ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၀ ကျော်ကို ဖမ်းဆီးရရှိထားတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၁ ရက်က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၉ ယောက် ဖမ်းဆီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မြန်မာနိုင်ငံသားတွေဟာ တစ်ယောက်ကို ထိုင်းဘတ်ငွေ ၁၅၀၀၀ နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုထားပါတယ်။
ဒါ့အပြင် တရားမဝင် ခေါ်ဆောင်လာသူ ထိုင်းနိုင်ငံသား ၂ ယောက်ကိုလည်း ကား ၂ စီးနဲ့အတူ ဖမ်းဆီးရရှိထားတယ်လို့ ဆိုပါတယ်။

မေလ ၁ ရက်မှာပဲ မဲဆောက်ကနေ ဘန်ကောက်မြို့ကို သွားရောက်မယ့် သခွားသီးတင်ဆောင်လာတဲ့ ကားကို စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာ ကားအတွင်း ပုန်းအောင်းလိုက်ပါလာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၄ ယောက်ကို ဖမ်းဆီးရရှိထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ မြ၀တီမြို့ကတစ်ဆင့် ပွဲစားနဲ့ ချိတ်ဆက် ဝင်ရောက်လာတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ တောင်းဆိုမှုဟာ မျက်ကွယ်ပြုခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

စစ်ရာဇ၀တ်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုနေမှုကို နိုင်ငံတကာက မျက်ကွယ်ပြုနေဆဲဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့ငလျင်အတွက် လာရောက်ကူညီနေသည့် USAID ဝန်ထမ်း သုံးဦး အလုပ်ထုတ်ခံရ

ငလျင်ဒဏ်သင့်  မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ USAID ဝန်ထမ်း ၃ယောက် အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ The New York Times သတင်းက ဖော်ပြပါတယ်။ 
Read More

လိမ်လည်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ စစ်ကောင်စီ၊ တရုတ်နဲ့ ထိုင်းတို့ သဘောတူညီခဲ့ကြဟု ဆို

တရုတ်နိုင်ငံ၊ ကူမင်းမှာ ဇန်နဝါရီလ ၂၁ ရက်၊ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးအတွင်း တရုတ်၊ ထိုင်းနဲ့ စစ်ကောင်စီအရာရှိတို့အကြား ဆိုင်ဘာလိမ်လည်လုပ်ငန်းတွေ ပပျောက်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံဌာန CCTV က ထုတ်ပြန်ပါတယ်။ 
Read More

ပြည်တွင်းသုံးငွေနဲ့ နှစ်နိုင်ငံကုန်သွယ်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယဆွေးနွေး

အိန္ဒိယနဲ့ မြန်မာအကြား ရူပီးနဲ့ ကျပ်ငွေကတဆင့် နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်ဖို့ နိုင်ငံခြားငွေပြတ်တောက်နေတဲ့ စစ်ကောင်စီနဲ့ အိန္ဒိယတို့ ဆွေးနွေးခဲ့ကြတယ်လို့ The Economic Times က ဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေးအတွက် အင်ဒိုနီးရှားမှာ ဆွေးနွေးမယ်

အဖြေပေါ်ဖို့ခက်နေတဲ့ မြန်မာ့အရေးအတွက် မြန်မာအတိုက်အခံ အင်အားစုတွေ၊ နိုင်ငံတကာသံတမန်တွေ အင်ဒိုနီးရှားမှာဆွေးနွေးမှုတွေလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ သတင်းတချို့မှာ ဖော်ပြရေးသားလာပါတယ်။
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။