မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံနဲ့ ဝမ်းတွင်းမြို့နယ်၊ ရေစကြိုမြို့နယ်တွေမှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ စိုင်းပြင်းနေပါတယ်။ 

MBT တပ်ဖွဲ့အနေနဲ့ ဇန်နဝါရီ ပထမအပတ်ကတည်းက တပ်သားသစ်တွေ ခေါ်ယူနေတာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့အတွက် ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းဟာလည်း ထင်ထားတာထက် ကျော်လွန်ကာ ၁၀၃ % အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

“MBT မှာ အခု​ဆို ​မြို့သိမ်းတိုက်ပွဲဲလုပ်ဖို့ လူအင်အား အလုံအလောက်က ရှိပြီးသားပါ။ တိုက်ရည်ခိုက်ရည်လည်း ရှိကြပါတယ်။ ပြောရရင် မြို့သိမ်းရတာက လွယ်ပါတယ်။ ကြီးကျယ်တာမဟုတ်ပါဘူး။ မြို့ကို ပြန်ထိန်းနိုင်ဖို့သာ ခက်တာပါ။ ဒါကြောင့် တပ်သားသစ်တွေ ခေါ်ယူဖြစ်တာပါ။ ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ နီးစပ်ရာမှာ မသွားလာဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ Myingyan Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။

MBT ခေါင်းဆောင် ဗိုလ်မိုက်ခဲနှင့် တပ်ဖွဲ့ဝင်ရဲဘော်များ

ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းနဲ့မကွေးတိုင်းထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်မှု (၉)ကြိမ်၊ ခုခံစစ် (၁၁)ကြိမ်၊ မြို့ပြပြောက်ကျား စစ်ဆင်ရေး (၁၁)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၆)ကြိမ်နဲ့ ဒရုန်းစစ်ဆင်ရေး (၅)ကြိမ်အပါအဝင် စုစုပေါင်း စစ်ဆင်ရေး (၄၂)ကြိမ်ကို မဟာမိတ်တွေနဲ့ရော သီခြားပါ ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂၀၀)ကျော် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရအောင် ချေမှုန်းနိုင်ခဲ့တယ်လို့ MBT အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း MBT တပ်ဖွဲ့က ရဲဘော်ကုလားလေးနဲ့ ရဲဘော်ဝဏ္ဏထွန်းတို့လည်း မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

MBT တပ်ဖွဲ့ဟာ ဒီနေ့ ဇန်နဝါရီ ၁၂ ရက်မှာလည်း မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း ကင်းလှည့်ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း၊ လိန်ပင်ရွာထိပ်နားမှာ ဆက်ကြေးကောက် ငွေညှစ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၅ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

“ဝမ်းတွင်းရဲစခန်းကရဲတွေပါ။ ဒီကောင်တွေက ရန်ကုန်-မန္တလေးလမ်းဟောင်း၊ လိန်ပင်ရွာထိပ်မှာ ဆက်ကြေးလာလာကောက်နေကျမို့ မိုင်းအသင့်ထောင်ပြီး တိုက်ခိုက်ခဲ့တာပါ။ မနက်ခင်း ၆နာရီလည်းဖြစ်သလို အဝေးကနေတိုက်ခိုက်ရတော့အခြေအနေတွေကို အတည်ပြုဖို့ခက်ပါတယ်။ ရဲတွေ ထိခိုက်သေဆုံးကို စုံစမ်းနေဆဲပါ။” လို့ Myingyan Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်ကြောင့် (TRI) ဗျူဟာ မှ PDF ရဲဘော် ၁ ဦးကျဆုံး၊ ငလျင်ဒဏ်သင့် ပြည်သူများကို အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကူအညီပေးနိုင်ရေး လုပ်ဆောင်နေဟု TRI ဗျူဟာ ပြော

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ၇.၇ ရစ်ချက်တာစကေးရှိ ငလျင်ဒဏ်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာက PDF ရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ TRI ဗျူဟာက ထုတ်ပြန်ထားပါတယ်။
Read More

နွားထိုးကြီးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်အုပ်စုကို တော်လှန်ရေးတပ်များတိုက်ခိုက်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ ညောင်ပင်သာရွာ ဘုန်းကြီးကျောင်းကို စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြီး ခဲယမ်းအများအပြား သိမ်းဆည်းရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်း သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

ဘိုကလေးမြို့နယ်က အုပ်ချုပ်ရေးမှူးတချို့ စစ်မှုထမ်းဥပဒေအကြောင်းပြကာ အမျိုးသားတစ်ယောက်ကို ၃၉၀၀၀ ကျပ်နှုန်းနဲ့ ငွေတောင်းယူနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မြင်းကာကုန်း၊ ဘိုးကုန်း စတဲ့ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဟာ ကျေးရွာနေပြည်သူတွေဆီက စစ်မှုထမ်းဥပဒေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေအတွက်ဆိုပြီး ငွေကြေးကောက်ခံမှုတွေလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အိမ်ထောင်စုအလိုက် လူအရေအတွက်နဲ့ ကောက်ခံနေကြတာဖြစ်ပြီး အိမ်ထောင်စုတစ်စုမှာ လူတစ်ယောက်ကို ၃၉၀၀၀ ကျပ် အတင်းအဓမ္မကောက်ခံနေကြောင်း သိရပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။