စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းက ​ကျွန်းလှမြို့နယ်အပါအဝင် မြို့နယ်၃ခုက ကျေးရွာတွေမှာ စစ်ကြောင်းဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ အရပ်သားပိုင် တန်ဖိုးကြီးပစ္စည်းတွေ ခိုးယူသယ်ဆောင်ရင်း ကြီးပွားနေကြကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့  နိုဝင်ဘာလ ၂၀ရက်နေ့ကစပြီး ကျွန်းလှမြို့ပေါ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပျူစောထီးတွေအထိုင်ချထားတဲ့  ကံပေါက်ရွာကို ဝင်ရောက်ပြီး အဲဒီကတဆင့် မြောက်ဘက်မှာရှိတဲ့ ကုက္ကိုကုန်းရွာဆီ စတင်ဝင်ရောက်တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ အင်အား၂၀၀ ပါ အဲ့ဒီစစ်ကြောင်းဟာ၂၀၁၅ ရွေးကောက်ခံကြံခိုင်ရေးအမတ် ဦးကျော်ညွန့်ရဲ့ဇာတိရွာဖြစ်တဲ့ ကုက္ကိုကုန်းရွာတိုက်နယ်ဆေးရုံထဲဝင်ရောက်တပ်စွဲရင်း ကုက္ကိုကုန်းရွာအပါအဝင်အနီးအနားက မဒေါက် ၊ လွှတ်တိုက်နဲ့ ဆွဲလှဲရွာတွေကို ၆၀ မမ ဒရုန်းဗုံးသီးကြဲတာတွေ၊ Mi35ရဟတ်ယာဥ်တွေနဲ့ လေကြောင်းပစ်တာတွေလုပ်ဆောင်ရင်း ရွာတွေထဲ ၂ ကြိမ်စီ ဝင်ရောက် မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒီအထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား၁ယောက်လည်း သေဆုံးခဲ့ရပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ အထက်ပါ ရွာတွေကို တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီးတန်ဖိုးကြီးပစ္စည်းတွေကိုလည်း အထိုင်ချရာ ကံပေါက်ကျေးရွာ ပျူစောထီးစခန်းဆီ ကားတွေနဲ့ သယ်ဆောင်သွားကြ​ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

” ဒီလိုရွာတွေထဲစစ်ကြောင်းဝင်ပြီးပစ္စည်းယူတာကအရင်ကတည်းကပါ။ ကောင်းတဲ့အိမ်တွေဆို မီးမရှို့ဘူး။ ဆန်ရှိဆန်နှိုက်တယ်။ လှောင်ထားတဲ့  စပါးရှိ စပါးနှိုက်တယ်။ သီးနှံတွေယူတယ်။ မွေးမြူရေးတိရစ္ဆာန်တွေသယ်တယ်။ သတ်စားတယ်။ သူတို့စစ်ကြောင်းဝင်တဲ့ ကျွန်းလှမြို့နယ်ထဲက ရွာတွေဆို သဖန်းဆိပ်ဆည်နဲ့ နီးတယ်။ ရွှေတို့ တောင်ယာတို့လုပ်တယ်။ ဆွဲလှဲတို့ လွှတ်တိုက်တို့ဆို ဆိပ်ကမ်းတွေရှိတယ်။ စစ်ရှောင်နေရတာက ၃မြို့နယ်အစပ်ဖြစ်သွားတာပေါ့” လို့ ကျွန်းလှ- ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က မောင်းကိုပြောပါတယ်။

အခုလိုမျိုး စစ်ကြောင်းဝင် မီးရှို့ရာ ကျေးရွာတွေထဲက  ခိုးယူသယ်ဆောင်လာတဲ့ ပစ္စည်းဥစ္စာတွေနဲ့ပဲ စစ်အုပ်စုအဖွဲ့ဝင် ပျူစောထီးမိသားစုတွေကြား ရွှေ၊ ငွေစုဆောင်းနိုင်တာမျိုးနဲ့ တိုက်တာ အဆောက်အဦးတွေနဲ့ပါ နေထိုင်လာနိုင်ကြကြောင်းသိရပါတယ်။

နှစ်ပတ်ကျော်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကြောင့် ကျွန်းလှ၊ ကန့်ဘလူနဲ့ ကောလင်းမြို့နယ်တွေက ကျေးရွာပေါင်း၂၀ မှာ အရပ်သား​​ပေါင်း ၂ သောင်းနီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လှည်းကူး ခရိုင်ထွေအုပ်ရုံးကို Yangon Army (YA) အဖွဲ့က ပြင်းအားမြင့် မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

"ခရိုင်အဆင့်အုပ်ချုပ်စီမံလုပ်တဲ့နေရာပါ၊ ဒါပေမယ့်ရုံးမှာ စခတွေမရှိဘူး၊ ပျူတွေဘဲစောင့်ကြတော့တယ်၊ ထိကြဖို့များတယ်၊ မိုင်းကွဲအားပြင်းပါတယ်။" လို့ Yangon Army (YA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ သင်တန်းသား ၂၀၀ ကျော်ပါ စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲကို မနေ့က အောက်တိုဘာ ၇ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသား ရဲဘော်အသစ် ၂၀၀ ကျော်ကို ၄လကျော်ကြာ သင်ကြားပေးခဲ့ပြီးနောက် အခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Read More

အစိုးရအဖွဲ့တွင် ချန်လှပ်ခံခဲ့ရသည့် ဦးမိုးဇော်ဦးအား နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် NUG ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းရာမှာ ပြန်လည်မပါဝင်ခဲ့တဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကို နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း NUG က ဒီဇင်ဘာလ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမထဲကို စစ်ကူလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး

“တကယ်တော့ သူတို့က တပ်ကျိုးသွားတယ် ပြောရမယ် စစ်ကြောင်းစတက်လာကတည်းက မုက္ခာဆည်မှာ ရေဆင်းကူ;တဲ့ စခ ၁ကောင် မြွေကိုက်သေပြီး ၁ကောင်က ရေနစ်သေထားတာ အဲ့တာကို အင်အားထပ်ဖြည့်ပြီး တက်လာတာ… အဲ့တာကို စောင့်ကြိုတိုက်ပါ”
Read More

စာသင်ကျောင်းများကို ဗုံးကြဲ၊ လူငယ်များကို သေတွင်း ပို့နေသည့် စစ်ခေါင်းဆောင်က နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာတတ်များ လိုအပ်ဟု ပြောပြန်

နိုင်ငံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပညာတတ်တွေပေါများဖို့ လိုအပ်တယ်လို့ အာဏာသိမ်းအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပြန်ပါပြီ။
Read More

အောက်တိုဘာလအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားပြီး စစ်တပ်ဘက်က ၂၉ ယောက်သေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၂၉ ယောက် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။