ရခိုင်ပြည်နယ် အမ်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က စစ်သားတွေ အလံဖြူထောင်လက်နက်ချနေတဲ့ ဗီဒီယိုကို ထုတ်ပြန်ပြီး “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်”လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းက အလံဖြူထောင်ပြီး ထွက်လာကြတဲ့ ရာနဲ့ချီ လက်နက်ချသူတွေကို ရုပ်သံဖိုင်အတွင်း တွေ့မြင်ရပါတယ်။

‘No Early Surrender in White Flag , No Happy New Year ‘(စောစောစီးစီး အလံဖြူထောင် လက်နက်မချရင် ပျော်ရွှင်ဖွယ်နှစ်သစ် ရှိလာမှာ မဟုတ်) လို့လည်း အာရက္ခတပ်တော်  AA က သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အမ်းမြို့နယ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို CDF-Asho ဖမ်းဆီးရမိ (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ ယောက်ကို မကွေးတိုင်း ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၃ ရက်နဲ့ ၄ ရက်အတွင်း ဖမ်းဆီးမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) CDF-Asho ထံက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာသည့် စစ်အုပ်စုယာဉ်အား တိုက်ခိုက်မှု ၃ ဦးသေ၊ ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း လောင်းလုံးမြို့ပေါ် ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးမင်းသိန်းရဲ့ ကားကို ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ Launglone Peninsula Force ထံက သိရပါတယ်။
Read More

အမ်း-ပဒါန်းလမ်းမပေါ် စစ်တပ်ရိက္ခာယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ယောက်ထက်မနည်းသေ (ရုပ်/သံ)

မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာ အင်အား ၅၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ရိက္ခာယာဉ် ၃ စီးကို ဒီဇင်ဘာ ၄ ရက် မနေ့က နေ့လည်ပိုင်းမှာ ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့  PRA-Magway တပ်ဖွဲ့ထံက သိရပါတယ်။
Read More

သီတာယုမွန် ပျူအဖွဲ့ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီး ကားပေါ်ပါသည့် ၅ ဦးလုံး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ အဖွဲ့သားတွေ စီးနင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅ ယောက် သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ထံက သိရပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ ကမ်ပိန်း (ရုပ်/သံ)

“ကျနော်တို့ စခန်းမှာက စားနပ်ရိက္ခာ အရမ်းခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးတော့ ကရင်နီမှာလည်း ရေကြီးမှုကြောင့် စပါးတွေက အကုန်ပျက်စီးကုန်တော့ ဝယ်စားရတော့မယ့် အခြေအနေဖြစ်တာကြောင့် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်တယ်။” လို့ ဝံပုလွေစစ်ကြောင်းက ထောက်ပို့တာဝန်ခံ ထူးယံက မောင်းကို ပြောပါတယ်။
Read More

ဒရုန်းပျံဖို့ စမ်းသပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ‌ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချနှိမ်နင်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်မှ ဇန်နဝါရီ ၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။ မှတ်တမ်းရုပ်သံဖိုင်အတွင်း ကျေးရွာတစ်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခြေမှုန်းခဲ့သလို ဒရုန်းပျံသန်းဖို့ စမ်းသပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။