ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

မေလ ၂၁ ရက် မနက်ပိုင်းကစလို့ ဝေါလေဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ မော်ခီးစခန်းနေရာကို KNLA ဦးဆောင်​တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်တွေကလည်း မြဝတီ-ဝေါလေလမ်းပိုင်းကို သွားလာမှု ခေတ္တရပ်ဆိုင်းထားပြီး KNLA စစ်ကြောင်းတွေကိုလည်း တပ်လှန့်သတိပေးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆိုပါတယ်။

နယ်စပ်အနီး မြန်မာဘက်အခြမ်းမှာ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံကလည်း တော်ဝင်တပ်မတော်၊ နယ်ခြားစောင့် စစ်တပ်စခန်းတွေမှာ စစ်ရေးအသင့်အနေအထား တပ်လှန်မှုတွေ ရှိနေပြီး စစ်ဘေးရှောင် အကူအညီပေးနိုင်ရေး ဒေသခံလူမှုအဖွဲ့ အစည်းတွေက အသင့်ပြင်ဆင်ထားတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ KNU တပ်မဟာ ၇ နယ်မြေမှာတော့ စစ်ကောင်စီတပ်စခန်း ၈ ခုကို သိမ်းပိုက်ထားပြီး ဝေါလေဒေသမှာတော့ အထက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဝေါ ဗျူဟာ၊ ကနဲလေးစခန်းနဲ့ အောက်ပိုင်းမှာ ဥကရစ်ထ၊ ဝါးမီးထ စစ်စခန်းတွေနဲ့ သေ့ဘောဘိုးစစ်စခန်းတွေ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ထိုင်းစစ်တပ်နဲ့ ထိုင်းနိုင်ငံမှ မြင်ရတဲ့ တိုက်ပွဲဖြစ်ပွားရာ နေရာ (ဓာတ်ပုံ အင်တာနက်)

0 Shares:
You May Also Like
Read More

ရှမ်းတောင်မှာ စစ်ကောင်စီကြောင့် တစ်နှစ်အတွင်း အရပ်သားပြည်သူ ၁၂၀ ကျော် သေဆုံးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် ၂၀၂၄ တစ်နှစ်တာအတွင်း အရပ်သားပြည်သူ ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က အသိပေးထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် (၁၃) ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှ ဒေသခံများကို စားနပ်ရိက္ခာ ကူညီထောက်ပံ့

မကွေးတိုင်း၊ စလင်းမြို့နယ်က (၁၃)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ ဂွေးကုန်းကျေးရွာနဲ့ စနေချောင်ကျေးရွာတို့က အိမ်ထောင်စု ၂၇၄ စုအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် ၉ မှ တွေ့ဆုံခြင်းအခမ်းအနားပြုလုပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ SSNDF / KNDF  ဗျူဟာအမှတ် ၉ က ရဲဘော်တွေ တွေ့ဆုံခြင်းအခမ်းအနားကို ဇူလိုင်လ ၁၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အငြင်းပွားဖွယ် ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်ဆိုသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင်  ဖိအားနှင့် ခြိမ်းခြောက်ခံရမှုကြောင့် မဲပေးခဲ့ရသူ အများစုဖြစ်နေ

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပိုင်း ၁ မှာ ပြည်သူ ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့တယ်လို့ စစ်ကော်မရှင်က ခပ်တည်တည်ဆိုနေပေမဲ့၊ လက်တွေ့မှာတော့ အဆိုပါရာခိုင်နှုန်းကို မပြည့်မီသလို၊ ပြည်သူအများစုဟာလည်း ဖိအားနဲ့ ခြိမ်းခြောက်ခံရတာတွေကြောင့် မဲပေးခဲ့ကြရတယ်လို့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ မီဒီယာတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ 
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ မန္တလေး PDF ဖိတ်ခေါ်

“စစ်မှုထမ်း အပတ်စဉ် ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက တောရော မြို့ပါမကျန် လူငယ်တိုင်း သတိချပ်ကြပါ။ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင် တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါ” လို့လည်း MDY PDF က‌ထုတ်ပြန်ထားပါတယ်။