မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့  ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေဆုံးကာ အများအပြားထိခိုက်သွားကြောင်း သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တစ်ယောက်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တစ်​​​ယောက်လည်းရှိခဲ့တယ်လို့ Myingyan Twenty One Guerrilla Force – MTGF  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာ ၁၅ရက်နေ့က မြင်းခြံမြို့အရှေ့ခြမ်းက သဲတောကျေးရွာဆီ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

“စစ်သားနဲ့ ပျူ အင်အား ၁၀၀၊ ၁၅၀ လောက်ရှိတဲ့စစ်ကြောင်းနဲ့ နာရီဝက်လောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်ပေါ့။ ကျနော်တို့နဲ့ မီတာ ၅၀ အကွာမှာ စခတွေရှိနေချိန် ဝင်လုံး​တော့မယ့် အနေအထားကျမှ ကျနော်တို့ရဲဘော် ဖော်ကာရဲ့ ခေါင်းကိုကျည်မှန်သွားခဲ့ပါတယ်။ ပြီးတော့ အခြားတပ်ဖွဲ့က ရဲ​ဘော်လည်း ဒဏ်ရာရသွားတာကြောင့် ရဲဘော်တွေကို ဆေးခန်းပြဖို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်ခဲ့ရပါတယ်” လို့ Myingyan Twenty One Guerrilla Force – MTGF တာဝန်ရှိသူက ပြောပါတယ်။

ဒီနှစ်ဖက်ပစ်ခတ်မှုထဲ စစ်ကောင်စီဘက်က စစ်သားနဲ့ပျူစောထီး ၇ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရကာ ဆေးရုံကို အိမ်စီးကားတွေနဲ့ချက်ချင်းပို့ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ထုတ်ပြန်ကြေညာချက်

အထက်ပါပစ်ခတ်တိုက်ခိုက်မှုကို ​မြင်းခြံ 21 ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင်တပ်ရင်း ၂၊တပ်ခွဲ (၁)) နဲ့ အတူ မြင်းခြံခရိုင်တပ်ရင်း (၁)၊ 8 star Local တပ်ဖွဲ့၊ မြင်းခြံမြို့နယ် ပကဖ နဲ့ တခြား Local တော်လှန်ရေးတပ်တွေ ပါဝင်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မြင်းခြံမြို့နယ်ထဲက  ကွမ်းစိုက်နဲ့ ခြေဆေးကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးဝင်ရောက်ရင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။

“စခကတော့ ကွမ်းစိုက်ဘက်တွေရော အရင်နေရာတွေ ပြန်လိုချင်ပြီး စစ်ကြောင်းညှပ်ထိုးနေတယ်လို့ပဲ မြင်မိပါတယ်” လို့ Myingyan Twenty One Guerrilla Force – MTGF တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစလို့ မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့  မြင်းခြံခရိုင်အထူးစစ်ဆင်ရေး( MDSO) အမည်နဲ့ စစ်ရေးအရှိန်မြှင့် ဖော်ဆောင်မှုတွေရှိနေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ဆက်တိုက်ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

ဖမ်းမိခဲ့တဲ့ အုပ်ချုပ်ရေးမှူးဟောင်းကို သိန်း ၅၀၀ လက်ခံပြီး ပြန်လွှတ်ခဲ့တယ်ဆိုတာ မဟုတ်ကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊  ပုလောမြို့နယ်၊ ရှပ်ပုံစံပြကျေးရွာအုပ်စု တိုက်ပွဲအတွင်း အုပ်ချုပ်ရေးမှူးဟောင်း ၁ယောက်ကို ဖမ်းဆီးထိန်းသိမ်းရမိပြီးနောက် ကျပ်ငွေသိန်း ၅၀၀ လက်ခံကာ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာဟာ စွပ်စွဲချက်သက်သက်သာ ဖြစ်ကြောင်းကို မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းက ထုတ်ပြန်လာပါတယ်။
Read More

ဟိန္ဒူယဉ်ကျေးမှုအပေါ် အပြောင်အပျက်လုပ်ထားတဲ့ ရုံတင်ဇာတ်ကားအတွက် ထုတ်လုပ်သူနဲ့ ခွင့်ပြုတဲ့ ဘာသာရေးအဖွဲ့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ ထုတ်ပြန်

မကြာခင် ရုံတင်ပြသမယ့် “ဂျစ်ကားစီးဖူးသလား၊ ဂျားကစ်စာဘူးသရီး” ရုပ်ရှင်ဟာ မြန်မာပြည်ဖွား၊ အိန္ဒိယလူမျိုးစု၊ ဟိန္ဒိူဘာသာဝင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို လှောင်ပြောင်သရော်ထားတာကြောင့် ရုပ်ရှင်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဇာတ်ကား ခွင့်ပြုပေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူသာသာရေးဗဟိုအဖွဲ့ချုပ်တို့ကို တရားစွဲမယ်လို့ မြန်မာဟိန္ဒူသမဂ္ဂ/မြန်မာဟိန္ဒူအစည်းအရုံးကနေ ထုတ်ပြန်လာပါတယ်။
Read More

မင်းအောင်လှိုင်က သူနေ့စဥ် ဗုံးကြဲနေသည့် နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြရန် တော်လှန်ရေးတပ်များကို တိုက်တွန်း

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အောက်တိုဘာ ၁၅ ရက် ဒီနေ့ နေပြည်တော်မှာ ကျင်းပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံကို ဒုက္ခရောက်အောင် မလုပ်ကြဖို့ ပြောဆိုလာပြန်ပါတယ်။
Read More

ပေါက်မြို့နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကြောင်းမှ တပ်သား ၁ ဦး ကျန်နေရစ်ကာ လက်နက်နှင့် အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၁၈) က စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။