ပခုက္ကူကနေ မြိုင်မြို့နယ်က စစ်တပ်အခြေစိုက်စခန်းတွေကို ရိက္ခာလာပို့တဲ့ အစီး ၂၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ဇန်နဝါရီ ၆ ရက်က ကိုင်းဆယ်အရောက် ပဒေသာမိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၃ ယောက်သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် လမ်းလျှောက်မိုင်းရှင်းနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို အနီးကပ်ရော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းသို့ ကျရောက်ပေါက်ကွဲပြီး စစ်သား ၁ ယောက်သေခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ဓားစာခံဖမ်းဆီးထားတဲ့ ပြည်သူတွေလည်း ပြန်လည် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို COBRA ONE Pakokku တပ်ဖွဲ့နဲ့ BA NYEIN GUERRILLA Force တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး  COBRA ONE Pakokku တပ်ဖွဲ့ရဲ့ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့ပေါ်ရှိ မဲရုံနှင့် အကြမ်းဖက်စစ်တပ် တပ်စွဲထားသည့် နေရာများကို ဒရုန်းဗုံးကြဲပြီး ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်က မဲရုံနေရာနဲ့ အကြမ်းဖက် စစ်သားတွေ တပ်စွဲထားတဲ့နေရာ တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Thanlarwaddy Column - BLDF မှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ABSDF အမှတ် ၂ စစ်ကြောင်း အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ် (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၂ စစ်ကြောင်းမှာ အမှတ်စဉ် ၁/၂၀၂၅ အပတ်စဉ် (၉) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနား ကို ဇွန်လ ၂၅ ရက်က ပြုလုပ်ခဲ့တယ်လို့ ABSDFမှ ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီး အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပြင်ရှိ ဆက်အင်းပြန့်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ထူးချောင်းစခန်းကုန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးမှတ်တမ်း (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ကြားက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ထူးချောင်းစခန်းကုန်းကို KNDF B-09 က ဒရုန်းစစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဖော်ပြလိုက်ပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း PDF ရဲဘော်များက မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေသူများကို ဖမ်းဆီးပြီး မူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Southern Eagle PDF ရဲ့ တော်လှန် သီတင်းကျွတ်ဆုတောင်း  (ရုပ်/သံ)

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ Southern Eagle PDF ရဲ့ တော်လှန်သီတင်းကျွတ်ဆုတောင်း ရုပ်သံကို အဆိုပါ အဖွဲ့က ထုတ်ပြန်လာပါတယ်။