စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားတွေအပေါ် ဖိနှိပ်ခေါင်းပုံဖြတ်တာတွေ များလာတဲ့ ရန်ကုန်တိုင်းထဲက တရုတ်နိုင်ငံသားပိုင် စက်ရုံ ၂ ခုကို မိုင်းခွဲသတိပေးခဲ့ကြောင်း The Grand Unsung အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၂ရက် ညပိုင်းက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ ပေါင်ချိန်စက်ရုံနဲ့ လှိုင်သာယာမြို့နယ်က Thun Than Win ဖိနပ်စက်ရုံ တို့ကို The Grand Unsung ပြောက်ကျားတပ်ဖွဲ့ဝင်တွေက သတိပေးရုံသက်သက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို ထောက်ပံ့တာ၊ အလုပ်သမားဝန်ထမ်းတွေအပေါ် ခေါင်းပုံဖြတ်ဖိနှိပ်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို စစ်တပ်နဲ့ပေါင်းပြီး ပေါ်ပေါ်ထင်ထင်လုပ်ဆောင်နေတဲ့အတွက် အခုလိုသတိပေးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ The Grand Unsung အဖွဲ့က ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်

“အလုပ်သမားတွေကို လုပ်ခလစာတွေ လုပ်အားခေါင်းပုံဖြတ်တယ်။ လုပ်ခလစာတိုးအောင် ဆန္ဒတွေပြကြတော့လည်း စက်ရုံတာဝန်ရှိသူတွေက စစ်တပ်ကိုခေါ်ပြီး ဖြေရှင်းခိုင်းတယ်။ အဆိုးဆုံးအချက်က စစ်တပ်ကို ထောက်ပံ့တာပါပဲ။ အခုက အာဏာမတရားသိမ်းထားတဲ့အချိန်ဆိုတော့ စစ်တပ်နဲ့ ပေါင်းနေတဲ့ စက်ရုံတွေအကြိုက်ပေါ့” လို့ The Grand Unsung အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ခွင် ဖိနှိပ်ခေါင်းပုံဖြတ်မှုတွေ များလာသလို အမျိုးသားအလုပ်သမားတွေကိုလည်း စစ်မှုထမ်းဥပဒေနဲ့ စာရင်းပေး ဖမ်းဆီးခိုင်းတဲ့ လုပ်ငန်းရှင်တွေရှိတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေထံက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် ပန်းပုစက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်အာဏာပိုင်တွေအပေါ် မကျေနပ်တဲ့ ဆန္ဒပြပွဲတွေရှိခဲ့ပါသေးတယ်။

တိုက်ခိုက်ခဲ့သည့် စက်ရုံပြမြေပုံ

လက်ရှိမှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့အပေါ် တရုတ်အစိုးရက ဝင်ရောက်စွတ်ဖက်မှုတွေ ရှိနေသလို တော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်း ခြိမ်းခြောက်တာမျိုးတွေ ရှိလာနေပါတယ်။

ဒီအတွက် စစ်တပ်နဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့ ပြည်တွင်းက တရုတ်လုပ်ငန်းစု စီးပွါးရေးလုပ်ငန်းတွေကို လိုအပ်သလို ထပ်မံတိုက်ခိုက်သွားဖို့ရှိတဲ့​အကြောင်းလည်း The Grand Unsung အဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ

တောင်သာမှာ စစ်အုပ်စုက တိုက်ပွဲမရှိတဲ့ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရ
Read More

ပွင့်ဖြူနှင့် စလင်းတွင် စစ်အုပ်စုက ခရီးသည်ကားများကို ပစ်မှတ်ထားပြီး လူငယ်များကိုပေါ်တာဆွဲ၊ ၂ လအတွင်း လူငယ် ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရေးမြို့နယ် ချောင်းတောင်ဂိတ်က စစ်သားတွေ ခရီးသွားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်း​တောင်ဂိတ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေက ခရီးသွားတွေကို မသင်္ကာလို့ဆိုပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုစစ်ဆေးရာမှာ ဆေးပြားတွေ အသင့်ဆောင်ထားကာ ခရီးသွားပြည်သူတွေဆီမှာ ရှာတွေ့တယ်ဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးကော်မရှင်ဟုဆိုပြီး ဖွဲ့စည်း

လျှပ်စစ်မီး လုံလောက်စွာမပေးနိုင်တဲ့ စစ်ကောင်စီက လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင်ကို စတင်ဖွဲ့စည်းလိုက်တယ်လို့  စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အကြမ်းဖက်စစ်တပ် စစ်မှုထမ်းအင်အား သုံးပြီး မြေပြန်ဒေသတွင် ရွေးကောက်ပွဲအတု နယ်မြေစိုးမိုးရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအကြို မြေပြန့်ဒေသ နယ်မြေစိုးမိုးရေးအဖြစ် အင်ပြည့်အားပြည့်နဲ့ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းအင်အားတွေကို အဓိက အသုံးချလာကြောင်း၊ သင်တန်းကာလနဲ့ သင်တန်းကျောင်းတွေကိုလည်း အရင်ထက်ပိုပြီး တိုးချဲ့ဖွင့်လှစ်လာကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ  ကိုနောင်ရိုးက မောင်းကို ပြောပါတယ်။
Read More

ဘိုကလေးမြို့နယ်အတွင်း ခိုးဆိုးလုနှိုက်တွေနဲ့ ထောင်ထွက်တွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ်သင်တန်း ပို့ချနေ

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ထဲက ခိုးဆိုးလုနှိုက် လုပ်နေသူတွေနဲ့ ရာဇဝတ်မှုတွေကြောင့် ထောင်ကျထားပြီး ထောင်ကပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အကြမ်းဖက်စစ်တပ်က စစ်သင်တန်းနဲ့ လက်နက်ငယ် ပစ်ခတ်မှုသင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။