ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နဲ့ တပ်ရင်း (၂၄) တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ နေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ၂၀၂၅ ခုနှစ် မတ်လ (၂၂) ရက်က စတင်ကာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်း မတ်လ (၂၄) ရက်မှာ ဂျက်ဖိုက်တာ (၂) စင်းနဲ့ ပေါင် (၅၀၀) ဗုံး (၄) လုံး၊ Y-12 နဲ့ ဗုံး (၃၆) လုံး ခန့် ပြန်လည်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ (၂၅) ရက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သားတွေ ဆက်လက်မတောင့်ခံနိုင်တော့ဘဲ စခန်းအတွင်းရှိ လက်နက်ခဲယမ်းတွေကို မီးရှို့ဖျက်ဆီးကာ စခန်းကို စွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
ခလယ်ဒေး စစ်ကောင်စီတပ်စခန်းဟာ ၁၉၈၉ ခုနှစ် စက်တင်ဘာလ (၂၂) ရက်မှာ ထိုင်း−မြန်မာ နယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တဲ့ စခန်းတစ်ခုဖြစ်ပြီး စခန်း စတင် တည်ဆောက်ချိန်ကစလို့ ဒေသခံပြည်သူလူထုအနေနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာ နေထိုင်လုပ်ကိုင်စားသောက်ခွင့် ကန့်သတ်ခံခဲ့ရတယ်လို့ KNU က ဆိုပါတယ်။
ဒေသခံ ပြည်သူလူထု လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ပြည်သူလူထု လိုလားချက်နဲ့အညီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို သိမ်ပိုက်ခဲ့ပြီး လက်ရှိအချိန်မှာ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ခလယ်ဒေးစခန်းကို ရှင်းလင်းချိန်မှာ စစ်ကောင်စီတပ်သား (၂) ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ရပြီး စခန်းအတွင်းကနေ ပွိုင့် (၅) တစ်လက်၊ ပွိုင့် (၅) ပြောင်း (၂) ချောင်း၊ ၆၀ မမ အရှည် (၁) လက်၊ ၆၀ မမ အတို (၁) လက်၊ RPG-7 (၁) လက်၊ MA-2 (၃) လက်၊ Jammer (၁) လုံး၊ မီးစက် အကြီး (၁) လုံး၊ မီးစက် အသေး (၁) လုံး၊ မိုင်းရှာစက် (၁) ခု၊ ရှေ့ထွက်မိုင်း (၆) လုံး၊ ၁၆ နင်းမိုင်း (၂) လုံး၊ ၆၀ မမ ကျည် (၂၇) လုံး၊ ခွေးဗုံး (၁၀) လုံး၊ ၈၁ မမ ကျည် (၂) လုံး၊ ၄၀ မမ ကျည် (၃၂) လုံး၊ RPG-7 ကျည် (၁၄) လုံး၊ ၇.၆၂ ကျည် (၂) သောင်း၊ ၅.၅၆ ကျည် (၈) ထောင်၊ တိုက်မိုင်း (၆၀) လုံး၊ ခမောက် (၈) လုံး၊ ဆိုလာ (၄) ချပ် တို့ သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ − ခလယ်ဒေး စစ်ကောင်စီတပ်စခန်းက သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံး ထိခိုက်ကြေကွဲနေချိန် ပေါက်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ပြင်းထန်လှတဲ့ ငလျင်ဒဏ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ ၂ ပတ်တာ ထိုးစစ်တွေ ရပ်နားထားမယ်လို့ NUG က ကြေညာပြီး နောက်တစ်နေ့မှာပဲ စစ်ကောင်စီက ပေါက်မြို့နယ်ကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။
Read More

ဖြူးနဲ့ အုတ်တွင်းမှာ ၆ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော် သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တွေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ (၆)ရက်တာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင် ပကဖ ရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ လက်ရုံးတပ်ဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပကဖ လက်ရုံးတပ်က ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲနဲ့ ခရိုင်လက်ရုံးတပ် ဖွဲ့စည်းခြင်းအခမ်းအနားတို့ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၁ ရက်မှာ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေ အစမ်းသပ်ခံ ကာလကို ဖြတ်ကျော်ကာ တာရှည်ခံနိုင်အောင် ကြိုးပမ်းရမည်ဟု ဆို 

လက်ရှိ ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေရဲ့ စစ်ရေးအောင်မြင်မှုတွေအနေနဲ့ အစမ်းသပ်ခံကာလတွေကို ဖြတ်ကျော်ကာ အောင်မြင်မှုကို တာရှည်ခံအောင် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ MNDAA ရဲ့ တပ်တည်ထောင်ခြင်း နှစ်ပတ်လည်အတွက် AA နဲ့ TNLA တို့က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ထပ်မံသိမ်းပိုက်ရရှိတဲ့မြို့တွေကို အုပ်ချုပ်ရေးယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့ လူထုကို သွားရောက်တွေ့

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထပ်မံသိမ်းပိုက်အုပ်ချုပ်နိုင်တဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် စတဲ့မြို့တွေကို
Read More

မြိုင်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်၊ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ရာ ၄ ယောက်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင် ပကဖ) က သတင်းထုတ်ပြန်ပါတယ်။