အကြမ်းဖက်စစ်အုပ်စုကို အချို့နိုင်ငံတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနေတာဟာ ကလေးငယ်တွေအပါအဝင် လူအများအပြားကို စစ်အုပ်စု သတ်ဖြတ်နိုင်အောင် ကူညီပေးရာ ရောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ မနေ့က ပြုလုပ်တဲ့ SDG 16 Conference 2025: Advancing Peace, Justice and Institutions for Sustainable Development အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုတင်ပြခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စု နေ့စဉ် မဆင်မခြင် ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သား ထိခိုက်နစ်နာမှုနဲ့ အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုတို့ကို အလွန်အမင်း ဖြစ်စေပြီး စဉ်ဆက်မပြတ် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်တွေ အကောင်အထည်ဖော်ဖို့ တာဝန် ယူထားရတဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေအပေါ် အများဆုံး ထိခိုက်စေတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ယနေ့ နံနက်တွင်ပင် စစ်အုပ်စုက စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာရှိ ကျောင်း တစ်ကျောင်း အပေါ် လေကြောင်းမှ တဆင့် တိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမ (၂) ဦးနှင့် ကလေးငယ် (၂၀) ခန့် သေဆုံး၍ များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် စစ်အုပ်စုကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးနေတာကလည်း လူအများအပြား သတ်ဖြတ်မှုကို ကူညီပေးရာ ရောက်နေတယ်လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

“အချို့သောနိုင်ငံများအနေဖြင့် စစ်အုပ်စုအား ထောက်ပံ့ပေးနေကြောင်း၊ စစ်အုပ်စုအား ရုပ်ဝတ္ထုပစ္စည်းအားဖြင့် သော်လည်းကောင်း၊ စိတ်ဓာတ်အားဖြင့်သော်လည်းကောင်း ထောက်ပံ့ပေးခြင်းက ကလေးငယ်များ အပါအဝင် လူအများအပြားကို စစ်အုပ်စု က သတ်ဖြတ်နိုင်စေရန် ကူညီပေးရာ ရောက်နေတယ်” လို့ ဦးကျော်မိုးထွန်းက ပြောဆိုထားပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လူတွေကို သတ်ဖြတ်နေတာတွေ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကူညီပံ့ပိုးပေးနေတာတွေကို ရပ်တန့်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့တရားမျှတမှုတို့ကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုတင်ပြခဲ့ပါတယ်။
0 Shares:
You May Also Like
Read More

ရုရှားဩဇာခံ ဘယ်လာရုစ်နိုင်ငံသို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ထွက်ခွာ၊ စစ်ခေါင်းဆောင်၏ ဘယ်လာရုစ်နှင့် ရုရှားခရီးစဉ်တွင် ခရိုနီစီးပွားရေးသမားများလည်း လိုက်ပါဟု သိရ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေးကို သတိကြီးကြီးထား ချဉ်းကပ်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေး သတိကြီးကြီးထားပြီး တဖြည်းဖြည်း လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် စတင်၊ မတ်လ ၄ ရက်နေ့တွင် ပူတင်နှင့် တွေ့ဆုံမည်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဒုတိယအကြိမ်မြောက် ရုရှားနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ မတ်လ ၃ ရက်မှာ နေပြည်တော်လေဆိပ်ကနေထွက်ခွါသွားပြီ ဖြစ်ပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို ကုလ စိုးရိမ်ပြန်

ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ မြန်မာနိုင်ငံမှာ အကြောင်းမဲ့ သေဆုံးနေရခြင်းအပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ပါတယ်။
Read More

စစ်အုပ်စု၏မဟာမိတ် လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားပေးရန် နိုင်ငံတကာသမဂ္ဂများ ပူးပေါင်းတောင်းဆို

စစ်ကောင်စီရဲ့ မဟာမိတ် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ကနေ ချက်ချင်းဖယ်ရှားပေးဖို့ နိုင်ငံတကာသမဂ္ဂအဖွဲ့တွေက ပူးတွဲတောင်းဆိုလိုက်ပါတယ်။
Read More

ကမ္ဘောဒီးယား၏ အပစ်ရပ်ချိုးဖောက်မှု အစီရင်ခံစာ မလေးရှား၊ တရုတ်နှင့် အမေရိကန်တို့ကို ထိုင်း တင်ပြ

ဇူလိုင်လ ၂၈ ရက်က မလေးရှားမှာ ပြုလုပ်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲမှာ အိမ်ရှင်အဖြစ်နဲ့ သက်သေတွေအဖြစ် တက်ရောက်ခဲ့ကြတဲ့ မလေးရှား၊ အမေရိကန်နဲ့ တရုတ်တို့ကို ကမ္ဘောဒီးယားရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ချိုးဖောက်ခဲ့တဲ့အကြောင်း အစီရင်ခံစာ တင်သွင်းခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်က ဇူလိုင်လ ၂၉ ရက်မှာ ပြောပါတယ်။