မြန်မာနိုင်ငံမှာ ရုရှားက ဝင်ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း မတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အတူလက်တွဲ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ဟာ မြန်မာပြည်သူတွေရဲ့ အကျိုးထက် စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ရဲ့ ဆက်ဆံရေးခိုင်မြဲဖို့အတွက်သာ ဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ၂၀၁၂ ခုနှစ်က ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရတွေအကြား လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့တဲ့စီမံကိန်းဖြစ်ပါတယ်။

ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေ သိမ်းပိုက်ခံရခြင်း၊ ဒေသခံပြည်သူတွေ အတင်းအဓမ္မ နေရပ်စွန့်ခွာရခြင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် စီမံကိန်းဟာ ရပ်ဆိုင်းခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြန်လည်အသက်သွင်းလာပြန်တာ ဖြစ်ပါတယ်။

စီမံကိန်းအတွင်း ရေနက်ဆိပ်ကမ်း၊ ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ ရေနံဓာတုစက်ရုံနဲ့ အခြားသော ညစ်ညမ်းစက်ရုံ များစွာပါဝင်တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စတွေလုပ်မယ်ဆိုရင် ရေရှည်မှာ နှစ်နိုင်ငံအကြား အကျိုးစီးပွါးရှိမှာမဟုတ်ဘူးလို့ မတ်လ ၁၀ ရက်နေ့မှာ ရုရှားအစိုးရဆီ စာပို့အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စစ်ကောင်စီနှင့် ရုရှား လက်မှတ်ထိုး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် EV ကား အားသွင်းရုံများ ထပ်မံဖွင့်လှစ်ဖို့ ရပ်နားထားရ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်လက်နက်ဝယ်ယူဖို့နှင့် နိုင်ငံရေးအရ ထွက်ပေါက် ရှာခြင်းသာဖြစ်သည်ဟု NUG ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့လယ် မီးရထားရုံးချုပ်ဟောင်းနေရာက ပန်နီဆူလာဟိုတယ်စီမံကိန်း ရပ်ဆိုင်း၊ ရင်းနှီးမြှုပ်နှံထားတဲ့ငွေ အားလုံးကို ဆုံးရှုံးငွေအဖြစ် သတ်မှတ်

ရန်ကုန်မြို့က အမေရိကန်ဒေါ်လာသန်း ၁၃၀ ကုန်ကျမယ့် ပန်နီဆူလာဟိုတယ်စီမံကိန်းကို  ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း  Nikkei Asia သတင်းမှာ ရေးသားဖော်ပြထားပါတယ်။
Read More

ထားဝယ်အထူးစီးပွါးရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ စစ်ကောင်စီနှင့် သဘောတူညီမှုရရှိခဲ့ဟု ရုရှား ဆို

ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားက စစ်ကောင်စီနဲ့ သဘောတူ လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်‌နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

Star City စီမံကိန်းအတွက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းမှ ငွေကြေးများ လက်ခံအသုံးပြုခဲ့ခြင်းမရှိဟု ရိုးမအုပ်စုငြင်းဆို

အွန်လိုင်းလိမ်လည်စင်တာတွေက ရာဇဝတ်လုပ်ငန်းဝင်ငွေတွေကို စီမံကိန်းချဲ့ထွင်ရာမှာ ရန်ပုံငွေအဖြစ် အသုံးမပြုခဲ့ကြောင်း မြန်မာပြည်ရဲ့ အချမ်းသာဆုံးသူဌေးကြီးတဦးဖြစ်တဲ့ ဦးသိမ်းဝေ ခေါ် မစ္စတာဆာ့ဂျ်ပန်း တည်ထောင်ထားတဲ့ Yoma Strategic Holdings က ငြင်းဆိုလိုက်ပါတယ်။