အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် မြန်မာ့ရေနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ မြန်မာအခြေစိုက် ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ကုမ္ပဏီ(GPM) တို့ဟာ မုတ္တမပင်လယ်ကွေ့မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအတွက် မေလ ၂၉ ရက်က ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (PSC) ကို လက်မှတ်ထိုးခဲ့ကြပါတယ်။

မင်းရဲသူအမည်နဲ့ အဆိုပါ စီမံကိန်းကို မုတ္တမကမ်းလွန် ပင်လယ်ကွေ့မှာရှိတဲ့ လုပ်ကွက်အမှတ် M-10 မှာ လုပ်ကိုင်မှာဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပထမဆုံးအကြိမ် လုပ်ကွက်ချထားပေးတဲ့ ကမ်းလွန် ထုတ်လုပ်မှုခွဲဝေရေး စာချုပ်ဖြစ်ပါတယ်။

အဆိုပါ ကမ်းလွန်ဒေသ လုပ်ကွက်အမှတ် M-10 ကနေ‌ ၃ နှစ်အတွင်း (၂၀၂၈ အတွင်း) ဓာတ်ငွေ့စထုတ်နိုင်ဖို့ နိုင်ငံခြားဝင်ငွေ အငမ်းမရ လိုအပ်နေတဲ့ စစ်ကောင်စီနဲ့ ထိုင်းကုမ္ပဏီတို့က မျှော်လင့်ထားတာပါ။

လုပ်ကွက်အမှတ် M-10 ဟာ GPM က လုပ်ကိုင်ခွင့်ရထားတဲ့ ရဲတံခွန်စီမံကိန်းနဲ့ မြောက်ဘက်မှာ တည်ရှိတာပါ။ အဲဒီလုပ်ကွက်ကို ၁၉၉၅ ခုနှစ်က အမေရိကန်ကုမ္ပဏီကြီးဖြစ်တဲ့ Texaco က လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၆ နှစ်အကြာမှာတော့ Chevron က Texaco ကို ဝယ်ယူလိုက်ပါတယ်။

“စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်များဖြည့်ဆည်းနိုင်ရန်နှင့် နိုင်ငံ့ ဘဏ္ဍာငွေတိုးတက်ရှာဖွေပေးနိုင်ရန်အတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်မှု များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် သန့်ရှင်းသည့် စွမ်းအင်ဖြစ်သည့် သဘာဝဓာတ်ငွေ့အပေါ်တွင် မှီခိုအားထားနေရဆဲဖြစ်ရာ သဘာဝဓာတ်ငွေ့ လိုအပ်ချက်သည် သိသာစွာမြင့်တက်လာပါကြောင်း” စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး ကိုကိုလွင်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်ရှိ ရဲတံခွန် စီမံကိန်း (ဓာတ်ပုံ SMOE)

လက်ရှိထုတ်လုပ်လျက်ရှိတဲ့ မြန်မာ့ကမ်းလွန်စီမံကိန်းကြီးတွေဟာ သဘာဝအလျောက် ထုတ်လုပ်မှုများကျဆင်းလာနေပြီး စီမံကိန်း ပြီးဆုံးမည့်ကာလများလည်း နီးကပ်လာတာကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းတွေအတွက် စိတ်ပူပန်နေရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

Chevron၊ Eneos၊ Woodside Energy နဲ့ TotalEnergies တို့လို အခြားသော ရေနံကုမ္ပဏီကြီးတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံကနေ အသီးသီး ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိ မြန်မာ့ကမ်းလွန်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့စီမံကိန်း (၄) ခုရှိပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲပြီး ထိုင်းကုမ္ပဏီ PTTEP က ရတနာနဲ့ ဇောတိကစီမံကိန်း၊ တောင်ကိုးရီးယားရဲ့ Posco International က “ရွှေ” စီမံကိန်း၊ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ မလေးရှားကုမ္ပဏီ Petrona ကုမ္ပဏီထွက်ခွာပြီးနောက် GPM က ရဲတံခွန်စီမံကိန်း တို့ကို အသီးသီး လုပ်ကိုင်နေကြတာပါ။

GPM ဟာ ထိုင်း Northern Gulf Petroleum ရဲ့ ကုမ္ပဏီခွဲတစ်ခုပဲ ဖြစ်ပါတယ်။ နဝတ စစ်အစိုးရလက်ထက် တည်ထောင်ခဲ့တဲ့ မြန်မာ SMART Group of companies နဲ့ လက်တွဲလုပ်ကိုင်နေပြီး GPM ရဲ့ ဦးဆောင်သူတွေထဲမှာ SMART Group ရဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်လည်း ပါဝင်တယ်လို့ သိရပါတယ်။

မူရင်းသတင်း – Myanmar junta awards first offshore PSC since 2021 coup

 

 

0 Shares:
You May Also Like
Read More

တိုက်ပွဲနှင့် နီးကပ်လာသည့် ကျောက်ဖြူစီမံကိန်းမှ စစ်ကောင်စီ နှစ်စဉ် အကျိုးအမြတ်များစွာ ရရှိနေ

တိုက်ပွဲတွေနဲ့ နီးကပ်လာနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူစီမံကိန်းကနေ အာဏာသိမ်း စစ်ကောင်စီဟာ နှစ်စဉ် အကျိုးအမြတ်များစွာ ရရှိနေဆဲ ဖြစ်တယ်လို့ ရခိုင် ရေနံစောင့်ကြည့်ရေးအဖွဲ့ (Arakan Oil Watch) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီနှင့် ရုရှား လက်မှတ်ထိုး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်နိုင်ငံကို Justice For Myanmar တောင်းဆို

စစ်ကောင်စီအတွက် ဝင်ငွေတွေ ရရှိနေတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဥရောပသမဂ္ဂ (အီးယူ) က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ပြီးနောက် သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်အထိ ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်နေတယ်လို့  Justice For Myanmar က ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ပျက်စီးနေ ဟု TCRW ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်နေမှုနဲ့ ပတ်သက်ပြီး ၃လတာ စောင့်ကြည့်ထားတဲ့ အစီရင်ခံစာကို Tanintharyi Coalition Resource Watch (TCRW) က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွါးရေး ဖွံ့ဖြိုးတော့မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ပြော၊ ငွေကြေးဖောင်းပွမှု ဖြေရှင်းဖို့ MMQR စနစ်ကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် စတင်မိတ်ဆက်

(MMQR) ဒစ်ဂျစ်တယ်ငွေပေးချေမှု ချိတ်ဆက်စနစ် က နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွါးရေးအဆောက်အအုံဖွံ့ဖြိုးလာဖို့ လမ်းစဖြစ်တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စားသောက်ကုန်တချို့ စားသုံးဖို့မသင့်လျော်ကြောင်း အမေရိကန် ထုတ်ပြန်

မြန်မာနိုင်ငံကနေ တင်သွင်းလာတဲ့ အသင့်စား စားသောက်ကုန်တချို့ဟာ ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က သတိပေး ထုတ်ပြန်လိုက်ပါတယ်။