လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ရက်မှာ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ အကာအကွယ်ပေးမှုအောက်က ဒုက္ခသည်တွေအနေနဲ့ Yeongyang မှာ အခြေချနေထိုင်နိုင်ခြင်း ရှိမရှိနဲ့ ပတ်သက်လို့ ဒေသန္တရအစိုးရက တရားရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးနေကြောင်း The Korea Herald သတင်းက ဖော်ပြပါတယ်။

ဒုက္ခသည်တွေ နေထိုင်နိုင်ဖို့အတွက် ပိတ်ထားတဲ့ ကျောင်းတွေကိုလည်း အိမ်ရာအဖြစ် ပြောင်းလဲပေးတာမျိုးတွေ ပြန်လည်စဉ်းစားသုံးသပ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

အခုလိုနေထိုင်ခွင့်ပြုမယ့် အစီအစဉ်ကို အကောင်အထည်ဖော်ရေး အခုနှစ်အစောပိုင်းမှာပဲ ဆုံးဖြတ်နိုင်ဖို့ တာဝန်ရှိသူတွေအနေနဲ့ မျှော်လင့်ထားကြောင်း သိရပါတယ်။

မြောက် Gyeongsang ပြည်နယ်၊ Yeongyang ကောင်တီရှိ လမ်းတစ်ခု (ဓာတ်ပုံ Yonhap)

“လူဦးရေ ကျဆင်းမှုကို တားဆီးဖို့ နည်းလမ်းတစ်ခုခုရှိရင် ဒုက္ခသည်တွေကို ဆွဲဆောင်တာအပါအဝင် ဖြစ်နိုင်ခြေအားလုံးကို ကျနော်တို့ စဉ်းစားနေပါတယ်” “ဒီဒေသ မပျောက်ပျက်စေဖို့ ကျနော်တို့ အစွမ်းကုန် လုပ်ဆောင်နေပါတယ်” လို့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

Yeongyang ဟာ တောင်ကိုးရီးယားပြည်နယ်တွေထဲ လူဦးရေအနည်းဆုံး ဒေသဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါး၊ ၂၀၀၆ ဇန်နဝါရီလတုန်းက ဒီဒေသရဲ့လူဦးရေဟာ ၂သောင်းအောက် ကျဆင်းသွားခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီလမှာတော့ လူဦးရေ ၁၅၂၇၁ အထိ ရောက်ရှိသွားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တွေအတွင်း လူဦးရေကျဆင်းမှုကို တားဆီးဖို့အတွက် ဒေသအစိုးရဟာ ကလေးမွေးဖွားသူတွေကို ဝမ်သန်း ၁၀၀ (ဒေါ်လာ ၆၈၀၀၀) အထိ ထောက်ပံ့ပေးဖို့ မက်လုံးပေးခဲ့တာမျိုး အပါအဝင် အစီအမံတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဒီလိုကြိုးပမ်းနေတဲ့ကြားက အဆိုပါဒေသရဲ့ နှစ်စဉ်ကလေးမွေးဖွားမှုက ၂၅ ယောက်သာ ရှိပြီး သေဆုံးသူကတော့ အကြမ်းဖျဉ်း ၃၀၀ ခန့်ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတော့ နှစ်စဉ်မွေးဖွားမှု ၁၀၀ နဲ့ သေဆုံးမှု ၂၀၀ အထိ ရှိခဲ့တာဖြစ်ပါတယ်။

မူရင်းသတင်း – Fearing extinction, this Korean county is looking to attract Myanmar refugees

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ရွေးကောက်ပွဲ နိုင်ငံရေးဟန်ပြသာဖြစ်၍ အာဆီယံဥက္ကဋ္ဌ လက်မခံ

အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဟာ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကိုလည်း နိုင်ငံရေးဟန်ပြတစ်ခုအဖြစ် ပယ်ချခဲ့တယ်လို့ ထိုင်းသတင်း Thai Enquirer က မေလ ၂၆ ရက်မှာ ဖော်ပြပါတယ်။
Read More

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် အိန္ဒိယကုမ္ပဏီထံမှ ရင်းနှီးမြှုပ်နှံငွေများအား ဆွီဒင်ပင်စင် ရန်ပုံငွေအဖွဲ့ ပြန်လည်ထုတ်ယူမှုအပေါ် JFM ကြိုဆို

စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ ဂုဏ်ပြု

အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုတယ်ဆိုတာနဲ့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက လူမှုကွန်ရက် X (Twitter) မှာ ရေးသားထားပါတယ်။
Read More

ထိုင်းက လူသားချင်းစာနာမှုအဖြစ် မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်း လှူဒါန်း

မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
Read More

မြန်မာ့အရေး အစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲ ကျင်းပမည်ဟု အာဆီယံ ပြော

အာဆီယံအနေနဲ့ လာမယ့်သီတင်းပတ်မှာ ပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာ့အရေး အထူးအစည်းအဝေးနှစ်ခု ကျင်းပသွားမှာဖြစ်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။