အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ စစ်အုပ်စုကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို တက်တက်ကြွကြွ အားပေးကူညီနေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။  

ပြည်သူတွေကို အကြမ်းဖက်နေတဲ့  မြန်မာစစ်တပ်ကို အာဆီယံရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်တွေမှာ  ထည့်သွင်းအသိအမှတ်ပြု ပါဝင်စေခဲ့ခြင်းကို Justice For Myanmar က ကန့်ကွက်ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

မြန်မာစစ်တပ်ဟာ မလေးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ ၁၄ ကြိမ်မြောက် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့် ထပ်ပေါင်း ဝန်ကြီးများ အစည်းအဝေးမှာ ကျွမ်းကျင်ပညာရှင်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ 

မြန်မာစစ်တပ်ကို ဖိတ်ခေါ်တာ၊ တွေ့ဆုံဆွေးနွေးခွင့်ပြုတဲ့လုပ်ရပ်တွေဟာ   အာဆီယံ အဖွဲ့အစည်းကိုယ်တိုင် စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါမှုကို ပိုမိုနက်ရှိုင်းစေတယ်လို့ JFM က ပြောပါတယ်။ 

စစ်အုပ်စုဟာ မတ်လ ၂၈ ရက်နေ့က  မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်အပြီးမှာ သူတို့ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို ဆက်လက်

လုပ်ဆောင်ခဲ့ပါတယ်။ ငလျင်လှုပ်ပြီးတဲ့နောက်  စစ်အုပ်စုဟာ နိုင်ငံတဝန်း အနည်းဆုံး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုပေါင်း ၂၈၀ ကျော်ကို လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူတွေကို အကြမ်းဖက်စစ်ကြောင်းထိုးမှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။

အခုလိုလုပ်ရပ်တွေ လုပ်ဆောင်နေစဉ်မှာပင် အာဆီယံနဲ့ အချို့သောမိတ်ဖက်နိုင်ငံတွေက စစ်ကောင်စီကို မြန်မာကိုယ်စားပြုအဖြစ် ထိတွေ့ဆက်ဆံမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးရဲ့  Cybersecurity and Information Centre of Excellence (ACICE) နဲ့ ဆိုက်ဘာကာကွယ်ရေးဆိုင်ရာ သင်တန်းတွေကစကာ အာဆီယံကာကွယ်ရေးဝန်ကြီးများ သီးသန့်အစည်းအဝေး (ADMM Retreats) တွေနဲ့ ဒေသတွင်း ကာကွယ်ရေးနဲ့ ပတ်သက်တဲ့  အာဆီယံပလက်ဖောင်းတွေမှာ  မြန်မာစစ်အုပ်စု ဆက်လက်ပါဝင်နေခွင့်ရနေတာဖြစ်ပါတယ်။ ဒါဟာ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ တရားမဝင် စစ်အုပ်စုကို နိုင်ငံရေးအရတရားဝင်မှု ပေးအပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့  ဧပြီလ ၂၄ ရက်နေ့မှာ အာဆီယံနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့အကြား ဘုံသဘောတူညီချက် ၅ ရပ် သဘောတူခဲ့တာ လေးနှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဘုံသဘောထား ၅ ရပ်ဟာ စစ်ကောင်စီရဲ့  အကြမ်းဖက်မှုတွေကို  ရပ်တန်ဖို့ပျက်ကွက်ခဲ့တဲ့  ငြိမ်းချမ်းရေးအစီအစဉ်သာ ဖြစ်တယ်လို့လည်း JFM ကဆိုပါတယ်။ 

မအောင်မြင်ခဲ့တဲ့ ဘုံသဘောထား ငါးရပ်နဲ့အတူ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုကြီးတွေ ဆက်လက်ရှိနေသလို၊ အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေက မင်းအောင်လှိုင်နဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်နေပြီး၊ ဒါဟာ မြန်မာပြည်သူတွေလိုလားတောင်းဆိုနေတဲ့   ဒီမိုကရေစီကို ဆန့်ကျင်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုကို အားပေးကူညီခြင်းက ကျင့်ဝတ်ဆိုင်ရာ ရမ်းကားမှုတစ်ရပ်သာဖြစ်ပြီး၊ ငြိမ်းချမ်းရေး ဦးဆောင်သူအဖြစ် ကြွေးကြော်ထားတဲ့ အာဆီယံအနေနဲ့ ရှက်ရွံ့သင့်တယ်လို့လည်း အာဆီယံကို JFM က ထောက်ပြပြောဆိုလိုက်ပါတယ်။

အာဆီယံအနေနဲ့ ငြိမ်းချမ်းရေးအတွက် ကတိကဝတ်တွေကို ပြသချင်ပါက ဖက်ဒရယ်ဒီမိုကရေစီ အတွက် အသက်တွေရင်းပြီး စစ်ကောင်စီကို  ဆက်လက်ခုခံတော်လှန်နေတဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို လေးစားရမယ်လို့လည်း ဆိုပါတယ်။ 

မြန်မာ့အရေးဟာ  အရပ်ဘက်အဖွဲ့အစည်းတွေ ကနဦး တောင်းဆိုထားတဲ့အတိုင်း ဘုံသဘောထား ၅ရပ်ကို ကျော်လွန်တဲ့ မြန်မာသလူထုဗဟိုပြုနည်းလမ်းနဲ့သာ ငြိမ်းချမ်းရေးကို ဆောင်ကြဥ်းနိုင်မှာ ဖြစ်တယ်လို့   Justice For Myanmar က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

0 Shares:
You May Also Like
Read More

သန္တာကျောက်တန်းများ ဝင်တိုက်ခဲ့သည့် မြန်မာစက်လှေကို ထိုင်းဘက်မှ ဘတ် ၁၂ သန်း လျော်ကြေးတောင်း

ထိုင်းနိုင်ငံ၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်က သန္တာကျောက်တန်းတွေကို ဝင်တိုက်ခဲ့တဲ့ မြန်မာကုန်တင်စက်လှေ ပိုင်ရှင်ကို ထိုင်းဘက်က နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂ သန်း တောင်းခံထားကြောင်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။
Read More

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတာက ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုပဲလို့ ထိုင်းလွှတ်တော်အမတ်ဝေဖန်

ထိုင်းဝန်ကြီးချုပ်ပတွန်တန် ရှင်နာဝပ်ထရာအနေနဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အကြောင်းမယ်မယ်ရရမရှိဘဲ တွေ့ဆုံခဲ့မှုဟာ ထိုင်းကို တစ်ကမ္ဘာလုံးရှေ့မှာ အရှက်ခွဲသလိုဖြစ်နေတယ်လို့ ထိုင်းလွှတ်တော်အမတ်တစ်ဦးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဝေဖန်ထောက်ပြပြောဆိုထားပါတယ်။
Read More

အစားအသောက် မကောင်းလို့ဆိုပြီး စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီးတဦး မလေးရှားတွင် ဓားထိုးသတ်ခံရ၊ သံသယတရားခံအဖြစ် မြန်မာ ၃ ဦး အဖမ်းခံရ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ Lorong Bukit Juru က ထိုင်းစားသောက်ဆိုင်တခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ညက အစားအသောက်မကောင်းလို့ဆိုပြီး အချင်းချင်း စကားများရန်ဖြစ်ရာက မြန်မာအမျိုးသမီး စားဖိုမှူးတယောက် ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မလေးရှားသတင်း Bernama မှာ ဖော်ပြထားပါတယ်။
Read More

မြန်မာပြည် အကျဉ်းစခန်းများတွင် စနစ်တကျ ညှင်းပန်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း IIMM ပြော

မြန်မာပြည်က အကျဉ်းစခန်းတွေမှာ စနစ်တကျ ညှင်းပန်းမှုတွေ လုပ်ဆောင်နေတဲ့ ထင်ရှားတဲ့ အထောက်အထားတွေ တွေ့ရကြောင်း ကုလသမဂ္ဂနောက်ခံပြု စုံစမ်းစစ်ဆေးရေးအဖွဲ့က ဩဂုတ်လ ၁၂ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

စစ်ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟာ နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့က ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။
Read More

မြန်မာနိုင်ငံအတွင်း ပြင်းထန်နေတဲ့ တိုက်ပွဲတွေကို ကုလ စိုးရိမ်ပြန်

ရှမ်းမြောက်တိုက်ပွဲတွေနဲ့အတူ ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ မြန်မာနိုင်ငံမှာ အကြောင်းမဲ့ သေဆုံးနေရခြင်းအပေါ် ကုလသမဂ္ဂက အပြင်းအထန် ရှုံ့ချကန့်ကွက်လိုက်ပါတယ်။