အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေမှာ လောင်စာဖြည့်ပေးနေတဲ့ Airbus လေကြောင်းကုမ္ပဏီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို  Justice For Myanmar က စတင်လိုက်ပါတယ်။

Airbus အနေနဲ့ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ လောင်စာဖြည့်ပေးနေတာတွေ ချက်ချင်းရပ်ဖို့ လှုပ်ရှားမှုတစ်ရပ်အဖြစ် ပြည်သူတွေ ပူးပေါင်းပါဝင် လက်မှတ်ထိုးနိုင်မယ့် အစီအစဉ်ကို Justice For Myanmar က စတင်လိုက်တာပါ။

ပြင်သစ် လေကြောင်းကုမ္ပဏီကြီး Airbus ဟာ မြန်မာစစ်အုပ်စုကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေအပေါ် သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် ပံ့ပိုးအားပေးနေတယ်လို့ JFM က ဆိုပါတယ်။ ဒါကြောင့် ဒီလိုလုပ်ငန်းတွေကို နောက်ဆုတ်ရပ်တန့်လိုက်ရုံနဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ် အမြောက်အမြားကို ဖြတ်တောက်ပစ်နိုင်မှာဖြစ်ပါတယ်။

လေကြောင်းကုမ္ပဏီကြီး Airbus နဲ့ အနီးကပ်ဆက်ဆံနေတဲ့ တရုတ်ကော်ပိုရေးရှင်း AVIC ဟာ စစ်အုပ်စု ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုတဲ့ တိုက်လေယာဥ်တွေကို ထောက်ပံ့ကူညီနေတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အုပ်စု အာဏာသိမ်းချိန်ကစပြီး လေကြောင်းအကြမ်းဖက် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ မြန်မာအရပ်သားတွေသေဆုံးခဲ့ရပြီး မရေမတွက်နိုင်လောက်တဲ့ ပြည်သူတွေဟာ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခံရကာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ JFM က ဆိုပါတယ်။

ဒါ့ကြောင့် Airbus ကို ပြည်သူတွေအားလုံးစုရုန်းပြီး တညီတညွတ်တည်းပြစ်တင်ရှုတ်ချရမယ့် အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာမှာ ဂုဏ်သတင်းကြီးမားတဲ့ Airbus အနေနဲ့ တရုတ်လုပ်ငန်းစုဖြစ်တဲ့ AVIC ကနေ လုပ်ငန်းတွေ ရပ်တန့်နှုတ်ထွက်ပြီး စစ်အာဏာရှင်ကို ထောက်ပံ့ကူညီမှုတွေ ရပ်ဆိုင်းဖို့ တောင်းဆိုရမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

အကြမ်းဖက် မြန်မာစစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုတွေကို ရပ်တန့်ရေး Airbus အပေါ် အရေးတကြီး တောင်းဆိုချက်မှာ ပြည်သူတွေအားလုံးပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာလေကြောင်း ကုမ္ပဏီကြီးဖြစ်တဲ့ Airbus အနေနဲ့ စစ်ကောင်စီကို ကူညီထောက်ပံ့နေတဲ့ တရုတ်လေကြောင်းကုမ္ပဏီ AVIC ထံမှာ ရင်းနှီးမြှုပ်နှံမှု တချို့ပြုလုပ်ထားတာကြောင့် ပူးပေါင်းမှုတွေကို ရပ်တန့်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်တိုက် တောင်းဆိုမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းမဲပေါက်လို့ စစ်တပ်ထဲ ဝင်ခဲ့ရသည့် တပ်သား ၃ ဦး ထွက်ပြေးလွတ်မြောက်လာ

ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ နေထိုင်တဲ့ အမျိုးသား ၃ ယောက်ဟာ စစ်မှုထမ်းအတွက် မဲပေါက်ပြီး စစ်တပ်ထဲ ပို့ဆောင်ခံခဲ့ရပေမယ့် အခုတော့ ပြန်လည် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူ၊ ကမ္မမြို့အရှေ့ဘက်ရှိ ရှင်မကန်ပျူစောထီးစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အရှေ့ဘက်က ရှင်မကန်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းရှိရာရွာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်အုပ်စုဘက်ထိခိုက်မှုတွေရှိကြောင်း Cobra One တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တူမီး၊ လက်လုပ်သေနတ်များဖြင့် စစ်အုပ်စုကို တော်လှန်ခဲ့သည့် KNDF တပ်ရင်းအမှတ် ၁၂ တည်ထောင်မှု (၄) နှစ် ပြည့်ပြီ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ် ၁၂ ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ အောက်တိုဘာလ ၁ ရက် မနေ့က ၄ နှစ်ပြည့်မြောက်ပြီဖြစ်တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မိစ္ဆာစစ်တပ်ကြောင့် မရှုမလှ အသက်ပေးခဲ့ရတဲ့ စီပါရွာသားတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံတွေ သေဆုံးခဲ့ရပြီး သေဆုံးသူတွေအတွက် ပရိတ်တရားနာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်းမပေါ်က  အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့  God's Hand Forces (GHF) အဖွဲ့ထံမှ သိရပါတယ်။ 
Read More

မြောက်ဥက္ကလာပမြို့နယ်က စစ်ထောက်လှမ်းရေးရုံးချုပ်ကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ထဲကို ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက်၊ မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝန်းအရှေ့မှာရှိတဲ့ စစ်ထောက်လှမ်းရေး(စရဖ)…