ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ မြို့စိုးတံတားစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၇ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့ထံက သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေ ထိခိုက်မှုရှိခဲ့ပေမယ့် အရေအတွက်ကို မြေပြင်အခြေအနေအရ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို အုတ်တွင်းမြို့နယ် ပကဖ Drone အဖွဲ့နဲ့ တပ်ရင်း(၃၅၀၂) Deltaone drone force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂိတ်ချ ပိုက်ဆံတောင်းနေသည့် ရဲ ၂ ယောက် တိုက်ခိုက်ခံရပြီး ၂ယောက်လုံး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်ကြောင်းကို မုံရွာ-အရာတော်လမ်းပိုင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-အရာတော်လမ်းပိုင်း တစ်လျှောက် ဇန်နဝါရီ ၅ ရက်ကနေ ၁၈ ရက်အထိ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force-Monywa က ထုတ်ပြန်ထားပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်မှု ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၊ စစ်သား ၁၀ ဦးခန့် ထိခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူတပ်မ ၁၀၁ ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းအား ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက်ခန့်ထိခိုက်မှုရှိခဲ့တယ်လို့ Garuda Secret Force က ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။)
Read More

နွားထိုးကြီးတွင် စစ်ကော်မရှင်ကား ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေ၊ သေနတ် ၄ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်သားတွေ စီးနင်းလာတဲ့ကားကို ပြောက် ကျားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာက စစ်ကောင်စီအမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် ၃၁၈ ကို အောက်တိုဘာ ၈ ရက်မှာ SDDF Missile Team က ထုတ်လုပ်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Southern Military Region အဖွဲ့ထံကနေ သိရပါတယ်။