မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မတ်လ ဒုတိယပတ်အစမှာပဲ အရပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ Voice of Mandalay ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့ မတ္တရာမြို့နယ်မှာ စစ်အုပ်စုက အရပ်သားကျေးရွာတွေဆီ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မတ်လ ၉ ရက်နေ့၊ မနက်ပိုင်းက မတ္တရာမြို့ပေါ် ဘောလုံးကွင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆည်တော်လေးလမ်းခွဲနေ အရပ်သား၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မနက် ၁၀နာရီခွဲအချိန်ကစပြီး လက်နက်ကြီး ၉ လုံးအထိ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁၁ရက်နေ့ကလည်း မတ္တရာနယ်အရှေ့ခြမ်းက ကျောက်တံတားရွာ အနီးတဝိုက်ကို မိတ္ထီလာရှမ်းတဲလေဆိပ်တက် ဂျက်ဖိုက်တာ နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့သလို အဲ့ဒီနေ့ညပိုင်းမှာလည်း  Y-12 ထောက်ပို့ယာဥ်အသုံးပြုရင်း ဘိုကုန်း၊ ရှူခင်းသာ၊ မြောင်းသစ်ကုန်းနဲ့ ကျောက်တံတားကျေးရွာ ပတ်ဝန်းကျင်တွေတဝိုက်ကို  ဗုံးသီး (၄၅) လုံးအထိ အကြီးအကျယ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး အပိုင်းအစများအား တွေ့ရစဥ် (ဓာတ်ပုံ Voice Of Mandalay)

အထက်ပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

မတ်လ ၁၃ ရက် ဒီနေ့မနက်အစောပိုင်းမှာလည်း မတ္တရာမြို့၊ အရှေ့ခြမ်းမှာရှိတဲ့ ထန်းပင်ကုန်းကျေးရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် တံတားဥဦးလေဆိပ်တက် ဂျက်ဖိုက်တာ ၁ စီးနဲ့အတူ ဒီနေ့မနက်အစောပိုင်းမှာ  အယ်လ်ဖာဘိလပ်မြေစက်ရုံတဝိုက်ကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးကြောင်း The Voice Of Wetlet Madayar တာဝန်ရှိသူက ပြောပါတယ်။

“လေယာဉ်တွေက တစ်နေ့ကို ၃၊ ၄ ကြိမ်လောက် လာပစ်တယ်။ လက်နက်ကြီးကတော့ တစ်နေကုန် ရမ်းသမ်းပစ်နေတော့တာပါပဲ။ မတ္တရာမြို့ပေါ် ဘောလုံးကွင်းထဲကနေ အဓိကပစ်တာပါ။ ဟောင်ဝစ်ဇာတို့ မစ်ဇိုင်းတို့နဲ့ ဆော်တာ။ တိုက်ပွဲတွေလည်းရှိနေတော့ PDF တွေရှိတယ်အထင်နဲ့ ရမ်းသမ်းချနေတာပေါ့” လို့ The Voice Of Wetlet Madayar တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မန္တလေးမြို့မြောက်ဘက် ၂၁ မိုင်အကွာမှာ တည်ရှိတဲ့ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီစခန်း ၃၀ ကျော်ကို MDY-PDF ဦးဆောင်တဲ့ တပ်တွေက ပြီးခဲ့တဲ့နှစ်အတွင်း သိမ်းပိုက်ရရှိထားတာ​ဖြစ်ပြီး စစ်အုပ်စုရဲ့ ပြန်လည်ထိုးစစ်ဆင်မှုတွေကြောင့် ဒီနှစ်ထဲမှာ ထိတွေ့မှုတွေ ပြန်ရှိနေတာလို့ သိရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက လက်နက်ကြီး​တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာကြောင့် မတ္တရာနယ်အရှေ့ခြမ်းကအရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး အပိုင်းအစများအား တွေ့ရစဥ် (ဓာတ်ပုံ Voice Of Mandalay)
0 Shares:
You May Also Like
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူပိုင် နေအိမ် (၅)လုံးနှင့် ဘုန်းကြီးကျောင်း(၁) ကျောင်း ထိခိုက်ပျက်စီး… ပြည်သူ (၁) ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ဖမ်းဆီး…

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြည်သူပိုင် နေအိမ် (၅)လုံးနဲ့ ဘုန်းကြီးကျောင်း(၁) ကျောင်းထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား (၁) ယောက်ကိုလည်း စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုတလင်မှာ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးနီးပါး ချေမှုန်းနိုင်ခဲ့တဲ့ တိုက်ပွဲက ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာက စစ်ကောင်စီတပ် အခြေချစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းပြီး ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူလူထုက ကြိုဆိုခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) က ထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်သူများ အေးချမ်းပျော်ရွှင်ပါစေ ဟု မြောက်ဦးဆေးရုံကို ဗုံးကြဲပြီး ၅ ရက်အကြာတွင် မင်းအောင်လှိုင် ပြော

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။
Read More

ဆည်တော်ကြီး ရေလှောင်တမံကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နေတယ်လို့ မန္တလေး PDF ထုတ်ပြန်

မိုးကြီးရေလျှံမှုတွေကြောင့် မန္တလေး PDF က ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ထဲက ဆည်တော်ကြီးရေလှာင်တမံကို စနစ်တကျ စောင့်ကြည့်နေတယ်လို့ MDY PDF ကထုတ်ပြန်ပါတယ်။ ပြည်သူများဘေးအန္တရာယ်မဖြစ်စေဖို့ အချိန်ပြည့်စောင့်ကြည့်နေပြီး အရေးပေါ်အခြေအနေတွေရှိပါက ပြည်သူတွေကို အသိပေးထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပြည်သူတွေ မပူးပေါင်းကြဖို့ တောင်းဆို

"စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းမှုကို ပြည်သူလူထုတရပ်လုံးအနေဖြင့် မိမိတို့ တော်လှန်ရေး အင်အားစုများနှင့် အတူတကွ ရနိုင်သမျှ နည်းလမ်းမျိုးစုံသုံး၍ ဆန့်ကျင်ကြရန် လိုအပ်သည်" လို့ ရန်ကုန်သပိတ်အင်အားစုတွေရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။