်။ 

တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်ဘက်က စစ်ဘေးရှောင် ၅၀၇ ယောက် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာပြီး နေရာ ၃ ခုခွဲကာ လက်ခံထားတယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သေ့‌ဘောဘိုးစခန်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ဥကရစ်ထ၊ ဝေါ်လေဗျူ ဟာကုန်း၊ တီသဲလယ်စခန်း၊ ထီးကပလယ်စခန်း ၄ ခုသာ ကျန်ရှိတော့မှာဖြစ်ပါတယ်။

Video – Thoolei Poe

0 Shares:
You May Also Like
Read More

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်မှု (ရုပ်/သံ)

ပဲခူးတိုင်းအခြေစိုက် စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်မှာ ရှော့တိုက်ဒုံး ၅လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ တရားခွင် ရုပ်သံဖိုင် ထွက်ပေါ်လာ (ရုပ်/သံ)

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ CCTV ရုပ်သံဖိုင်ကို ဂါဒီယန်းသတင်းမှာ ဖော်ပြလာပါတယ်။
Read More

အာဏာရှင်အတွက် အသေခံမလား (သို့) အာဏာရှင်ကို အတူဖြုတ်ချကြမလား (ရုပ်/သံ)

စစ်ကောင်စီဟာ အရင်က ကျေးလက်နေ လူငယ်ထု ၊ နယ်မြို့တွေမှာရှိတဲ့ လူငယ်ထုကို ပစ်မှတ်ထား စုဆောင်းနေရာကနေ အခုဆို မန္တလေးလို မြို့ကြီးပေါ်က လူငယ်တွေကိုပါ စစ်မှုထမ်းဖို့ ပေါ်ပေါ်ထင်ထင် ကြေငြာမောင်းခတ်လာပြီ ဖြစ်ပါတယ်။
Read More

ညောင်လေးပင်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းနဲ့ ရဲကင်းစခန်းတွေကို ရှင်းလင်းခဲ့တဲ့ မှတ်တမ်းရုပ်သံ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ထိန်တပင်ကျေးရွာနဲ့ ကလိမ်ခင်ကျေးရွာကြားရှိ အကြမ်းဖက်စစ် တပ်စခန်းနဲ့ မီးရထားလမ်းပေါ်ရှိ ရဲကင်းစခန်းတွေကို ရှင်းလင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

မြောင်မြို့မရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း ပြည်သူများထံ ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်နဲ့ တပ်သား ၃ ယောက်သေပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းမှ သတင်းထုတ်ပြန် ထားပါတယ်။