တီမောလက်စတေးနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“တီမောလက်စတေးကိုလည်း ၂၀၂၃ ခုနှစ်က သွားရောက်ခဲ့သလို ၂၀၂၄ ခုနှစ်မှာလည်း ထူးခြားဖြစ်စဉ်ရှိပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ နောက်ဆက်တွဲဖြစ်ပေါ် တိုးတက်မှုအနေနဲ့ တီမောမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်နိုင်ခဲ့ပါတယ်” လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့တာပါ။

တီမောလက်စတေးရဲ့ သမ္မတ ဟိုဆေးရာမို့ဟောတာကလည်း မြန်မာ့အရေး နွေဦးတော်လှန်ရေးကို နိုင်ငံတကာမှာ ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုနေတယ်လို့လည်း ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

NUG အနေနဲ့ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ချက် အပါအဝင် နိုင်ငံတချို့မှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားခဲ့ပြီး အခုချိန်မှာတော့ တီမောလက်စတေးနိုင်ငံမှာပါ ဆက်ဆံရေးရုံးကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း NUG အနေနဲ့ရော တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီးတော့ပါ နိုင်ငံတကာကို မြန်မာ့နွေဦးတော်လှန်ရေးနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ယူကေ၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ တီမောလက်စတေးတို့မှာ လှည့်လည်ရှင်းပြတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကနေ နိုင်ငံတကာနဲ့ အာဆီယံကို မြန်မာ့အရေး အခြေအနေတွေ အသေးစိတ် ရှင်းပြနိုင်ခဲ့တာကြောင့် မလေးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူပြီးနောက် ထုတ်ပြန်လာတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်မှာ “မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်” ဆိုတဲ့ သဘောထားတွေ ထွက်ပေါ်လာတာဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင်၏ ရုရှားခရီးစဉ်သည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် လောင်စာမီးထိုးပေးမည့် ခရီးစဉ်သာဖြစ်ကြောင်း JFM ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ စစ်ရာဇဝတ်မှုတွေကို ပိုမိုတိုးပွားလာစေဖို့ လောင်စာဖြစ်နိုင်ကြောင်း Justice For Myanmar က ဒီနေ့ မတ်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ၊ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ကို ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေ…

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကျားဖြန့်မှာ အသုံးပြုသည့် ထောင်ချီတဲ့ မိုဘိုင်းဖုန်းဆင်းကဒ်တွေကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ မဲရမတ်ခရိုင်မှာ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေအမြောက်အမြား သယ်ဆောင်လာတဲ့ အမျိုးသားတစ်ယောက်ကို အာဏာပိုင်တွေက စနေနေ့မှာ ဖမ်းဆီးခဲ့ကြကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားထားပါတယ်။
Read More

ချင်းလက်နက်ကိုင်တပ် ၂ ခု နယ်မြေအငြင်းပွားတိုက်ခိုက်မှု ဒေသခံအမြောက်အမြား အိန္ဒိယဘက် ထွက်ပြေး

ချင်းကာကွယ်ရေးတပ် (CDF-Hualngoram) နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့အကြား ပြီးခဲ့တဲ့ရက်တွေက နယ်မြေအငြင်းပွားမှုတိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအမြောက်အမြား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခဲ့ကြရတယ်လို့ အိန္ဒိယသတင်းတွေမှာ ရေးထားပါတယ်။ 
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်သည့် မြန်မာစစ်တပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး နိုင်ငံတကာဥပဒေ လေးစားရန် အာဆီယံ ဥက္ကဋ္ဌ ပြော

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်း အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။