မြန်မာပြည်သူတွေဟာ သဘာ၀ဘေးအန္တရာယ်နဲ့အတူ လူလုပ်ကပ်ဘေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို ကြုံတွေ့နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၁၀ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ထည့်သွင်းပြောကြားလိုက်တာပါ။

“အကြမ်းဖက် စစ်ကောင်စီက နေ့စဉ် မရပ်မနား ဗုံးကြဲတိုက်ခိုက်နေတာတွေဟာ ပြည်သူတစ်ရပ်လုံး ခံစားနေရတဲ့ လူလုပ်ကပ်ဘေးတစ်ခုလို ဖြစ်နေတာကို မေ့ထားလို့ မရပါဘူး။ ဒီစစ်အာဏာရှင်စနစ်ဆိုး ကို အမြန်ဆုံး မချေမှုန်းနိုင်သရွေ့၊ ပြည်သူလူထုခံစားရတဲ့ ဒုက္ခတွေဟာ တတိတိနဲ့ တစိမ့်စိမ့် ခံစားနေရသလို ဖြစ်နေမယ်လို့ ယူဆပါတယ်”လို့ ယာယီသမ္မတက ဆိုပါတယ်။

ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ နေ့စဉ် မရပ်မနား ဗုံးကြဲနေတဲ့ လူလုပ်ကပ်ဘေးကိုလည်း ခံစားနေရလို့  စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံးချေမှုန်းဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက တိုက်တွန်းပြောကြားပါတယ်။

အခုရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ တပ်မဟာ ၈ နယ်မြေရှိ သင်တန်းကျောင်းကို မတ်လ ၃၁ ရက် ညပိုင်း လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့်   လူငယ် ၃၆ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ ယာယီသမ္မတကပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အခုလို သဘာ၀ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ကာလမှာတောင် အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်ဆောင်နေတယ်လို့လည်း NUG ယာယီသမ္မတက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပေါင်းတည်မြို့နယ်သို့လာသည့် စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်ရာ ၆ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။
Read More

ရေဦးမြို့တွင် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နေစဉ် စာသင်ကျောင်းနှင့် ဆေးရုံများကို အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အချိန်မှာပဲ အနီးပတ်ဝန်းကျင် ကျေးရွာတွေက စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေကို  အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဘန်ကောက်မှာ ရေမြောင်းသန့်ရှင်းရေး လုပ်နေသည့် မြန်မာအလုပ်သမား ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်စူမြို့နယ်၊ ပါရချူလမ်းမကြီး၊ ဆွယ် ၃၇ အနီး ရေမြောင်းသန့်ရှင်းရေးလုပ်နေတဲ့ မြန်မာအလုပ်သမား ၂ ယောက် လုပ်ငန်းခွင်အတွင်း ဓာတ်လိုက် သေဆုံးသွားတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေသူတွေဆီက သိရပါတယ်။ 
Read More

သိန်းခွန်းကျေးရွာအနီး တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား (၁၀) ယောက်ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

"အရှင်ဖမ်းမိတဲ့ရန်သူ မရှိဘူး ၊ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု နည်းနည်းရှိတယ်၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ အခုတိုက်နေတဲ့အတောအတွင်း ရန်သူရဲ့ ထိခိုက်သေ‌ဆုံးတဲ့ဦးရေကိုတော့ အတိအကျမသိဘူး၊ သေဆုံးမှုများတယ်" လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှုး ဗဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

ဟားခါးမြို့တွင် စစ်တပ်အန္တရာယ်ကြောင့် CDF-Hakha ညမထွက်ရ အမိန့်ထုတ်

ချင်းပြည်နယ် မြို့တော် ဟားခါးမှာ အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲ အကြောင်းပြပြီး ညသန်းခေါင်ယံ အချိန်တွေပါမချန် အချိန်မရွေး လူနေအိမ်တွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် Chinland Defense Force – Hakha က ပြည်သူတွေ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
Read More

ဆောင်းပြောင်းကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF တပ်ရင်း(၂၉) မှ စစ်ကြောင်းမှူးနှင့် တပ်ခွဲမှူးတို့၏ စျာပန

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း‌ကျေးရွာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့  ရဲဘော် ၂ ယောက်ရဲ့ စျာပနာအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂၉ က ဒီနေ့ ထုတ်ပြန်ပါတယ်။