KNU ရဲ့ ကော်သူးလေအုပ်ချုပ်မှုနယ်မြေအတွင်းက နေရာတချို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။  

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ သထုံ(ဒူးသထူ)ခရိုင်၊ ဖားအံမြို့နယ်အတွင်း ပြည်သူတွေနေထိုင်တဲ့ နေရာတွေကို  စစ်ကောင်စီရဲ့ ကမမောင်းတပ်စခန်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ရက်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီက ၁၂၀ မမ လက်နက်ကြီး (၃)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

လက်နက်ကြီး ပစ်ခတ်မှုဟာ ဘားအံမြို့နယ် ဟာတရယ်အုပ်စု၊ ဖလာတောင်ကျေးရွာအတွင်း၊ ကျေးရွာအနီးနဲ့ ကျုံစိန်ကျေးရွာရှိ ဒေသခံတွေရဲ့ လယ်ယာမြေထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

ကျရောက်ပေါက်ကွဲမှုကြောင့်  ဒေသခံတွေရဲ့ လယ်ယာမြေ၊ အိမ်အမိုး၊ အကာ၊ အခင်း လှေကား၊ တံခါး၊ ပြတင်းပေါက်နဲ့ ဘုရားစင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်ကုတ်မြို့ပေါ်အထိ AA သိမ်းပိုက်ထိန်းချုပ်ရောက်ရှိလာ ၊ လက်ကျန် စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေ

အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရှိရာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်အထိ AA က ထိန်းချုပ်ထားနိုင်ပြီး မြို့ပေါ်မှာပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်ပေးနေကြောင်း AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။
Read More

ဖားဆောင်းမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ဒေသခံ ၂ ဦးဒဏ်ရာရ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့၊ မော်ချီးဒေသက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်ကြီးနှင့် မူးမြို့နယ်တွင် (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ အခမ်းအနား ပြုလုပ်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နဲ့ မူးမြို့နယ်မှာ (၇၈)ကြိမ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ

ရခိုင်ပြည်နယ်စစ်မြေပြင်ကို ပို့ခံထားရတဲ့စစ်သားတွေဟာ အသေအပျောက်များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီကအတင်းအဓမ္မတပ်သားသစ် စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

ဗုံးကြဲခံရလို့ ပိတ်မိနေတဲ့ နောင်ပိန်ရွာထဲ စစ်အုပ်စု သတ်ဖြတ်မှုများ ပြုလုပ်ခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက်စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေကို ပစ်ခတ်ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရေဖြူအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ၃ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ဒေါနတပ်ရင်း၊ တပ်ခွဲ ၆ - ဝေဟင်တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။