ကရင်နီပြည်နယ် ၊ မိုးဗြဲမြို့တွင်း တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ခိုက်ရင်း လွိုင်ကော်မြို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

Loikaw Local PDF Alpha (3) – တပ်ရင်း အမှတ်(၃) က ရဲဘော် အောင်ကျော်ဌေး (ခ) ဆီဆိုင်နဲ့ ရဲ‌ဘော် ခန့်စည်သူအောင် (ခ) ခေါင်းကြီး တို့ဟာ မိုးဗြဲမြို့တွင်း တိုက်ပွဲအတွင်း မေလ ၁၂ ရက် ဒီနေ့မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက် (၃၈) နှစ်အရွယ် ရဲဘော် အောင်ကျော်ဌေး(ခ) ဆီဆိုင်နဲ့ အသက် (၂၂)နှစ်အရွယ် ရဲဲ‌ဘော် ခန့်စည်သူအောင် (ခ) ခေါင်းကြီးတို့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ရင်ဆိုင်ကာ တိုက်ပွဲပေါင်းများစွာကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ဆင်နွှဲခဲ့ပြီး အောင်ပွဲများစွာမှာလည်း ရဲဘော်ရဲဘက်တွေနဲ့အတူ ပါဝင်ခဲ့တယ်လို့ Loikaw Local PDF က ဆိုပါတယ်။

ကျဆုံးရဲဘော် ၂ ယောက်အတွက် ဝမ်းနည်း နှမျောတသ ဖြစ်မိသလို လွိုင်ကော်မြို့နယ်ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(Loikaw Local PDF) အနေနဲ့ သမိုင်းရဲ့ အာဇာနည်သူရဲကောင်းအဖြစ် မှတ်ကျောက်တင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မကွေးနှင့် စစ်ကိုင်းရှိ ကျေးရွာများကို တစ်ရက်တည်းမှာပဲ စစ်အုပ်စု လေကြောင်းဗုံးကြဲ၊ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ်နှင့် စေတီများ ထိခိုက်ပျက်စီး

မကွေးတိုင်း၊ ကမ္မနယ်အနောက်ခြမ်း၊ ပခုက္ကူ − ပေါက် ကားလမ်းမကြီးတစ်လျှောက် သာကြီးတောင် နဲ့ တပ်မတောင်ကြားကို စစ်အုပ်စုက ဇွန်လ ၇ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေလုပ်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတချို့လည်း ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုတ်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေပြီး ကျောက်ပုံ ကျေးရွာအနီးက KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ဂိတ်စခန်းတစ်ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ဟားခါးမြို့အနီးက စစ်ကောင်စီတပ်စခန်းကို CNA နဲ့ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ တပ်ရင်းမှူးအပါ စစ်သား ၁၀ယောက်ကျော်သေပြီး၊ ၁၉ယောက်ကို လက်နက်များနဲ့အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ် ၊ ဟားခါးမြို့အနီးက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်း ၁၉ယောက်အထိ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

နွားထိုးကြီး PDF က မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်များကို ထုတ်ပြန်

မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ နွားထိုးကြီး PDF က တပ်ဖွဲ့ဝင်များ မြေပြင်မှာ လိုက်နာစောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို အသိပေးထုတ်ပြန်လိုက်ပြီး တပ်ဖွဲ့ဝင်များအားလုံး မဖြစ်မနေလိုက်နာရမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။