စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို ဇန်နဝါရီ ၄ ရက် နေ့လည်ပိုင်းက တပ်မ ၃၃ ဗိုလ်ကြီးအေးမင်းထွန်းဦးဆောင်တဲ့ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက်စစ် ကောင်စီတပ်ဟာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ရင်းထံက သိရပါတယ်။

တပ်မ ၃၃ က ဗိုလ်ကြီးအေးမင်းထွန်းဦး‌ဆောင်တဲ့ တပ်မ ၃၃၊ ခမရ ၁၁၊ ခမရ ၁၂ ပူးပေါင်းအင်အား ၆၀ ခန့်ဟာ ဒေါင်းနီတပ်ရင်း စိုးမိုးနယ်မြေကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ပြီး ဝင်ရောက်လာခဲ့တာပါ။

အဲဒီ စစ်ကောင်စီတပ်ကို ဒေါင်းနီတပ်ရင်းက ဒုရင်းမှူး နဂါးလေး ဦးဆောင်တဲ့ ဒေါင်းနီစစ်ကြောင်းနဲ့ Peacock Solider ပူးပေါင်းစစ်‌ကြောင်းဟာ တပ်ရင်း(၁၈)၊ တပ်ရင်း(၂၃) တို့နဲ့ ပူးပေါင်းချီတက်ပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က တပ်ရင်း (၁)နဲ့ တပ်ရင်း (၂)တို့ တပ်ကူ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သားနေအိမ် ၅ လုံး၊ စာသင်ကျောင်းနဲ့ အနီးဝန်းကျင် နေရာတွေ အများအပြား ပျက်စီးကာ နေအိမ် ၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ကျေးရွာတွင်းကနေ ပြည်သူ အယောက် ၃၀ ကို ကယ်ထုတ်နိုင်ခဲ့ပြီး တိုက်ပွဲပြီးဆုံးချိန်မှာ အကြမ်း ဖက်စစ်ကောင်စီတပ်သား ပျူစောထီး ၃ ယောက်

ဖမ်းဆီးရမိကာ ကျေးရွာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်သား ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နယ်မြေရှင်းလင်းရေးပြုလုပ်ချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း ၅ လောင်းကို ‌တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး MA 1 ၅ လက်၊ Drone ပစ် Gun ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကိုရင် ၃ ပါးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မန္တလေး PDF အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်း မှတ်တမ်းပုံရိပ်များ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၅ သင်တန်းသား သင်တန်းသူတွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေနဲ့ သင်တန်းဆင်းပုံရိပ်တွေကို မန္တလေး PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်တွင် ထိုင်းစစ်သား ၁ ဦး အနီးကပ်ပစ်ခတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံတောင်ပိုင်း နရသီဝပ်ပြည်နယ် စစ်ဆေးရေးဂိတ်မှာ ထိုင်းစစ်သားကို ဆိုင်ကယ် စီးနင်းလာတဲ့ သူက သေနတ်နဲ့ အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
Read More

ဗန်းမောက်မြို့ ဌာနဆိုင်ရာရုံးနှင့် အဆောက်အအုံများကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ SNA ပြည်သူ့စစ်များ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရုံးနဲ့ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ်တွေက ပူးပေါင်းမီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ကသာခရိုင်၊ အမှတ် - ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘန်ကောက်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၄ ရက်က ဘန်ကောက်မြို့လယ်ခေါင် လူစည်ကားတဲ့ နေရာတွေမှာ Free Aung San Suu Kyi - Violently Detained The Myanmar Military Junta! စာသားပါ ပို စတာကိုင်ဆောင်ပြီး ကြွေးကြော်သံတွေနဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

၁၀၂၇ ဒုတိယလှိုင်းကတည်းက တိုက်ပွဲဝင်ခဲ့သည့် ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ ရဲဘော်များ၏ အိမ်ပြန်ခရီး (ရုပ်/သံ)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကတည်းက ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေကို ကြိုဆိုခဲ့တဲ့ မှတ်တမ်းရုပ်သံကို ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။