မြန်မာကကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား လိမ်လည်အလုပ်သမား ၃၀၀ ကို ထိုင်းကတဆင့် တရုတ်နိုင်ငံကို ဖေဖော်ဝါရီလ ၂၁ ရက် သောကြာနေ့က လွှဲပြောင်းပေးခဲ့ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာတဲ့ တရုတ်နိုင်ငံသား ၅၀ ကို ပထမအသုတ်အဖြစ် ကြာသပတေးနေ့က နေရပ်ပြန်ပို့ခဲ့တာဖြစ်ပြီး နောက်ထပ်နိုင်ငံခြားသား ထောင်ကျော်ကိုလည်း လာမဲ့အပတ်ထဲ အိမ်ပြန်ပို့သွားဖို့ ရှိပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကတဆင့် တရုတ်နိုင်ငံသား ၃၀၀ ကို ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ၎င်းတို့အနေနဲ့ “အွန်လိုင်းလိမ်လည်မှုစင်တာတွေနဲ့ နောက်ကွယ်က ပါဝင်ပတ်သက်နေတဲ့ နိုင်ငံခြားသားတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး” လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun ကတော့ ငွေလိမ်လုပ်ငန်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ကြား (အင်အားအပြည့် ပူးပေါင်းဆောင်ရွက်တဲ့) “မိုးကြိုးပုံစံ ပူးပေါင်းဆောင်ရွက်မှုမျိုး” လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“တရုတ်နဲ့ နိုင်ငံများစွာတို့ဟာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားနဲ့ တယ်လီကွန်း လိမ်လည်မှုတွေကို တိုက်ဖျက်ဖို့နဲ့ တရုတ် နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အခိုင်အမာဆုံးဖြတ်ထားပါတယ်” လို့ Guo က ဆိုပါတယ်။
ငွေလိမ်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူတွေဟာ ၎င်းတို့ကို အလုပ်လုပ်ဖို့ လှည့်စားပြီး ၎င်းတို့ဆန္ဒကို ဆန့်ကျင်ကာ ခိုင်းစေခံခဲ့ရကြောင်း ပြောဆိုကြပေမဲ့ တရုတ်အစိုးရနဲ့ နိုင်ငံပိုင်မီဒီယာတို့က ၎င်းတို့အားလုံးကို သံသယရှိသူတွေအဖြစ် ဖော်ပြထားပါတယ်။
ထိုင်းအစိုးရကလည်း ၎င်းတို့အနေနဲ့ ထိုင်းနိုင်ငံကို ရာဇ၀တ်မှုဆိုင်ရာ အကူးအပြောင်း ဗဟိုချက်နေရာအဖြစ် နောက်ပိုင်းမှာ အလွဲသုံစားလုပ်မခံရအောင် နေရပ်ပြန်တရုတ်နိုင်ငံသားတွေဆီကနေ ဇီဝဗေဒဆိုင်ရာ အချက်အလက်တွေ စုဆောင်းသွားမယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။
News-AFP
0 Shares:
You May Also Like
Read More

ထိုင်းက လူသားချင်းစာနာမှုအဖြစ် မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်း လှူဒါန်း

မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
Read More

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း ၂၀၀ နီးပါးကို မလေးအာဏာပိုင်တွေ ဖမ်းဆီး

မြန်မာပြည်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၁၉၆ ယောက်ကို မလေးအာဏာပိုင်တွေက ဇန်နဝါရီလ ၃ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ မလေးရှားသတင်းက ဖော်ပြထားပါတယ်။ 
Read More

တရုတ်-မြန်မာ သမိုင်းတလျှောက် ဆက်ဆံရေးအကောင်းဆုံး အခြေအနေဖြစ်ဟု မင်းအောင်လှိုင် ပြောဆို၊ တရုတ်နိုင်ငံဟာ ကမ္ဘာကြီးကို ကာကွယ်ပေးနိုင်မည်ဟု ဖားယား ပြော

တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးနဲ့ တော်လှန်ရေးအပေါ် များစွာ ဝင်ရောက်စွက်ဖက်နေတယ်လို့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဘက်က ပြောဆိုနေကြချိန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လက်ရှိမှာ တရုတ်-မြန်မာ ဆက်ဆံရေးဟာ အကောင်းဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ကန်ချနဘူရီမှ တောအုပ်တခုတွင် တရားမဝင် မြန်မာရွှေ့ပြောင်း ၁၆၂ ဦး ဖမ်းဆီးခံရ

ထိုင်းနဲ့ မလေးရှားမှာ အလုပ်ဖို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း ၁၆၂ ယောက်ကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ သောင်းဖဖုံခရိုင်က တောအုပ်တခုအတွင်းမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

မြောက်ဦးဆေးရုံ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး စစ်တပ်က လူသားချင်းစာနာမှုအပေါ် အလေးမထားကြောင်း ပြသခြင်းဟု APHR ပြောကြား

မြောက်ဦးဆေးရုံ တိုက်ခိုက်ခံရမှုဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဖြစ်ပြီး စစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။