အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဆန်နာလှလှစိုးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားတာပါ။

တွေ့ဆုံဆွေးနွေးပွဲမှာတော် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး၊ အမေရိကန်အစိုးရနဲ့ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Mytel နှင့်ဆက်စပ် စာမျက်နှာ၊ Group နှင့် အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား၊ မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးကွန်ရက် အွန်လိုင်းတည်ရှိမှုအပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာ

အကြမ်းဖက်မြန်မာစစ်တပ်ပိုင် Mytel နဲ့ ဆက်စပ် စာမျက်နှာ၊ Group နဲ့ အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ကဖယ်ရှားလိုက်တယ်လို့ ဇန်နဝါရီ ၉ မှာ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာအပါအဝင် ၄၁ နိုင်ငံကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်ဖွယ်ရှိ

အမေရိကန် ထရမ့်အစိုးရက တားမြစ်ချက်အသစ်ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၁ နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ကြောင်း အဆိုပါကိစ္စနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ Reuters က မြင်တွေ့ရတဲ့ လှို့ဝှက်မှတ်စုတခုကို ကိုးကားပြီး Reutres သတင်းဌာနက သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းက လူသားချင်းစာနာမှုအဖြစ် မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်း လှူဒါန်း

မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
Read More

မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ စစ်ကောင်စီရော AA ပါ အခွန်ကောက်ခံနေဟု ဘင်္ဂလားဒေ့ရှ်ဆို

“ပထမတော့ စစ်တွေကနေ ဝင်လာတဲ့ ကုန်ပစ္စည်းတွေအတွက် မြန်မာအစိုးရက အခွန်ကောက်တယ်။ ဒါပေမယ့် နယ်စပ်ကို အာရက္ခတပ်တော်က ချုပ်ကိုင်ထားတာကြောင့် သူတို့လည်း အခွန်ကောက်တယ်။ ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီကိစ္စကိုင်တွယ်ဖို့ အကြီးတန်း ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်ထားပါတယ်”
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး ပြန်လွတ်ပြီလို့ ထိုင်းအစိုးရ ပြော

စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ ယောက် ပြန်လွတ်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာကြောင်း AFP က သတင်းဖော်ပြထားပါတယ်။
Read More

မြန်မာဘက်မှာ လူကုန်ကူးခံထားရသူတွေကို တစ်ရက် လူ ၅၀၀ နှုန်း ထိုင်း လွှဲပြောင်းလက်ခံမယ်

မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေထံမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က တစ်ရက်ကို လူ ၅၀၀ နှုန်း လက်ခံသွားဖို့ သဘောတူထားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၅ရက် ဒီနေ့ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။