တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူးမြို့ကနေ စတင်ကာ နိုင်ငံအနှံ့ ပျံ့နှံခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ဦးဆောင်မှုနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားတွေကို တက်ရောက်ခဲ့တဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံက အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ထုတ်ဖော်ပြီး မြန်မာ့ဒီမိုကရေစီအရေး အခြေအနေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ ဂယောင်ဒီဒိုပြည်နယ် လွှတ်တော်ခန်းမမှာ ပြုလုပ်တဲ့ အဆိုပါ အခမ်းအနားကို NUG ကိုယ်စားလှယ်ရုံးက အလုပ်သမားတာဝန်ခံ ဒေါ်မေမိုးသူ ဦးဆောင်တက်ရောက်ပြီး မြန်မာ့အရေး ရှင်းလင်းပြောကြားကာ ဓာတ်ပုံတွေ ခင်းကျင်းပြသခဲ့တယ်လို့ သိရပါတယ်။
ချွန်နန်းမြို့မှာ ကျင်းပတဲ့ အောက်မေ့ဘွယ်အခမ်းအနားကိုတော့ NUGကိုယ်စားလှယ်ရုံး အထောက်အကူပြုအဖွဲ့ဝင်၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ ကိုတင်ဌေးအောင် ဦးဆောင်တဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ဖော်ကာ မြန်မာ့ဒီမိုကရေစီရေး အခြေအနေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၁၈ ရက် မနက်ဖြန် ဆိုးလ်မြို့မှာ ကျင်းပမယ့် အောက်မေ့ဘွယ်အခမ်းအနားကိုတော့ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့အဖွဲ့ တက်ရောက်မယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက သေဒဏ်ချမှတ်မှုအပေါ် အာဆီယံလွှတ်တော်အမတ်တွေ ဝေဖန်ကန့်ကွက်ရှုံ့ချ

၂၀၂၄ စက်တင်ဘာလ ၂၄ ရက်မှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၅ ယောက်ကို စစ်ကောင်စီက သေဒဏ်ချ ကွပ်မျက်မယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကတဆင့် သိရတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) အနေနဲ့ အလွန်အမင်းစိတ်ပူပန်ကြောင်း စက်တင်ဘာလ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ထိုင်းက လူသားချင်းစာနာမှုအဖြစ် မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်း လှူဒါန်း

မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
Read More

ICC တရားသူကြီး ၂ ဦးနှင့် အမှုစစ် ၂ ဦးကို ထရမ့်အစိုးရ အရေးယူပိတ်ဆို့မှု ပြုလုပ်

အစ္စရေးခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီး စစ်ဘက်ခုံရုံးပေါ်မှာ အရှိန်မြှင့်ဖိအားပေးတဲ့အပြင် အမေရိကန်အရာရှိတွေကိုပါ စုံစမ်းစစ်ဆေးဖို့ အရင်က ဆုံးဖြတ်ခဲ့ဖူးတဲ့ ICC ရဲ့ တရားသူကြီး ၂ ယောက်နဲ့ အမှုစစ် ၂ ယောက်အပေါ် ထရမ့်အစိုးရက အရေးယူပိတ်ဆို့မှုတွေကို ချမှတ်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကို အောက်တိုဘာ တတိယပတ်အတွင်း တရားမဝင် ဝင်ရောက်သည့် မြန်မာ ၁၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ အောက်တိုဘာလ တတိယပတ်ထဲ တရားမဝင် ဝင်ရောက်တဲ့ မြန်မာနိုင်ငံသား ၁၁၂ ယောက်အထိ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းမြန်မာနယ်စပ် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြန်မာအရေးဆွေးနွေးဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ဩစတေးလျသွားမယ်

မြန်မာအရေးဆွေးနွေးမှုတွေ ပြုလုပ်ဖို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်ဟာ ဩစတေးလျကို ၁၀ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း လူ့အခွင့်အရေးမဟာမင်းကြီးရုံးက စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။