တော်လှန်ရေးကို သစ္စာဖောက်ပြီး ထွက်ပြေးသွားတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်နဲ့ နာမည်တူနေတဲ့အပေါ် ပြည်သူတွေအထင်မလွဲဖို့ လုပ်ဆောင်နေရကြောင်း Snipe Rangers Force (Local-PDF) တာဝန်ခံ ဆလိုင်းထက်ပိုင်ဖြိုး(ခ) ရဲဘော်ဆလိုင်းက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်း ပဲခူးတိုင်း၊ သာယာဝတီခရိုင် အခြေစိုက် PDF တပ်ရင်းတစ်ခုက ပြည်သူ့ကာကွယ်ရေးတပ်သား၂ ယောက်ဟာ သက်ဆိုင်ရာ တပ်ရင်းတွေကနေ ထွက်ပြေးပြီး စစ်ကောင်စီတပ်ထံ ခိုလှုံသွားခဲ့ပါတယ်။ 

အဲဒီ ၂ယောက်ထဲမှာ ရဲဘော်ဆလိုင်းဆိုသူလည်းပါဝင်နေတာကြောင့် နာမည်တူရှိနေတဲ့ Snipe Rangers Force (Local-PDF)  တာဝန်ခံ ဆလိုင်းထက်​ပိုင်ဖြိုး(ခ) ရဲဘော် ဆလိုင်းအပေါ် အများအပြားသက်ရောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ရဲဘော်ဆလိုင်း အကြမ်းဖက်စစ်တပ်ဆီ ရောက်သွားပြီဆိုပြီး ပြောကြတယ်ပေါ့။ အဲ့တစ်ယောက်နဲ့ ကျနော်က ရဲဘော်ဆလိုင်း ဆိုတဲ့နာမည်လည်း တူတယ်။ ပြီးတော့ အာဏာမသိမ်းခင်က စစ်တပ်အသိုင်းအဝိုင်းက လာတယ်ဆိုတာကအစ တူနေတယ်ပေါ့။ တကယ်တော့ အဲ့တစ်ယောက်က ပဲခူးဘက်ကပါ။ အဲ့အကြောင်းကိုသတင်းတွေလည်း တင်ထားကြပါတယ်” လို့ Snipe Rangers Force (Local-PDF )တာဝန်ခံ ဆလိုင်းထက်ပိုင်ဖြိုး(ခ) ရဲဘော်ဆလိုင်းက ရှင်းပြပါတယ်။

Snipe Rangers Force (Local-PDF) တာဝန်ခံ ဆလိုင်းထက်ပိုင်ဖြိုး(ခ) ရဲဘော်ဆလိုင်း

အခုလို နာမည်တူပြဿနာကြောင့် ယုံမှားသံသယဖြစ်မှုတွေကို လနဲ့ချီ ဖြေရှင်းနေရကြောင်းနဲ့ တော်လှန်ရေးလုပ်ငန်းဆောင်တာတွေအတွက် ကြန့်ကြာမှုတွေဖြစ်နေကြောင်းလည်း ပြောပါတယ်။ 

“တပ်ဖွဲ့ရပ်တည်နိုင်ဖို့ အဖက်ဖက်ကနေ ကြိုးစားနေရတဲ့အချိန်မှာ အခုလိုဖြစ်တော့ ရန်ပုံငွေရှာဖွေတာနဲ့ ပြင်ပဆက်ဆံရေးတွေကို ထိခိုက်စေတာပေါ့။ ဒီဖြစ်စဥ်ကို စသိတာက ကျနော်ရဲ့ အင်တာဗျူး Video Click အောက်မှာ စပြီးလာပြောကြတာပါ။ နောက်ကြာလာတော့ အကောင့်ကနေပါ လာမေးကြတယ်။ အစက ပေါ့ပေါ့လေးနေခဲ့ပေမယ့် အခုတော့ မရှင်းလို့မရဘူးထင်လို့ ရှင်းရတာပါ။ တချို့က ရဲဘော်ဆလိုင်း ဆိုတဲ့ နာမည်ကိုပဲ သိတယ်။ လူကိုမသိကြဘူး။ ကျနော့်အနေနဲ့ကတော့ လက်လှမ်းမှီသလောက် အကူအညီတောင်းပြီး ဖြေရှင်းမှာပါ။ ပြီးရင်တော့ ပြည်သူကိုပေးထားတဲ့ ကတိအတိုင်း လွတ်လပ်ခြင်းတွေနဲ့အတူတူ မန်းမြေ ကို အရောက်ပြန်နိုင်ဖို့ ကြိုးစားသွားမှာပါ။” လို့ ဆလိုင်းထက်ပိုင်ဖြိုး(ခ) ရဲဘော်ဆလိုင်းက မောင်းကို ပြောပါတယ်။

Snipe Rangers Force (Local-PDF) တပ်ဖွဲ့အနေနဲ့ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းက အရာတော်၊ ချောင်းဦး၊ မုံရွာနဲ့ မြင်းမူမြို့နယ်တွေမှာ ဒေသတပ်ဖွဲ့၊ MOD တပ်ရင်းတွေနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

“ကျနော်အနေနဲ့ ၂၀၂၁ အစောပိုင်းကတည်းကစပြီး လက်နက်ကိုင်လမ်းစဥ်ကို လိုက်ရင်း စစ်အာဏာရှင် စနစ်ကို ပုန်ကန်ခဲ့တာပါ။ လက်ရှိလည်း Snipe Rangers Force (Local – PDF) နဲ့အတူတူ စကစ တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေပါတယ်။ လက်ရှိတော့ ကျန်းမာရေးအခြေအနေကြောင့် မစ်ရှင်တွေကို မလိုက်ဖြစ်တာ ၂လလောက်ရှိပါပြီ။ နောက်ကနေပဲ စီမံပေးနေပါတယ်။ ကျန်းမာရေးကြောင့်အနားယူရင်း တပ်အတွက်ဖြည့်တင်းစရာဖြည့်တင်းရင်းနဲ့ပေါ့။” လို့  ဆလိုင်းထက်ပိုင်ဖြိုး(ခ) ရဲဘော်ဆလိုင်းက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ရက်နေ့ မနက်ပိုင်းမှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်အခြေစိုက် Yoma GBK  PDF တပ်ဖွဲ့ဝင် ၂ယောက်ဟာ တပ်ဖွဲ့ကနေ ထွက်ပြေးပြီး အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းက စစ်ကောင်စီတပ်တွေထံ ဘက်ပြောင်းသွားခဲ့ရာ အဲ့ဒီ၂ယောက်ထဲမှာ ရဲဘော်ဆလိုင်းဆိုသူလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Snipe Rangers Force (Local-PDF) ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

ရေကြီးမှုကြောင့် မြန်မာပြည်သူ ၂၂၆ ယောက် သေဆုံးပြီး ၇၇ ယောက် ပျောက်ဆုံးနေကြောင်း စစ်ကောင်စီထုတ်ပြန်

မုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် မြန်မာပြည်မှာ သေဆုံးသူဦးရေ ၂၂၆ ယောက်အထိ ၂ဆတိုးလာပြီး ၇၇ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

ယောကာကွယ်ရေးတပ်မှ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းရဲဘော်များကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်

ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် - YDF က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းရဲဘော်တွေကို အောက်မေ့ရည်စူးပြီး ဆီမီးထွန်းဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ YDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အတင်းအဓမ္မ စစ်မှုထမ်းဖို့ စုဆောင်ခြင်းခံထားရတဲ့ စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ဆောင်

နိုင်ငံတစ်ဝန်း အတင်းအဓမ္မ စုဆောင်းခြင်းခံထားရတဲ့ လူငယ်လူရွယ်တွေကို စစ်မှုထမ်း အပတ်စဉ် (၆) သင်တန်းဆင်းပွဲကို ပြုလုပ်ပြီး ရှေ့တန်းနယ်မြေတွေကို စတင်ပို့ဆောင်နေပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။  
Read More

မုံရွာရဲစခန်းအချုပ်မှာ LGBT နိုင်ကျဉ်း ၁ ယောက် ဆေးရုံတက်ရောက်ကုသခွင့်မရလို့ ရောဂါပြင်းထန်စွာနဲ့ ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းအချုပ်မှာ  LGBT လိင်စိတ်ခံယူထားသူ နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ဟာ ကျောက်ကပ်ရောဂါနဲ့ အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်းမှာပဲ ဒီဇင်ဘာလ(၂၅)ရက်မှာ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။