မန္တလေးတိုင်း မြင်းခြံမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို မတ်လ ၃ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ပြောက်ကျားနည်းနဲ့ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့ထံက သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ယောက်သေကာ ဒဏ်ရာရရှိသူအချို့လည်း ရှိတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို မြင်းခြံမြို့ရှိ အထက (၂) ကျောင်းအတွင်း ထားခဲ့တယ်လို့ သိရကာ ထိခိုက်မှုအရေအတွက်နဲ့ အခြေအနေကို သိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ် လို့ Myingyan Black Tiger (MBT) က ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ဆင်ရေးကို Myingyan Black Tiger (MBT)တပ်ဖွဲနဲ့အတူ မဟာမိတ်တွေဖြစ်ကြတဲ့ ဗိုလ်စားပြောက်ကျားတပ်ဖွဲနဲ့ BGF က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

သေ့ဘောဘိုးစစ်စခန်း သိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ မြေအောက်လက်နက်တိုက် ၁ ခုကို KNU ပူးပေါင်းတပ် ရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အနီးရှိ သေ့ဘောဘိုစစ်စခန်းကို သိမ်းပိုက်မှုအတွင်း စစ်ကောင်စီရဲ့ မြေအောက်လက်နက်တိုက် ၁ ခုကိုပါ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

တောင်သာလမ်းပိုင်းတွင် စစ်တပ်ကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ မလိုင်ကနေ တောင်သာလမ်းပိုင်းသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဖြတ်တောက်တိုက်ခိုက်ရင်း ရဲဘော် ချစ်ကိုနှင့် ရဲဘော် ဝက်ကြီး ကျဆုံးခဲ့ရတယ်လို့ Taung Tha People Defense Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်ကြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်စောင်းပေါ်မှ နေအိမ် ၁ လုံး ပြိုကျ (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်စောင်းပေါ်က နေအိမ် ၁ လုံးပြိုကျခဲ့တယ်လို့ သိရပါတယ်။
Read More

အမ်း-ပဒါန်းလမ်းမပေါ် စစ်တပ်ရိက္ခာယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်ထက်မနည်းသေ (ရုပ်/သံ)

မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရိက္ခာယာဉ် ၃ စီးကို ဒီဇင်ဘာ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  PRA-Magway တပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်မြို့နယ် ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အနောက်ပိုင်း ညောင်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဇင်ကိုဦး၏ ပြောကြားချက် (ရုပ်/သံ)

“မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဆရပ်ကွက် အိမ်မှာနေနေတုန်း ရာအိမ်မှူးနဲ့ ဆယ်အိမ်ခေါင်း၊ ပျူစောထီးတစ်ဖွဲ့ ဧည့်စာရင်းလာကောက်တာ။ ကျနော်တို့ရဲ့ မှတ်ပုံတင်တွေ၊ အိမ်ထောင်စု ဇယားတွေ သိမ်းဆည်းသွားပြီး ရပ်ကွက်ရုံးကို လာရွေးဖို့ခေါ်တယ်။ သွားရွေးတော့ ဒီနေရာမှာ လက်မှတ်ထိုးဆိုပြီး ထိုးခိုင်းတယ်။ စာရွက်ကို ဖတ်ခွင့်မပေးဘူး။ အဲကနေ ဆေးစစ်သွားရမှာ ၃ ရက်ဆိုပြီး အမှတ် ၉၁၀ အင်ဂျင်နီယာတပ်ရင်းကို ပို့လိုက်တာ''