ရန်ကုန်မြို့မှာ ဒီနေ့ နေ့လယ်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။

ဒီဇင်ဘာ ၂၂ ရက် ဒီကနေ့ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Apollo Hotel အနီးမှာ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းဆိုသူကို မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ Yangon Phoenix အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။

စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းကို Yangon Phoenix နဲ့ Together Urban Force တို့က ပူးပေါင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုထားပါတယ်။

ထုတ်ပြန်ချက်

Yangon Phoenix အဖွဲ့က  “စရဖ ဗိုလ်မှူး ဇေယျာမင်းကို ကျွန်ုပ်တို့ နှင့် Together Urban Force တို့မှ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်သူများကို အသိပေးထုတ်ပြန်အပ်ပါသည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် “ရန်ကုန်မှာဆို မင်းဘာသာ ဘာကောင်ဖြစ်ဖြစ် မလုံခြုံဘူး ၊ ငါတို့ဘက်မှာ ပြည်သူရှိတယ် ၊ မတရားမှုကိုပြုသူမှန်သမျှ ပြန်ပေးဆပ်ရမယ်၊ မင်းတို့ နိဂုံးက မကြာတော့ပါဘူး” လို့လည်း ဆိုထားပါတယ်။

ပစ်ခတ်ခံရသူ ဗိုလ်မှူးဆိုသူကို သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံကိုပို့ခဲ့ပြီး သေဆုံးမှု ရှိ မရှိကိုတော့ အတတ်မပြောနိုင်ဘူးလို့ အမည်မဖော်လိုသူ လူမှုကူညီရေးပရဟိတအဖွဲ့ ဝင်တစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်း ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို မောင်း အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့အပြီးမှာတော့ မရမ်းကုန်းမြို့နယ်အပါအဝင် ရန်ကုန်မြို့ နေရာအများအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတချို့က ပြောပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူတွင် ရိက္ခာရှာထွက်သည့် စစ်အုပ်စုများကို စောင့်ကြိုတိုက်ခိုက်၊ စစ်သား ၁ ဦးသေပြီး ပျူစောထီး ၁ ဦးအရှင်ဖမ်းဆီးခံရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မင်းတုန်းမြို့တောင်ပိုင်း စစ်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့တောင်ပိုင်းမှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

ကျောက်တော်မြို့နယ်အတွင်း စစ်တပ်က အရပ်သားပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ယခုလပိုင်းများအတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာပါတယ်။ မနေ့ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၇ ယောက်သေဆုံးပြီ၊ ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

အုတ်ဖိုမှာ ကင်းထောက်နေတဲ့ PDF တစ်ယောက် စစ်ကောင်စီတပ်တွေနဲ့ တိုးကာ အသတ်ခံရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရိုးမအစပ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကင်းထောက်နေတဲ့ PDF ရဲဘော် ၁ယောက် စစ်ကြောင်းနဲ့ တိုးကာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သာယာဝတီခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံံထံက သိရပါတယ်။