ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ညိုတပ်ရင်းရဲ့ တပ်ထောက်အရာရှိ ကိုသက်ကြီးရဲ့ မိသားစုလိုက် တာဝန်ထမ်းဆောင်ဖြစ်ပုံကို ‌‌တောင်ညိုတပ်ရင်းက ‌ဖော်ပြခဲ့ပါတယ်။

၂၀၂၁ မတ်လ ၂၂ ရက်မှာ တော်လှန်ရေးစတင်လုပ်ဆောင်ခဲ့ကြပြီး တပ်မဟာ (၆) နယ်မြေအတွင်း ပြုလုပ်ခဲ့တဲ့ PDF အပတ်စဉ် (၁)ရဲ့ စစ်သင်တန်းမှာ ရဲဘော် ၉၉ ယောက် အတူတူ စစ်ပညာသင်ခဲ့ကြတယ်လို့ သိရပါတယ်။

ကိုသက်ကြီးဟာ လက်ရှိမှာ အသက် (၄၈)နှစ်ရှိပြီဖြစ်ပြီး  ဇနီးဖြစ်သူနဲ့အတူ သား ၁ ယောက်၊ သမီး ၁ ယောက်ရှိကာ သားဖြစ်သူဟာ တော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးသွားပြီဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲများစွာမှာလည်း ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ကိုသက်ကြီးရဲ့ တော်လှန်ရေးအတွေ့အကြုံနဲ့ တော်လှန်ရေးလိုအပ်ချက်တွေအပေါ် သူ့ရဲ့အမြင်ကို ပြောပြထားပါတယ်။ 

Video – တောင်ညို တပ်ရင်း – P29906

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခလရ(၃) ကိုယ်ပိုင်အမှတ်- တတ/၁၃၂၁၇၁ တပ်သား- စိုးလင်းအောင် ၏ ပြောကြားချက်၊ ရိက္ခာလာပို့ရင် အကြီးအကဲတွေ စား၊ အန္တရာယ်တစ်ခုခုဆိုရင် တပ်သားတွေကို ထိုးကျွေး (ရုပ်/သံ)

''ထမင်းတွေ မစားရမသောက်ရ ငတ်ပြတ်ပြီးတော့ ရောဂါဖြစ်တာကို ဆေးကုသမှုမပေးတာ၊ စားဖို့ သောက်ဖို့ ရိက္ခာတွေလည်း လာမပို့ပေးတာကြောင့် အလင်းဝင်တာပါ။ ဖိနှိပ်မှုက မတရားများတယ်ခင်ဗျာ။ ရိက္ခာလာပို့ပြီဆိုရင် ရဲ‌ဘော်တွေကို ကျွေးတာမရှိဘူး။ သူတို့ အကြီးအကဲတွေပဲ အများဆုံးစားတယ်။ တစ်ခုခုဖြစ်ရင် ရဲဘော်တွေကိုပဲ ထိုးကျွေးကြတယ်။ ရဲဘော်တွေ တော်တော်များများက အကြီးအကဲတွေကို စိတ်နာနေကြတယ်''
Read More

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ပစ/တပ်သား အောင်သက်ထွန်း၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်

''ကျနော် ၁/၂၀၂၄ က သင်တန်းဆင်းပါတယ်။ သင်တန်းမှာ သင်တန်းသားဦးရေ ၆၉၉ ယောက် ရှိပါတယ်။ ကျနော်တို့လည်းပဲ သူတို့လည်း ပေါ်တာဆွဲခံရတာများပါတယ်။ ထွက်ပြေးတဲ့သူလည်း များပါတယ်။ ပြန်ဖမ်းမိရင် ရုံးထဲမှာ ထိပ်တုံးခတ်ထားပြီး ရိုက်နှက်ပါတယ်။ လက်ကျိုးခြေကျိုးဖြစ်တာတွေလည်း တွေ့ခဲ့ရပါတယ်''
Read More

ဓမ္မကို လိုချင်လို့ လက်နက်စွဲကိုင်နေတဲ့ အမျိုးသမီး သို့မဟုတ် ရဲဘော် မိုင်းမိုင်း (ရုပ်/သံ)

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။ နောက်တန်းကနေ အားဖြည့်ပေးသူတွေရှိသလို ရှေ့တန်းအထိ တက်တိုက်နေတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။
Read More

People’s Healthcare Network (Kalay) တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာနှင့် အတွင်းလူနာ စုစုပေါင်း ၂၈၇ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ People's Healthcare Network (Kalay) ရဲ့ တိုက်နယ်ဆေးရုံမှာ ပြင်ပလူနာနဲ့ အတွင်းလူနာ စုစုပေါင်း ၂၈၇ ယောက်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ People's Healthcare Network (Kalay) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခလရ(၉၄)ကိုယ်ပိုင်အမှတ်- တ/၄၀၉၂၁၈ တပ်ကြပ်ကြီး အောင်ကိုဝင်း၏ ပြောကြားချက် (ရုပ်/သံ)

''အလင်းလာဝင်ရတဲ့ ကိစ္စကတော့ ဒီကောင်တွေရဲ့ ဖိနှိပ်မှုအောက်မှာ မခံနိုင်တော့လို့ လက်နက်တွေ ယူပြီး အလင်းလာဝင်တာပါ။ ကျနော်နဲ့အတူ ရဲဘော် ၃ ယောက်ပါပါတယ်။ ဒီကောင်တွေ အာဏာရူး ရူးနေပြီးတော့ ဖိနှိပ်ထားတဲ့ဒဏ်ကို.. ဒီကောင်တွေကို ပြန်တိုက်တော့မယ်လို့ စိတ်ကူးထားတယ်''
Read More

အာရက္ခတပ်တော် (AA)က ထုတ်ပြန်တဲ့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)

“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့ အသက်တွေ ဘဝတွေကို ငဲ့ညာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကို လက်ခံပေးပါ။ ပြည်သူလူထုကို အကြမ်းဖက်တာတွေ ဗုံးကြဲတာတွေ ရပ်တန့်ပေးပါ။ ဆက် လုပ်ဆောင်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကြည်းမှုတွေကိုပဲ ရရှိ ခံစားရလိမ့်မယ်ဆိုတာကို သိစေချင်ပါတယ်''