ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၇ ရက်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်စစ်ကြောင်း ခွက်မအုပ်စု ငမိုးရိပ်ရွာအတွင်း ရောက်ရှိနေစဉ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သားတွေ အထိအခိုက် အကျအဆုံးများကာ အထိနာသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ လေယာဉ်ပစ်ကူခေါ်ကာ ဆုတ်ခွါထွက်ပြေးသွားခဲ့ပါတယ်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တပ်ခွဲ၁ Dragon Brothers (GBK-PDF)၊ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ၅၊ တပ်ခွဲ၆ Black Dragon (GBK-PDF) နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃၊ သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ မှ တပ်ခွဲ၆ AyeYarNyiNaung၊ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁ တပ်ခွဲ ၅ ရဲဘော်တွေ ပူးပေါင်းပြီး နယ်မြေလိုက်လံ ရှင်းလင်းခဲ့ရာမှာ စစ်သား အလောင်း ၁၀ လောင်း၊ သေနတ် ၁၁ လက် ၊ ၆၀ မမ ၁ လက်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲနယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်နေတဲ့အတွက် စစ်‌‌ရေးအသိရှိကြဖို့ TIGER PDF အသိ‌ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရေးအသိရှိကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ပုံတောင် TIGER PDF မှ အသိပေးထားပါတယ်။ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကင်းထောက်ဒရုန်းများ၊multirotor ဒရုန်းများနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေကို အချိန်မရွေးပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ် ဆောင်လာနိုင်တဲ့အတွက် စစ်ရေးအသိထူးရှိကြဖို့ အသိပေးထားပါတယ်။
Read More

ဆွစ်ဇာလန်နိုင်ငံ ဘားတွင် မီးလောင်ပြီး လူပေါင်း ၄၀ ခန့် သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ဆွစ်ဇာလန်နိုင်ငံ အဲလ်ပိုင်းတောင်တန်းပေါ်က နာမည်ကြီး နှင်းလျှောစီး အပန်းဖြေစခန်းတစ်ခုရဲ့ ဘားမီးလောင်မှု ဖြစ်ပွားပြီး လူပေါင်း ၄၀ လောက် သေဆုံးကာ ၁၁၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
Read More

ကိုရီးယားနိုင်ငံတွင် ၈ လေးလုံး ကမ္ဘာလုံးဆိုင်ရာ ထီးသပိတ်ပြုလုပ် (ရုပ်/သံ)

(၃၇) နှစ်မြောက် ၈ လေးလုံး အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာထီးသပိတ်လှုပ်ရှားမှုကို ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ကြဲချတိုက်ခိုက်၊ စစ်သား ၆ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်အခြေစိုက် ခလရ ၇၃ ကနေ သပြေညွန့်စခန်းကို ရိက္ခာလာပို့တဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၈ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ယောနသံဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် “No Vote” လှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်ကော်မရှင်က လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ "No Vote" လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အမ်း-ပဒါန်းလမ်းမပေါ် စစ်တပ်ရိက္ခာယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်ထက်မနည်းသေ (ရုပ်/သံ)

မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရိက္ခာယာဉ် ၃ စီးကို ဒီဇင်ဘာ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  PRA-Magway တပ်ဖွဲ့ထံက သိရပါတယ်။