ရှမ်း-ကရင်နီနယ်စပ် လွိုင်ကော်-ဆီဆိုင် လမ်းမကြီးပေါ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေကို မတ်လ ၂၉ ရက်က တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ဗျူဟာအမှတ် (၂) ထံက သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိသွား တယ်လို့ သိရပါတယ်။

လက်ရှိ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးမှာ စစ်ရေး တင်းမာနေတဲ့အတွက် လမ်းပိတ်ထားဆဲ ဖြစ်ပြီး ပြည်သူများအနေနဲ့ လုံခြုံရေးအတွက် အထူးဂရုပြုကြဖို့လည်း တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲမရှိတဲ့ လက်ပံတိုရေနံမှော်အနီး စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ပံတိုရေနံမှော်အနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့ စက်မှုဇုန်အနီး တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရ (ရုပ်/သံ)

ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Read More

ပခုက္ကူ တန့်ကြည့်တောင်ခြေရင်းရှိ အကြမ်းဖက်စစ်အုပ်စုကို ဒရုန်းဗုံးသီးကြဲချပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်ခြေရင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်း PDF အခြေခံ စစ်သင်တန်းဆင်းရဲဘော်များအတွက် ဦးကျော်သက်လင်း၏ အမှတ်တရ အမှာစကား (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်များကို မြန်မာ့အသံနှင့်ရုပ်မြင့်သံကြားမှာ CDM ပြုလုပ်လာပြီး တော်လှန်ရေးမှာ အားသွန်ခွန်စိုက် ပါဝင်နေတဲ့ ဦးကျော်သက်လင်း ၏ အမှတ်တရအမှာစကားကို ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က ထုတ်ပြန်လိုက်ပါတယ်။
Read More

လန်ဒန်မြို့မှာ ဆန္ဒပြသူတစ်ဦးက အီရန်သံရုံး‌အဆောက်အအုံပေါ်တွယ်တက်ကာ လက်ရှိအီရန်အလံကို ဖြုတ်ချပြီး အလံအဟောင်းဖြင့် အစားထိုးကာ ဆန္ဒပြ (ရုပ်/သံ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ဇန်နဝါရီ ၁၀ ရက် စနေ့က ပြုလုပ်ခဲ့တဲ့ဆန္ဒပြပွဲအတွင်း ဆန္ဒပြသူတစ်ဦးက အီရန်သံရုံးမှာ လွှင့်တင်ထားတဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့ အလံကိုဖြုတ်ချပြီး၊ ယခင် အစ္စလာမ္မစ်တော်လှန်ရေးမတိုင်ခင်က သုံးခဲ့တဲ့ အလံဟောင်းနဲ့ အစားထိုးဆန္ဒပြမှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် စစ်တပ်စစ်ဆေးရေးဂိတ်ကို စီးနင်းတိုက်ခိုက်မှု ဒုရဲအုပ် ကျော်ဇင်ထွန်းနှင့် စစ်သား ၄ ဦး သေ (ရုပ်/သံ)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ကျော်ဇင်ထွန်းနဲ့ စစ်သား ၄ ယောက် သေဆုံးကာ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။