အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC အနေနဲ့ အမြန်ဆုံး ဖမ်း၀ရမ်းထုတ်ပေးနိုင်ဖို့ တောင်းဆိုတိုက်တွန်းလိုက်ကြောင်း မန္တလေး အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
မင်းအောင်လှိုင်ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ဖမ်း၀ရမ်းထုတ်ဖို့ရှိနေမှုအပေါ် အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဟာ သက်သေခိုင်လုံမှုရှိနေတဲ့အတွက် နိုင်ငံတကာရာဇဝတ်တရားရုံးအနေနဲ့ ဖမ်းဝရမ်း အတည်ပြုပြီး နိုင်ငံတကာဥပဒေတွေနဲ့ အညီ အပြစ်ပေးအရေးယူသွားနိုင်မယ်လို့ ယုံကြည်ကြောင်း အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး)က ထုတ်ပြန်ပါတယ်။
တဆက်တည်းမှာပဲ မြန်မာနိုင်ငံရှေ့နေများကောင်စီကလည်း ICC တရားရုံးက တရားသူကြီးတွေ မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပေးဖို့နဲ့ လိုအပ်သလို ဥပဒေနဲ့အညီ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ တောင်းဆိုတိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှာ ရုံးတင်စစ်ဆေးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရဲ့ အစိုးရ ရှေ့နေချုပ်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ဦးတိုက်လျှောက်ထားပြီး ဖြစ်ပါတယ်။
ICC က ဖမ်း၀ရမ်းထုတ်ပေးဖို့ တင်ပြထားမှုအပေါ် စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မင်းအောင်လှိုင် အမြန်ဆုံးဖမ်းဆီး အရေးယူနိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက ကြိုဆိုတယ်လို့ အသီးသီး ထုတ်ပြန်ထားကြပါတယ်။
စစ်ကောင်စီဘက်က ပြတ်ပြတ်သားသား ရပ်တည်လိုက်တဲ့ တရုတ်နိုင်ငံကတော့ ICC အရေးမှာ အဖြေမှန်ကို ရှာဖွေဖို့ တိုက်တွန်းပြောကြားထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ICC မှာဖမ်း၀ရမ်းထုတ်မှုဟာ တရားဝင်မှုမရှိဘဲ ကန့်ကွက်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
ICC က ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေတဲ့ကိစ္စကို နိုင်ငံတကာအဖွဲ့အစည်းတော်တော်များများက ထောက်ခံကြိုဆိုထားကြပြီး ကုလသမဂ္ဂလက်အောက်ခံ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား IIMM အနေနဲ့လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရေးယူနိုင်ဖို့ ICC တရားရုံးနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင်ထုတ်ပြန်
ကြေညာထားပါတယ်။
CC တရားရုံးဆိုတာ နယ်သာလန်နိုင်ငံမှာ တည်ရှိပြီး နိုင်ငံတကာ စစ်ရာဇဝတ်မှုကျူးလွန်သူတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေကို ဖမ်းဆီးအရေးယူဖို့ ၀ရမ်းထုတ်ပေးတာ၊ အပြစ်ပေးအရေးယူတာတွေ ပြုလုပ်တဲ့ နိုင်ငံတကာခုံရုံး ဖြစ်ပါတယ်။
ICC မှာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂၅ နိုင်ငံပါဝင်ပြီး အာဆီယံအတွင်းက တစ်ခုတည်းသော ICC အဖွဲ့ဝင်နိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံတစ်နိုင်ငံတည်းသာရှိတာပါ။
၂၀၀၂ ခုနှစ်ကစလို့ ICC ကနေ နိုင်ငံတကာမှာ ဖမ်း၀ရမ်းထုတ်ခံရသူ ၄၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ၃၀ကျော်ဟာ နိုင်ငံ့ခေါင်းဆောင်နဲ့ စစ်ခေါင်းဆောင် တချို့ပါဝင်တယ်လို့လည်း ICC မှာ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

နတ်စောင့်ရွာကို ညအိပ်ချိန် စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်နှင့် အမျိုးသမီးများအပါ ၆ ဦး သေဆုံး၊ နေအိမ် ၂၈ လုံး မီးလောင်ပြာကျ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီက ညအိပ်ချိန် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သား ၆ ယောက်  သေဆုံးပြီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တွေထံံက သိရပါတယ်။
Read More

လက်နက်ကြီးထိမှန် ကျဆုံးခဲ့တဲ့ ကဝမြို့နယ် PDF ရဲဘော်ဗထူးရဲ့ ဈာပန

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စခန်းမှူးဖြစ်သူ ရဲဘော် ထူးကိုလွင် (ခ) ဗထူးဟာ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မြို့တော်ခန်းမရှေ့တွင် ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အကြမ်းဖက်စစ်တပ်ထောက်ခံသူများဂုဏ်ပြု

ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားရုံး (ICJ ) ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုပွဲနဲ့ ဂမ်ဘီယာနိုင်ငံရဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကို ကန့်ကွက်ရှုတ်ချတဲ့ အမျိုးသားရေး ဆန္ဒဖော်ထုတ်ပွဲဟု ဆိုကာ အကြမ်းဖက်စစ်တပ်ထောက်ခံသူများက မြို့တော်ခန်းမရှေ့မှာ စုရုံးဟောပြောခဲ့ကြတယ်လို့ သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှုန်း လျော့ကျခဲ့ပေမဲ့ အရပ်သား အစုအပြုံလိုက်အသတ်ခံရမှု ပိုများလာ ‎

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနှုန်း လျော့ကျခဲ့ပေမဲ့ အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးမှုနှုန်း ပိုများလာတယ်လို့ သိရပါတယ်။ ‎ ‎တိုက်ပွဲဖြစ်ပွားနှုန်းနဲ့ ပတ်သက်ပြီး၂၀၂၅ နှင့် ၂၀၂၄ ခုနှစ် ကာလတူလေ့လာရာမှာ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၂၈ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ မြန်မာ့မူဝါဒနှင့် မူဝါဒလေ့လာရေး ( ISP Myanmar) ရဲ့ အခုနှစ် ဇန်နဝါရီထုတ် မြန်မာ့အခြေပြုစစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါဟာ တိုက်ပွဲဖြစ်ပွားမှုများတဲ့ ၂၀၂၂ ခုနှစ်နှင့်နှိုင်းယှဉ်လိုက်ရင် ၅၅ ရာခိုင်နှုန်းကျဆင်းသွားတယ်လို့လည်း ဆိုထားတာပါ။ ‎
Read More

မဲမသမာလုပ်သည်ဟုဆိုကာ ပြည်သူ့အစိုးကို အဓမ္မဖြတ်ချခဲ့သည့် စစ်တပ်က ၎င်းတို့ကိုယ်တိုင် ပြုလုပ်သော ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ရာ ကြိုတင်မဲများဖြင့် စစ်တပ်ပါတီကို အသာစီးပေးနေ

မကြာမီက ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတု အပိုင်း(၁) မှာ ကြိုတင်မဲအငြင်းပွားမှုတချို့ ဖြစ်ပေါ်ခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မန္တလေးအိုးဘို အကျဉ်းထောင် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ PPNM ထပ်မံထုတ်ပြန်အတည်ပြု …

"အဓိကရည်ရွယ်ချက်တော့ အကျဉ်းထောင်ထဲမှာ လူမသိသူမသိ သေဆုံးသွားတဲ့ဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်ဖို့ နဲ့ ထောင်ထဲမှာ အသက်ပေးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသားတစ်ယောက်ချင်းစီရဲ့ ဂုဏ်သိက္ခာ၊ သတင်းဖျောက်ဖျက်ခံလိုက်ရတဲ့အတွက် နှစ်နာခံရတဲ့ မိသားစုဝင်တွေ၊ ကိုယ်တိုင်အသက်ပေးလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အတွက် ကျနော်တို့အဖွဲ့အနေနဲ့နဲ့ တရားမျှတမှု ပြန်လည်ရရှိဖို့နဲ့ ဒီဖြစ်စဉ်က တကယ်ဖြစ်ခဲ့တယ် ဆိုတဲ့ ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကျနော်တို့က ပြည်သူလူထုကို၊ ပြီးတော့ဝေဝါးနေတဲ့သူတွေကို ကျနော်တို့အသိပေးချင်တဲ့အတွက် အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။