မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 

မနေ့က ဇန်နဝါရီလ ၁၅ ရက်၊ နေ့လည် ၁ နာရီအချိန်က တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာအနီးမှာ အဆိုပါ ပျူစောထီးခေါင်းဆောင် ချစ်ဝင်း ဆိုသူကို ယာခင်းက အပြန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

“ကျနော်တို့က သူ့ယာခင်းနားမှာ သွားစောင့်ပြီးဖမ်းတာ… ဖမ်းတာကို သူက သူ့မှာပါတဲ့ အတိုနဲ့ ပြန်ပစ်တာ…အဲ့တာနဲ့ ရှင်းလင်းလိုက်ရတာပါ” လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 

ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူခေါင်းဆောင် ချစ်ဝင်း
ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူခေါင်းဆောင် ချစ်ဝင်း

အဲဒီနောက် ညနေ ၅ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်တွေက ချစ်ဝင်း ရှင်းလင်းခံရတဲ့ ယာခင်းအနီးတဝိုက်ကို တော်လှန်ရေးတပ်တွေ ရှိသေးတယ်အထင်နဲ့ Mi 35 ရဟက်ယာဉ်နဲ့ ရမ်းသမ်းပစ်ခတ်သွားခဲ့ပေမယ့် ထိခိုက်သူမရှိဘူးလို့ ဆိုပါတယ်။

ပစ်ခတ်ရှင်းလင်းပြီးတဲ့နောက် ပျူခေါင်းဆောင်ချစ်ဝင်းထံက ပစ္စတို သေနတ် ၁လက်၊ 9mm ကျည် ၁၆ တောင့်၊ ဖုန်း ၃လုံး၊ ဓားတို/ရှည် ၂ချောင်း၊ နိုင်ငံသားမှတ်ပုံတင်ကတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

ပျူခေါင်းဆောင် ချစ်ဝင်းဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေထိုင်တဲ့ စခန်းတွေကို စစ်ကောင်စီထံ သတင်းပို့တာတွေ၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ကျေးရွာနေ ပြည်သူတွေကို အတင်းအဓမ္မ ညှင်းပန်းနှိပ်စက်တာတွေကို ပြုလုပ်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ထားပါတယ်။ 

သိမ်းဆည်းရရှိတဲ့ လက်နက် ပစ္စည်းများ
0 Shares:
You May Also Like
Read More

ဆိပ်ဖြူမှာ ဝါဇီစက်ရုံတိုက်ခိုက်ခံထားရတဲ့ စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်၊ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ ထိမှန်လို့ အရပ်သား ၅ ဦးသေပြီး ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဝါဇီစက်ရုံ တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက မြို့အနောက်ခြမ်းကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့အတွက် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ 
Read More

KNDF တပ်ရင်းအမှတ် (၅) မှ ရဲဘော် ၁ ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံး

ကရင်နီအမျိုးသားကာကွယ်ရေးတပ် - KNDF တပ်ရင်းအမှတ် (၅) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ထူးနေခလေး ဟာ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ညောင်ပင်ဇီးရွာကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးသွားတာကြောင့် အိမ်ခြေ ၁၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ (၂၈၃) မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်တပ်လက်အောက်ခံ ခလရ (၂၈၃) က တပ်သားတယောက်ဟာ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ အလင်းဝင်ရောက်လာ တယ်လို့ Phoenix - Special Warfare Force က သတင်းထုတ်ပြန်ပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်ခဲ့

ပြည်သူကာကွယ်ရေးတပ်မတော်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် - အမှတ် (၁၀၀၉)တပ်ရင်းက တပ်ရင်းမှူးအပါ ကျဆုံးရဲဘော် ၄ ယောက်ရဲ့ ( ၂ ) နှစ်ပြည့် လွမ်းဆွတ်တမ်းတခြင်းအောက်မေ့ဖွယ် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဟာခါး-ထန်တလန် အနီးက စစ်ကောင်စီစခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းပိုက် စစ်ကောင်စီ အရာရှိတွေအပါ အများအပြား သေ၊ လက်နက်ခဲယမ်းများစွာ ရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့အနီးက သီမြစ်လွင်ပြင်ဒေသမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ၄ခုကို ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။