မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီပျူစခန်းက စစ်ကောင်စီတပ်သားတွေ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ ပဲခင်းတွေကို ဇန်နဝါရီ ၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။ 

ကန်နီပျူစခန်းအတွင်း အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၇၀ ခန့်ရှိပြီး ရွာလုံးကျွတ် ပျူစောထီးတွေဖြစ်အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။

အဲဒီရှင်းလင်းမှုကို ဗစ်တာပြောက်ကျားတပ်ဖွဲ့နဲ့ အညာမြေ ပြောက်ကျားတပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်ပစ်ခတ် စစ်သား ၃ ယောက်သေပြီး အများအပြားဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အုန်းပင်ကွင်းကျေးရွာအုပ်စု ပယကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေဆုံးပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းတပ် ခလရ (၂၇၄) က လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ရုပ်/သံ)

မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၇၄) တပ်ရင်းကနေ လက်နက်ချ အညံ့ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်သံကို ချင်းစစ်ရေးသတင်းရင်းမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း PDF ရဲဘော်များက မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မယ်နုအုတ်ကျောင်းကို မြင်ကွင်းရုပ်သံ

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် နန်းမတော်မယ်နုအုတ်ကျောင်းရဲ့ အစိတ်အပိုင်းအများအပြား ပြိုကျပျက်စီးသွားတာကို ယခုလိုပဲ မြင်တွေ့ရပါတယ်။
Read More

ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို PDF တွေ မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမှာ စစ်ကောင်စီစစ်ကြောင်းကို ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား တစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အမြောက်အမြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။