ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖြူးမြို့နယ်က ဟိန္ဒူဘုရားကျောင်းဝန်းအတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင် (၇) ယောက် သေဆုံးခဲ့ပြီး ပြည်သူ (၄) ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီ သေဆုံး၊ ဒဏ်ရာရရှိသူ တစ်ယောက်စီကို ထောက်ပံ့ငွေကျပ် ၅ သိန်း ၅ သောင်းကို Myanmar Hindu Union အဖွဲ့ကိုယ်စား ပဲခူးတိုင်း ပကဖ စစ်ရေးတာဝန်ခံ၊ ရန်ကုန်တိုင်း စစ်ရေးတာဝန်ခံ၊ အမှတ် (၃၅၀၂) တပ်ရင်း ပြည်သူ့လုံခြုံရေးတာဝန်ခံ နဲ့ အခြားတာဝန်ရှိသူတွေက ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ပကဖ နဲ့ PDF တပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေးတာဝန်တွေအပြင် လူထုကူညီထောက်ပံ့ရေးနဲ့ လူထု စည်းရုံးရေး တာဝန်တွေကိုလည်း ပူးပေါင်းထမ်းဆောင်နေတာပါ။ ခုခံတော်လှန်စစ် အရှိန်မြှင့်လာတာနဲ့အမျှ အမြန်လမ်းဒေသ ဖြစ်တဲ့ ဖြူးမြို့နယ်တွင်းကိုလည်း ပကဖ နဲ့ PDF တပ်ဖွဲ့ဝင်တွေ စိုးမိုးအခြေစိုက်မှု ပိုမိုကျယ်ပြန့်လာကာ လူထုစည်းရုံးရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ရေဦးမြို့တွင် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နေစဉ် စာသင်ကျောင်းနှင့် ဆေးရုံများကို အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ်တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်နေတဲ့အချိန်မှာပဲ အနီးပတ်ဝန်းကျင် ကျေးရွာတွေက စစ်ရေးပစ်မှတ် မဟုတ်တဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ တိုက်နယ်ဆေးရုံတွေကို  အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် (၈) သင်တန်းဆင်းပွဲ

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်က ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

KNU ထံပို့မယ့် လက်နက်တချို့ ဘန်ကောက်မှာ ဖမ်းမိဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ထံပေးပို့မယ်ဆိုတဲ့ လက်နက်ပစ္စည်းတွေကို ဘန်ကောက်မြို့က ကွန်ဒိုတခုမှာ ထိုင်းရဲတွေက ဧပြီလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်း Khaosod မှာ ဖော်ပြပါတယ်။
Read More

အင်လျားကန်ဘောင်ပေါ် လူငယ် ၂၀ လောက်ကို စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေး

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ အင်လျားကန်ဘောင်က လူငယ် ၂၀လောက်ကို အာဏာသိမ်းစစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးဖို့ စစ်ဆေးခဲ့တယ်လို့ Rangoon Scout Network က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုကို KIO က ဆွေးနွေးဖို့ ကမ်းလှမ်းတာ မရှိကြောင်း ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြောကြား၊ စစ်တပ်မှ အွန်လိုင်းမှာ တွေ့ဖို့ ကမ်းလှမ်းမှုကို မြစ်ကြီးနားမှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ကြောင်းသာ အကြောင်းပြန်

စစ်အုပ်စုကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာမရှိသလို စစ်တပ်မှ အွန်လိုင်းက တွေ့ဆုံလိုကြောင်း ကမ်းလှမ်းလာခဲ့တာကိုလည်း မြစ်ကြီးနားမှာ တွေ့ဆုံဖို့ ကိုယ်စားလှယ်အဖွဲ့ လွှတ်ပေးနိုင်ကြောင်းသာ တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် က သူရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။