ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။

မေလ ၂၆ ရက်၊ မနေ့က မနက် ၆ နာရီအချိန်မှာ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်က ထန်းပင်ကုန်းအုပ်စု၊ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုမှာ အင်အား ၃၀ကျော်နဲ့ အထိုင်ချ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို သာယာဝတီခရိုင်၊ တပ်ရင်း (၃၈၀၂) တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မနက် ၉ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီရဲ့ ခမရ (၆) တိမ်မြုပ်တပ်ကနေ သူတို့ တပ်စခန်းကို လက်မလွှတ်ရရေးအတွက် လက်နက်ကြီး ပစ်ကူပေးတာကြောင့် တော်လှန်ရေးရဲဘော်တွေက အနည်းငယ် နောက်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

ညနေ ၅ နာရီအချိန်မှာလည်း အဆိုပါတပ်စခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ၁နာရီကျော်ကြာဖြစ်ပွါးခဲ့ပါတယ်။ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က အထိနာသွားပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ တပ်သား ၈ယောက်ရဲ့ အလောင်းတွေကို သယ်ကာ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီနောက် တော်လှန်ရေးရဲဘော်တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ စခန်းအတွင်းက ၆၀မမ အသီး ၁၂လုံး၊ လက်ပစ်သီး ၅လုံး၊ ၅.၅၆ကျည် ၃၀၀တောင့်၊ အီနာဂါပို့ကျည် ၅တောင့်၊ တူမီး ၁လက်၊ ဆန် ၂အိတ်၊ စားဆီ ၁ပုံး၊ ဖိနပ် ၂ရံ၊ အီကွေ့မန့် ၃ခု၊ ဘောင်းဘီ ၂ထည်၊ ဦးထုပ် ၃လုံးကို သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်းကိုတော့ မီးရှို့ရှင်းလင်းလိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဘဇံချောက်ကျေးရွာထဲကို အကြမ်းဖက် စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ မိသားစုဝင် ၃ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

တိုက်ပွဲထဲ အရေးပါတဲ့ Lv3 အဆင့် ကျည်ကာပြားတွေ စမ်းသပ်ထုတ်လုပ်ထားတယ်လို့ PDF Kalay – Mine Team ပြော

တိုက်ပွဲထဲ ဝတ်ဆင်ရလွယ်ကူပေါ့ပါးပြီး အနီးကပ်ပစ်ခတ်မှုတွေနဲ့ လက်နက်ကြီးစတွေကနေ ကာကွယ်ပေး​နိုင်တဲ့ Lv3 အဆင့်ကျည်ကာပြားတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်တော့မယ်လို့ PDF Kalay - Mine Team ထံက သိရပါတယ်။
Read More

မြောင်တွင် မြို့ပေါ် ဆက်ကြေးကောက်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က ဗိုလ်အပါ ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ် ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ CDSOM (ဗိုလ်စင်္ကြာ) စစ်ကြောင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ် ပကဖ မှ သီတင်းကျွတ်လပြည့်နေ့မှာ ကျဆုံးရဲဘော် ၁၂၃ ဦးကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ပကဖ ရဲဘော်တွေကို ရည်စူးပြီး ကောင်းမှုကုသိုလ် ပြုလုပ်ပေးခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အောင်မြင်စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ညောင်လေးပင်မြို့နယ် စစ်တပ်ဂိတ်စခန်းများအား ဗျူဟာ (၂၆) တပ်ရင်းများမှ ဝင်ရောက်ရှင်းလင်းခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စု တပ်စွဲရာဂိတ် စခန်းတွေကို မြေပြင်ရော ဝေဟင်ကပါ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းနိုင်ခဲ့တယ်လို့ တောကျီးကန်းတပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အုတ်တွင်းတွင် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူးနှင့် ရဲဘော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ ပစ္စည်းသွားသယ်တဲ့ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားကြောင်း သာယာဝတီခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။