မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ အားပေးခဲ့တဲ့ ဒေါ်သက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ဦးကို စစ်ကောင်စီက တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် အပါအဝင် ၃ ဦးကို တာဝန်မှ အနားယူခွင့် ပြုလိုက် ပြီး ပြည်ထောင်စုဝန်ကြီး ၅ ဦးကိုတော့ ခန့်အပ် တာဝန်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ စစ်တပ်က အာဏာသိမ်းစဉ်က လူကယ်ပြန်ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံခဲ့ရပြီးနောက် ဟိုတယ်ခရီးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခြင်းခံခဲ့ရအပြီး အခုလို ၄နှစ်အကြာမှာ စစ်ကောင်စီက ရာထူးကနေရပ်ဆိုင်းလိုက်တာပါ။
ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ပိုင်ရှင်လည်းဖြစ်သူ ဒေါ်သက်သက်ခိုင်ဟာ စစ်အာဏာမသိမ်းခင်က PPP ပါတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နှုတ်ထွက်လာသူအချို့နဲ့ ပူးပေါင်းကာ တည်ထောင်ခဲ့ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။
ဒေါ်သက်သက်ခိုင်နဲ့အတူ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နဲ့ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တို့ကိုလည်း စစ်ကောင်စီက ရာထူးကနေရပ်ဆိုင်းလိုက်ပါတယ်
စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်ဖို့ တစ်ရက်သာ လိုတော့တဲ့ အချိန် မနေ့က ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းပြည်ကို အရေးပေါ်ကာလ ၆လ သက်တမ်းကို ၈ကြိမ်မြောက် တိုးခဲ့ပါတယ်။ ဒီနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတော့ တိုင်းပြည်ကို စစ်တပ်က အာဏာသိမ်းခဲ့တာ ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

စစ်ကောင်စီရဲ့ ရေဖြူမြို့နယ် တပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်၊ ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းနဲ့ ရေးမြောက်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်က စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်ချေမှုန်းသိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်ကြီးနဲ့ ဗိုလ်အဆင့်အပါ ၁၄ ယောက် သေပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုင်းကိုင်မြို့နယ်က SSPP တပ်စခန်းကို RCSS ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်ကို ဖမ်းဆီးကာ ဒေသခံ ၁ ယောက်ကို ပစ်သတ်သွားဟု SAPP ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်က ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ်နှစ်ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဝင်ရောက်တိုက်ခိုက်ပြီး SSPP တပ်ဖွဲ့ဝင် ၈ ယောက်နဲ့ ဒေသခံ ၁ ယောက်ကို ဖမ်းဆီးသွားကာ ဒေသခံ ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ SSPP က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆တပ်ရင်း၏ အနောက်ဘက်တွင် လေယာဉ်ကွင်းဖောက်ဖို့ဆိုပြီး လူနေအိမ်များကို ပြောင်းရွှေ့ခိုင်းနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက်တပ်ရင်းဖြစ်တဲ့ အမှတ် ၃၆ ခြေလျင်တပ်ရင်း (ခလရ ၃၆) အနောက်ဘက်မှာ လေယာဥ်ကွင်းဆောက်လုပ်ဖို့ဆိုပြီး လူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဂန့်ဂေါတွင် ရွာအတွင်းသို့ လမ်းမှားဝင်လာသည့် ဒေသခံအမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ် သတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့တောင်ဘက် အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေ အထိုင်ချထိန်းချုပ်ထားတဲ့ ရှောက်ပင်ရွာထဲကို လမ်းမှားပြီး ဝင်ရောက်သွားသူ ဒေသခံအမျိုးသားတစ်ယောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူရာတွင် ပူးပေါင်းသွားမည်ဟု KNDF ထုတ်ပြန်

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။