စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်ကောင်စီတပ်တွေက လူငယ်အယောက် ၂၀ ထက်မနည်းကို စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သတင်းရရှိပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကတည်းက ရေဦးမြို့ပေါ်ရှိ ရွှေပြည်သာ၊ အောင်မင်္ဂလာ၊ ဗိုလ်အောင်ဇေယျ စတဲ့ ရပ်ကွက်တွေကို အဓိကထားပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတာပါ။
“အောင်မင်္ဂလာရပ်ကွက်က လူငယ်(၁၀)ယောက် အပါအဝင် ဗိုလ်အောင်ဇေယျရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်က စုစုပေါင်း အယောက်၂၀ထက်မနည်း ပါသွားပြီလို့သိရတယ်။” လို့ People’s Defense Comrade ရဲ့ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က မောင်းသတင်းဌာနကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အောင်မင်္ဂလာရပ်ကွက်က လူငယ် ၁၀ ယောက်နီးပါး ပါဝင်ပြီး စစ်ကောင်စီတပ်တွေက နေ့ဘက်ပါမရှောင် နေအိမ်တွေထဲအထိပါ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာလည်း ရေဦးတိုင်းရင်းဆေးရုံအတွင်းမှာ စစ်သင်တန်းဆင်းပွဲကို စစ်ကောင်စီက ပြုလုပ်ခဲ့ရာ လက်ရှိ သင်တန်းဆင်းထားတဲ့ တပ်သားသစ်တွေကို ပွင့်လင်းရာသီမှာ စစ်ကြောင်းထိုး၊ ကျေးရွာတွေကို မီးရှို့ရှင်းလင်းဖို့ အထိပါ ပြည်သူ့စစ်ခေါင်းဆောင် ဝါသဝကနေ စေခိုင်းလှုံ့ဆော်နေတယ်လို့ သိရပါတယ်။
ကိုထူးခန့်ဇော်က ဆက်လက်ပြီး “ပေါ်တာဆွဲနေတာ ၃/၄ ရက်ရှိနေပြီ။ ခေါ်သွားတဲ့ သူတွေကို ရေဦးတိုင်းရင်းဆေးရုံအတွင်းနဲ့ အထက(၁)ကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့သိရတယ်။ သင်တန်းဆင်းပေးထားတဲ့ လူငယ်တွေရဲ့မိသားစုဝင်တွေကိုလည်း ဆန်နဲ့ ငွေသားတချို့ ပေးတာတွေ ရှိတယ်လို့ သိရတယ်။ သင်တန်းဆင်းထားတဲ့ လူငယ်တွေကို မြို့ပြင်ကို လုံးဝထွက်ခွင့်မပေးပါဘူး။” လို့ ဆိုပါတယ်။
လူငယ်တွေ အခုလို ပေါ်တာဆွဲခံရတာနဲ့ ပတ်သက်ပြီး ပြည်သူ့ရင်ခွင်အဖွဲ့ကလည်း သူတို့ဆီ လာရောက်ဆက်သွယ် တိုင်ပင်နိုင်သလို စစ်ကောင်စီတပ်ဆီကနေ လက်နက်နဲ့ရော လက်နက်မဲ့ပါ စွန့်ခွာနိုင်ရေးကို ကူညီဆောင်ရွက်ပေးမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကောင်စီ စုဆောင်းထားတဲ့ စစ်မှုထမ်းသင်တန်း တက်ရောက်ရမယ့်လူငယ်များ…
0 Shares:
You May Also Like
Read More

ရေဖြူနယ် ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦး အလင်းဝင်ရောက်လာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရန်ကင်းတံတား ကာကင်းစခန်းက စစ်ကော်မရှင်တပ်သားတစ်ဦးဟာ ၄င်းတို့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ရန်ကင်းကျေးရွာ၊ ရန်ကင်းတံတား ကာကင်းစခန်းမှာ တာဝန်ကျနေတဲ့ ခလရ (၂၅) တပ်ရင်းက တပ်သား ဦးဇင်မင်းဟာ Dawei Guerrilla Revolutionary Force - DGRF တပ်ဖွဲ့ထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရတာပါ။
Read More

TNLA စိုးမိုးနယ်မြေများမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၃) ဦး သေဆုံး၊ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၄) ဦး ထိခိုက် ဒဏ်ရာရ

တအာင်းတပ်မတော် (TNLA) စိုးမိုးနယ်မြေတွေမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ (၃) ယောက် သေဆုံးပြီး ဒေသခံ (၅) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာတွင် ရိက္ခာပို့ အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁ နာရီကြာတိုက်ပွဲ ဖြစ်ပွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ရွှေဂူနီဘုရားဝန်းအတွင်းက စစ်အုပ်စုတွေဆီ ရိက္ခာလာပိုတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ မုံရွာအခြေစိုက်တော်လှန်​ရေးတပ်တွေ ကျောက္ကာလမ်းပိုင်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ဆီက သိရပါတယ်။
Read More

ရေစကြိုနယ်က ထွက်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ဗိုလ်ကြီးတစ်ဦးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရတဲ့အတွက် ဗိုလ်ကြီးတစ်ယောက်အပါအဝင် ၃ ယောက်သေဆုံးသွားတယ်လို့ ရေစကြိုမြို့နယ် ပကဖ ရဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ နိုဝင်ဘာ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်မှာ ရေစကြိုမြို့နယ် တပ်၃တပ်က အင်အား (၅၀) ဝန်းကျင်နဲ့ စုပေါင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပေကုန်းကျေးရွာရေတံခါးအနီး လမ်းကင်းယူနေချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး သဝဏ်လွှာ ပေးပို့၊ တော်လှန်ရေးမှာ AA အပေါ် ယုံကြည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဆို

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နှင့် ခင်ပွန်းကို သတ်ခဲ့သည့် တရားခံ ၄ ဦးဟာ ပြည်သူ့စစ် တပ်သားဟောင်းများ ဖြစ်

တနင်္သာရီတိုင်း၊ ပုလဲမြို့မှာ နေထိုင်တဲ့ CDM ကျောင်းဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ခဲ့တဲ့ တရားခံ ၄ယောက်ဟာ ပြည်သူ့စစ် တပ်သားဟောင်းတွေဖြစ်တယ်လို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။