ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးက အကြမ်းဖက်စစ်‌ကောင်စီ စခန်းနဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က မနေ့က ထုတ်ပြန်ပါတယ်။

အုတ်တွင်းမြို့နယ်အတွင်းရှိ ကျွဲပွဲမြို့နဲ့ ညောင်ခြေထောက်မြို့ကြား ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး ကျောက်တိုင်ကျေးရွာက စစ်တပ်စခန်းကို မတ် ၉ ရက်၊ မနက်အစောပိုင်းမှာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးပြီး လက်နက် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂၊ ဗျူဟာ ၂၃ တပ်ဖွဲ့တွေဖြစ်တဲ့ တပ်ရင်း ၃၅၀၂၊ အုတ်တွင်းမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျွဲပွဲမြို့၊ မြို့စိုးတံတားအနီးရှိ ရေအိုးစဉ် ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စကစ စစ်ကြောင်းကိုလည်း မတ် ၉ ရက်နဲ့ ၁၀ ရက်တွေမှာ တိုက်ခိုက်ခဲ့ရာ အရာရှိ တစ်ယောက်အပါအဝင် စစ်ကောင်စီတပ်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေအိုးစဉ်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်သားတွေ သေဆုံးစစ်သားတွေကို သယ်ဆောင်ပြီး ပြန်ဆုတ်ခွာသွားပုံ

အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းက မတ်လ ၁၀ ရက် နေ့လည်ပိုင်းမှာတော့ ပြန်လည်ဆုတ်ခွာသွားပြီး ရေအိုးစဉ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အုတ်တွင်း ပကဖ က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ တပ်ရင်း ၃၅၀၂၊ အုတ်တွင်းမြို့နယ် ပကဖ ၊ Delta One Drone force ၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Eagle’s Power Arms Drone အဖွဲ့နဲ့ Federal Peacock Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အုတ်တွင်းမြို့နယ် ပကဖ ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထန်းတပင်မြို့နယ်၊ သပြေညွှန့် စကစအထိုင်စခန်းကို PDF အထူးကွန်မန်ဒိုတပ်ရင်း P29914 ၊  KNLA တပ်မဟာ ၂ ၊ KNLA တပ်မဟာ ၃ ၊ ယောနသံ Drone Force တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ရာမှာလည်း စစ်ကူဖြတ်တောက်ရေးအဖြစ် ပါဝင်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

စစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးသည့် တပ်ကြပ်ကြီးဟောင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့အထွက်မှာ စစ်ဆေးမှုကိုလက်မခံဘဲ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ကြပ်ဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။
Read More

မင်းတပ်မြို့နယ် ကျေးရွာစာသင်ကျောင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်၊ စစ်ရှောင်ကလေးငယ် ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သာပြည်သူ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

ချောက်တွင် စစ်အုပ်စုနှင့် PDF ၄ ရက်ဆက် ထိတွေ့မှု့ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦး သေ၊ အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့တိုက်ပွဲ ၄ ရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၁၂ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း Chauk Revolution Army တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ရေစကြိုစစ်အုပ်စုများ လက်နက်ကြီးပစ်ခတ်မှုနှင့် လူဖမ်းဆီးမှု ဆိုးဆိုးဝါးဝါး လုပ်ဆောင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်ချုပ်ရေးအရေးပေါ် မြို့နယ်အဖြစ် ထုတ်ပြန်ခံရပြီးချိန်ကစလို့ အရပ်သားဖမ်းဆီးမှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ တကျော့ပြန် ဆိုးဝါးလာကြောင်း Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကော်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ ရာမညမွန်တပ်တော်ထံ အလင်းဝင်

မွန်ပြည်နယ်အခြေစိုက်တပ်ဖွဲ့ဖြစ်တဲ့ ရာမညမွန်တပ်တော် (RMA) ထံကို စစ်ကောာင်စီတပ်သား ၂ ယောက် လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်ခိုလှုံလာတယ်လို့ RMA က သတင်းထုတ်ပြန်ထားပါတယ်။