ထိုင်းနိုင်ငံနယ်စပ်က မြန်မာနဲ့ ကရင်လူမျိုးတွေ အများအပြား နေထိုင်တဲ့ အုန်းဖျံမြို့မှာ ဒီဇင်ဘာလ ၁၃ ရက် ညပိုင်းက ဂီတပွဲတော် လုပ်နေချိန် ဗုံးပေါက်ကွဲပြီး ပွဲလာရောက်ကြည့်ရှုသူ ၃ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုဖြစ်တဲ့ အုန်းဖျံမြို့ဟာ မြန်မာ စစ်ဘေးဒုက္ခသည်တွေနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား နေထိုင်ပြီး ထိုင်းနိုင်ငံအတွင်း တည်ရှိတာဖြစ်ပါတယ်။
“ပွဲခင်းအနီးနားမှာ ပေါက်ကွဲတာဆိုတော့ ထိခိုက်သေဆုံးမှုတွေတော့ ရှိတာပေါ့၊ ဘယ်အဖွဲ့စည်း၊ ဘယ်သူက ဗုံးဖောက်ခွဲတယ်ဆိုတာကိုတော့ အတိအကျမသိရသေးဘူး၊ စုံစမ်းနေတုန်းပဲ၊ ဗုံးပေါက်ကွဲမှုကြောင့် ပွဲခင်းထဲလာတဲ့သူ ၃ ယောက်သေဆုံးပြီး ၅ ယောက်ကတော့ အပြင်းအထန်ဒဏ်ရာတွေရရှိထားတယ်” လို့ ပွဲသွားရောက်ကြည့်ရှုခဲ့သူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
” မြန်မာပြည်နဲ့လည်း အရမ်းမဝေးဘူး၊ မြဝတီဘက်မှာ တိုက်ပွဲတွေဖြစ်တုန်းကလည်း မြန်မာစစ်တပ်ကပစ်တဲ့ လက်နက်ကြီးတွေ ကျဖူးတယ်၊ မြန်မာစစ်ဘေးရှောင်တွေနဲ့ မြန်မာရွှေပြောင်းလုပ်သား အများအပြားနေထိုင်တဲ့ဒေသတစ်ခုပဲ၊ အခုလိုဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြန်မာပြည်ကနေ စစ်မှု့ထမ်းဥပဒေကိုရှောင်လာတဲ့သူတွေ၊ တရားမဝင်နေထိုင်တဲ့သူတွေ အနည်းနဲ့အများ အသွားအလာအနေအထိုင်တွေ ဆင်ခြင်သင့်တယ်” လို့လည်း ပွဲကိုသွားရောက်ခဲ့သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သူတွေကို အကြမ်းဖက်စစ်တပ်က လိုက်လံဖမ်းဆီးခဲ့တာတွေကြောင့် မြန်မာပြည်ကနေ နေရပ်စွန့်ခွာပြီး လွတ်မြောက်ဒေသတွေမှာ ရရာအလုပ်လုပ်ကိုင်ကာ ရှောင်တိမ်းနေရသူ အများအပြားရှိခဲ့သလို ထိုင်းနိုင်ငံနယ်စပ် ဒေသမှာလည်း ခိုအောင်းနေရသူ အများအပြားရှိနေတာဖြစ်ပါတယ်။
ပုံစာ – ဗုံးပေါက်ကွဲပြီးနောက် ပုံရိပ်များ…
0 Shares:
You May Also Like
Read More

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇန်နဝါရီလမှာကြားနာမည်

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော

"သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်" လို့ လွေးယေဦးက ပြောပါတယ်။
Read More

တရုတ်နည်းတူ ရုရှားလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကူညီမယ်လို့ ဆိုပြန်

တရုတ်နိုင်ငံလိုပဲ ရုရှားကလည်း စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။
Read More

5.18 ဂွမ်ဂျူးဒီမိုကရေစီတော်လှန်‌ရေး ၄၅ နှစ်မြောက် အောက်မေ့ဘွယ်အခမ်းအနားများကို NUG ကိုယ်စားလှယ်ရုံးနှင့် မြန်မာတော်လှန်လူငယ်များ တက်ရောက်…

တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းဝင်နေ့ဖြစ်တဲ့ ၁၉၈၀ ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူးမြို့ကနေ စတင်ကာ နိုင်ငံအနှံ့ ပျံ့နှံခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးရဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရဲ့ ဦးဆောင်မှုနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေက ရဲဘော်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထိုင်းက လူသားချင်းစာနာမှုအဖြစ် မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်း လှူဒါန်း

မြန်မာပြည်သူတွေအတွက် ဘတ်ငွေ ၉သန်းလှူဒါန်းမှုကို ထိုင်းအစိုးရက အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးစင်တာ (AHA Center for Humanitarian Assistance on AHA Center) ကတဆင့် လွှဲပြောင်းပေးအပ်လိုက်ပြီလို့ Bangkok Post မှာ ရေးသားဖော်ပြထားပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။