မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီက ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်မှုထမ်းခိုင်းဖို့လုပ်ဆောင်နေသလို ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

ညောင်ဦးမြို့နယ်အတွင်းက အောင်သိဒ္ဓိ၊ အောင်မင်္ဂလာ၊ ပြည်တော်အေး၊ စိုက်ပျိုးရေး၊ ဇေယျဝတီ၊ ငှက်ပစ်တောင်၊ အောင်သပြေ၊ မြို့မကွက်သစ်၊ ကံသာယာစတဲ့ ရပ်ကွက်တွေကနေ စစ်မှုထမ်းအတွက် လူ ၇၀၀ ကျော် စာရင်းပါဝင်ထားကြောင်းကို People’s Democratic Army (PDA) အဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ သက်ဆိုင်ရာစာရွက်စာတမ်းတွေနဲ့အတူ ချပြခဲ့ပါတယ်။

ဒါဟာ ညောင်ဦးမြို့နယ်အတွင်းက နယ်မြေတစ်ခုစာပဲ ရှိသေးကြောင်းနဲ့ ငါးသရောက်မြို့နဲ့ ပုဂံမြို့အပါအဝင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာတွေ၊ ရပ်ကွက်တွေကနေ  စစ်မှုထမ်းအင်အား ထောင်နဲ့ချီအထိ ခေါ်ယူမှာဖြစ်တယ်လို့ ညောင်ဦး​ သတင်းရင်းမြစ်တစ်ခုက​ မောင်းကို ပြောပါတယ်။

“ညောင်ဦးမြို့နယ်မှာက နယ်မြေ ပြောမလား၊ တိုက်နယ်ပြောမလား ၇ခု ရှိတယ်။ PDA ထုတ်ပြန်ထားတာက ၁ခုစာ လူစာရင်းပဲ ရှိပါသေးတယ်။ သိရသလောက်ဆို နယ်မြေ၁ခုစာကို လူ ၇၀၀ လောက် သတ်မှတ်ထားတယ်ပေါ့။ စုစုပေါင်းဆို ၅ထောင်နီးပါးလောက် ရှိပါမယ်။” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ယောက်က မောင်းကိုပြောပါတယ်။

ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တွေ၊ ပုဂံဘုရားတွေရှိရာ ညောင်ဦးမြို့နယ်မှာ အခုလို ဒေသခံတွေဖမ်းဆီးခံရမှုအပြင် ဘုရားဖူးလာ​ရောက်သူတွေကိုပါဖမ်းဆီးခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“အခုပေါ်တာဆွဲနေတာက ညောင်ဦးတစ်မြို့နယ်လုံးတင်မကဘူး။ ဘုရားဖူးတွေပါ ဆွဲနေတာပါ။ ခိုင်လုံတဲ့သက်သေလို့ သူတို့ပြောတဲ့ စမက်ကဒ်မပါရင် ဆွဲတယ်ပေါ့။ ဒါကတော့ အကြောင်းအမျိုးမျိုးပြတာပါ။ ဖြစ်စေချင်တာကတော့ ဘုရားက ဘယ်အချိန်ဖူးဖူးရပါတယ်။ ဒီအချိန် ဘုရားဖူးလာတာတွေ လျှော့စေချင်ပါတယ်။ ပြည်သူတွေအတွက် ပြောတာပါ။ ပျူစောထီးတွေကလည်း သောင်းကျန်းနေတာဆိုတော့လေ။” လို့ ညောင်ဦးဒေသခံ၁ယောက်က မောင်းကိုပြောပါတယ်။

သူကပဲ ဆက်လက်ပြီး” စစ်ကောင်စီဘက်ကလူတွေ ပြောနေတာက ညောင်ဦးဒေသခံတွေက ခရီးသွားနဲ့စီးပွားရှာနေရတယ်ပေါ့။ ပြောချင်တာက ခရီးသွားတွေလာမှ စီးပွားရေးအဆင်ပြေတယ်ဆိုတာစားသောက်ဆိုင်၊ ဟိုတယ်၊ ကားဆွဲတဲ့ ပိုက်ဆံရှိတဲ့သူတွေကို ပြောတာပါ။ ခရီးသွားတွေမလာလို့ သူတို့ စီးပွားမပျက်သွားပါဘူး။ သာမန်အရပ်သားတွေကတော့ ခရီးသွားလာလာမလာလာ ဒုံရင်းပါပဲ။ ဟိုတည်ပိုင်၊ သုံးဘီးပိုင်တဲ့ သူဌေးဆိုတဲ့သူတွေသာ ချမ်းသာပြီးရင်း ချမ်းသာနေကြတာပါ။ စစ်ကောင်စီဘက်က ဝါဒဖြန့်ပေးနေတာကလည်း ခရိုနီသူဌေးတွေရဲ့ စီးပွားရေးအတွက်ပါပဲ။”လို့ ဆိုပါတယ်။ 

ညောင်ဦးမြို့နယ်အတွင်း ဖမ်းဆီးခံရသူတွေဟာ မိတ္ထီလာ၊ ကျောက်ပန်းတောင်းနဲ့ ရှမ်းမြောက်တန့်ယမ်းအထိ ပို့ဆောင်ခံနေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ညောင်ဦးမြို့နယ်အတွင်း စစ်ကောင်စီဒေါက်တိုင်ဆိုသူတွေလည်း မကြာခဏရှင်းလင်းခံနေရပြီး စစ်ကောင်စီက အပူတပြင်းစုံစမ်းနေတယ်လို့ သိရပါတယ်။

မတ်လ ၄ရက် ညပိုင်းကလည်း စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေတဲ့ ငါးသရောက်မြို့ခွဲဲ၊ ဆည်ရွာ ပြည်သူ့စစ်ခေါင်းဆောင် စိုးကြီး ပစ်ခတ်ရှင်းလင်းခံခဲ့ရသလို မတ်လ ၇ရက်၊ နေ့လယ်ပိုင်းကလည်း ညောင်ဦး-မြင်းခြံလမ်းပိုင်းပေါ်က သူကောင်းတည်ရွာနေ အုပ်ချုပ်ရေးမှူး သံလုံးဆိုသူတို့ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါသေးတယ်။

ပစ်ခတ်ရှင်းလင်းခံရသူတွေဟာ အရပ်သားတွေကို စစ်မှုထမ်းအပါအဝင် PDF နဲ့ဆက်သွယ်တယ်ဆိုပြီးမတရားဖမ်းဆီးတာ၊ စစ်ကြောင်းလမ်းပြလုပ်တာ၊ ပြည်သူ့စစ်ဖွဲ့တာတွေကို အားတက်သရော လုပ်ဆောင်နေကြသူတွေဖြစ်တာကြောင့် ပစ်ခတ်ရှင်းလင်းခံရတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကတော့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ခြင်း မရှိပါဘူး။ 

 

0 Shares:
You May Also Like
Read More

စစ်ကောင်စီက လားရှိုးမြို့ကို ၂ လအတွင်း အကြိမ် ၇၀ ကျော် လေကြောင်းတိုက်ခိုက်

လားရှိုးမြို့ကို ၂လအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၀ ကျော် ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော် MNDAA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသူတွေ တွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ဂွမြို့တစ်ခုလုံးကို AA စတင်သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ် ဂွမြို့က စစ်ကောင်စီတပ်ရဲ့ နောက်ဆုံးလက်ကျန် တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကာ ဂွမြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ AA ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ညောင်ဦးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ၁၀ ယောက် ကျဆုံးကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များ ဖော်ပြနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးသူတွေရှိထားကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် သတင်းချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
Read More

ကလေးမှာ စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရော ဒရုန်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ ကလေးငယ်​အပါအဝင် ၂ ယောက် သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်၁ယောက်နဲ့ အမျိုးသမီး၁ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။