အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်​မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၂ယောက် တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြောင်း မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က မောင်းကို ပြောပါတယ်။

မတ်လ ၂၅ရက်နေ့မှာ ရောက်ရှိလာခဲ့တဲ့ အထက်ပါ ပြည်သူ့စစ်အဖွဲ့ဝင် ၂ယောက်ဟာ မုံရွာနဲ့ ပခုက္ကူမြို့နယ်တို့ကနေ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် စစ်သင်တန်းတွေ တက်ရောက်ခဲ့ရသလိုပဲခူးတိုင်း၊ တပ်မ ၆၆ လက်အောက်ခံ၊ ခမရ ၄ မှာတာဝန်ကျခဲ့ပြီး ရခိုင်နဲ့ ကယားစစ်မျက်နှာက ကာကင်းတွေဆီ ပို့ဆောင်ခံခဲ့ရကြောင်း သိရပါတယ်။

အထက်ပါ ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ယောက်လုံးဟာ သက်ဆိုင်ရာ တပ်ရင်းကနေ ထွက်ပြေးနိုင်ဖို့ အကြိမ်ကြိမ် အခါခါ ကြိုးစားခဲ့ပြီးတဲ့နောက်မှာ အခုလို မုံရွာခရိုင် အမှတ် (၁) တပ်ရင်းနဲ့ ဆက်သွယ်နိုင်ခဲ့တာလို့လည်း ပြောပါတယ်။

မုံရွာခရိုင် အမှတ် ၁ တပ်ရင်းထံ အလင်းဝင်ရောက်လာသူများ

“သူတို့က တပ်မ ၆၆လက်အောက်ခံ၊ ခမရ ၄ ရခိုင်ဘက်ကနေ ပြေးလာတာပေါ့။ ကျနော်တို့ တပ်ရင်းက ရဲဘော်တစ်ဦးနဲ့ ချိတ်ဆက်ပြီး ရောက်လာတာပါ။ ၂၅ရက်နေ့က ရောက်တာပါ။ ထွက်ပြေးဖို့ ကြိုးစားနေတာ ၆ ခါလောက်ရှိပြီပြောကြတယ်။ နောက်ဆုံးအကြိမ် လွတ်လာတာပါ။ အခုတော့ ပြည်သူ့ရင်ခွင်နဲ့လည်း ချိတ်ဆက်ထားတယ်။ သူတို့ကလည်း ကျနော်တို့ တပ်ရင်းမှာ ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ပြောပါတယ်။” လို့ မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က မောင်းကိုပြောပါတယ်။

အလင်းဝင်ရောက်လာသူတွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလထဲမှာ စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်ပြီး ရဲစခန်း၊ စစ်တပ်နဲ့ စုဆောင်းရေးတပ်တွေဆီ အဆင့်ဆင့်ပို့ဆောင်ခံရသလို ရေနီနဲ့ ကလေး သင်တန်းကျောင်းတွေမှာစစ်သင်တန်း ၃ လနီးပါး တက်ရောက်ခဲ့ရကြောင်း၊ အဲ့ဒီကမှတဆင့် ရခိုင်ပြည်နယ် ဂွမြို့နဲ့ ကယားပြည်နယ် လွိုင်ကော်မြို့က ကာကင်းစခန်းတွေကို သွားရောက်တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရပါတယ်။

“ကျနော်တို့ တပ်ရင်းအနေနဲ့ကတော့ လက်နက် ပါ မပါ အခုလို အလင်းဝင်လာတဲ့ သူတွေကို အမြဲကြိုဆို လေးစားလျက်ပါ။ ဆုကြေးငွေပေးဖို့လည်းအစီအစဥ်ရှိပါတယ်။” လို့ မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က ပြောခဲ့ပါတယ်။

 

0 Shares:
You May Also Like
Read More

ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓါးပြတိုက်မှုမှာ စစ်တပ်ကလက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေ ပါ၀င်နေ

မန္တလေး၊ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်ကို ဓားပြတိုက်သူတွေဟာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားတဲ့ ပြည်သူ့စစ်တွေဖြစ်နေပြီး ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြင်းထန်စွာ စစ်ကြောင်းထိုးမှုတွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်လာသည့် ရဲကားကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၂ ဦး သေပြီး လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ၊ ရဲကားကိုပါ မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အပိုင်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က ရဲကား ၁ စီး တိုက်ခိုက်ခံရမှုမှာ ကားပေါ်ပါတဲ့ ရဲ ၂ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF တာဝန်ရှိသူ ​၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်မြို့ ထိုင်းသံရုံးမှာ ကျင်းပဖို့ ရည်ရွယ်ထားသည့် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်း

ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ကျင်းပဖို့ရည်ရွယ်ထားတဲ့ သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်ပြီလို့  ထိုင်းသံရုံးက မနေ့က မတ်လ ၃၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ကြေညာလိုက်ပါတယ်။  
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ပြုလုပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ကျန်းမာရေးဌာနနဲ့ နိုင်ငံရေးဌာနက အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်းရှိ ဒေသတစ်ခုမှာ ဒေသခံပြည်သူတွေနဲ့ ကလေးငယ်တွေကို အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မင်းအောင်လှိုင် ထားဝယ်လာမည်ဟု သတင်းထွက်နေပြီး ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ် တရစပ် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။