ကိုးကန့်အမျိုးသားတို့ရဲ့ ပြီးမြောက်ခဲ့ပြီဖြစ်တဲ့ “အိမ်ပြန်ခရီး” အတွက် အထူးဝမ်းမြောက်ဂုဏ်ယူတယ်လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ (၃၆)နှစ်မြောက် “တပ်မတော်နေ့” အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) က သဝဏ်လွှာပေးပို့လိုက်ပါတယ်။

သဝဏ်လွှာအတွင်း ၁၀၂၇ စစ်ဆင်ရေးကြီးက မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ အန္တိမမျှော်ရည်ချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် များစွာအထောက်အကူပြု ပံ့ပိုးပေးနိုင်ခဲ့တာကြောင့် အထူး ဂုဏ်ယူဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

MNTJP/MNDAA ရဲ့ အဖွဲ့အစည်း ခေါင်းဆောင်ကြီးတွေနဲ့တကွ အဖွဲ့ဝင်တွေအားလုံး၊ အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီနဲ့ အဖွဲ့ဝင်တွေအားလုံး၊ ကိုးကန့်ပြည်သူအားလုံးနဲ့ ကိုးကန့်ဒေသမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူအားလုံး ကိုယ်စိတ်နှစ်ပါး သာယာ ချမ်းမြေ့ ဘေးကင်း လုံခြုံပါစေလို့လည်း ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အပါအဝင် မဟာမိတ်တော်လှန်ရေးအဖွဲ့ကြီးတွေနဲ့ ဟန်ချက်ညီ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက်လည်း ဂုဏ်ယူဝမ်းမြောက်တယ်လို့ ဖော်ပြထားပါတယ်။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းရဲ့ ရှေ့အနာဂတ်မှာလည်း နောင်တော် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နဲ့ အနီးကပ်ပူးပေါင်းလက်တွဲကာ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး၊ ဘုံပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ဆက်လက် ချီတက်သွားမယ်လို့ ဆိုပါတယ်။

မန္တလေး PDF ဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရှမ်းမြောက်ကဒေသတချို့မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ချေမှုန်းကာ မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ကျိုက်ထော်ကျေးရွာ ဆုတောင်းပြည့်စေတီ စိန်ဖူးတော် မြေခ

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာမှာရှိတဲ့ ဆုတောင်းပြည့်စေတီရဲ့ စိန်ဖူးတော်ဟာ ငလျင်လှုပ်ခတ်မှုကြောင့် ကျိူးကျပျက်စီးခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်း လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်ခိုက်ရာ ၁၀ ယောက်သေပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီတပ်တွေရဲ့ ၂ရက်တာ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၇၂ လုံး မီးလောင်ပျက်စီး

ကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေစွန်းတော်ကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ကာ မီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ် ၂၇၂ လုံး မီးလောင်ပျက်စီးကုန်တယ်လို့ Yesagyo Township Info Committee က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ပေါင်းတည်မြို့နယ်တွင် စစ်အုပ်စုက နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ရွာသား ၂၀ ခန့်ကို ဖမ်းဆီးသွား

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရုပ်ဆိုင်ရွာမှာ အကြမ်းဖက်စစ်အုပ်စုက လူနေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
Read More

ဆင်ပေါင်ဝဲမှာ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်၊ ၆ ဦးထက်မနည်း သေပြီး ၁၀ ဦးကျော် ဒဏ်ရာရ

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခြေလျင်စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ရာ ၆ ယောက်ထက်မနည်း သေပြီး ၁၀ ယောက် ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ သရက်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

စစ်တွေ – ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲတွင်  အေအေ တပ်ရင်းမှူး ၁ ဦး ကျဆုံး

ရခိုင်ပြည် စစ်တွေ - ပုဏ္ဏားကျွန်း နယ်အစပ်တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) တပ်ရင်းမှူး ၁ ယောက်ကျဆုံးခဲ့တယ် လို့ ရခိုင်ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။