အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးအတွက် ဧပြီ (၂) ရက်မှ  (၂၂) အထိ ရက် ၂၀ ကြာ ယာယီအပစ်ရပ်ကာလအဖြစ် သတ်မှတ်လိုက်တယ်လို့ ဧပြီလ ၂ ရက် ဒီနေ့မှာ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်လာပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်က ဧပြီ ၁ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ငလျင်ဘေးသင့်ဒေသတွေအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲမှာ အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားတဲ့ အဖွဲ့တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောဆိုခဲ့ပြီး တစ်ရက်အကြာ ဒီနေ့မှာတော့ အပစ်ရပ်ကြောင်း ကြေညာလာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ယာယီအပစ်ရပ်ကာလသတ်မှတ်ချက်မှာ ချွင်းချက်တွေ ပါဝင်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမယ့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းတွေ ပြုလုပ်ရင် တုန့်ပြန်သွားမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

ယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ထုတ်ပြန်ချက်ကို စကစ ဝါဒဖြန့် မီဒီယာက ကြေညာစဉ် (ဓာတ်ပုံ MRTV)

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ချွင်းချက်တွေကို ချိုးဖောက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုတော့ တန်ပြန်တိုက်ခိုက်မယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ငလျင်လှုပ်ပြီးနောက် မတ်လ ၂၉ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ခုခံကာကွယ်စစ်ကလွဲပြီး ထိုးစစ်အားလုံးကို မတ်လ ၃၀ ကနေ ဧပြီလ ၁၂ ရက်အထိ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သလို ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း ဧပြီလ ၁ ရက်ကနေ ၃၀ ရက်နေ့အထိ ခုခံစစ်ကလွဲလို့ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း မနေ့က ကြေညာထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ငလျင်လှုပ်ခတ်ပြီး ၅ ရက်တာကာလအတွင်း ထိုးစစ်ဆင်မှုတွေအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကိုပါ နေ့စဉ်လုပ်ဆောင်နေခဲ့သလို မနေ့က ညပိုင်းမှာလည်း တရုတ်နိုင်ငံ ကြက်ခြေနီအသင်းရဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ကား ၉ စီးပါ ယာဥ်တန်းကို နောင်ချိုမြို့နယ်မှာ ပစ်ခတ်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို ပစ်ခတ်မိခဲ့တဲ့ စစ်ကောင်စီအနေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေကြောင့် အပစ်ရပ်ကာလကို မလုပ်ဆောင်ချင်ဘဲ လုပ်ဆောင်ခဲ့ရတယ်လို့လည်း နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသပ်သူအချို့က မှတ်ချက်ပေးထားပါတယ်။

0 Shares:
You May Also Like
Read More

မြိုင်အနောက်မြောက်ဘက်ရှိ ကြက်မောက်ရွာ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၆ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ခြောက်ယောက် ရှိခဲ့တယ်လို့ မြိုင်ပကဖက ဇန်နဝါရီလ ၇ ရက်နေ့ (ဒီနေ့) မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ကန့်ကွက်ရှုတ်ချ

အကြမ်းဖက်စစ်တပ်ဟာ အများပြည်သူရဲ့ဆန္ဒကို သွေဖယ်ပြီး အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ရိုဟင်ဂျာ အတိုင်ပင်ခံကောင်စီ က နိုဝင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 
Read More

ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်တပ် လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံး

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ Kawlin info နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃) မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်တပ်လက်အောက်ခံ ခလရ (၂၈၃) က တပ်သားတယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာ တယ်လို့ Phoenix - Special Warfare Force က သတင်းထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ သံချပ်ကာယာဥ်တွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဗမာ့တပ်တော်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေကို ရေဦးမြို့နယ် ပသုံးလုံးအဖွဲ့ ထောက်ပံ့…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ ပျူစောထီး အကြမ်းဖက်စစ်ကြောင်းတို့ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ကျေးရွာတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ လုံခြုံရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပြည်သူတွေနဲ့အတူ စုပေါင်းပြီး သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။